Friday 3 August 2012

၃၊၈၊၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းမှု

အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်"

Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှံတော့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက်တွန်းချက်အရ ထိုသို့ရင်းနှီးမြှုတ်နှံမ

ှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင်တန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အမေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကထက်စာလျှင် များစွာပြောင်းလဲလာပြီဖြစ်သော်ငြား၊ ပွင့်လင်းမြင်သာမှုမရှိသည့်ကိစ္စရပ်အချို့ရှိနေသေးကြောင်း နိုင်ငံတကာအသိုင်းအ၀န်းကပြောနေကြဆဲပင်ဖြစ်သည်။

By Popular Myanmar News Journal














“ ယုဇနပလာဇာ ပထမထပ်တွင် မီးလန့် ”

ယနေ့သြဂုတ်လ ၃ ရက်နံနက် ၁၀နာရီ၃၀ မိနစ်ခန့်တွင် ယုဇနပလာဇာ ပထမထပ်၌ မီးလန့်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ယုဇနပလာဇာ ပထမထပ်ကားပါကင်ဝင်းအတွင်း ရပ်ထားသော ကားတစ်စီးစက်နှိုးစဉ် အပူတက်၍ မီးခိုးများထွက်လာရာ ပတ်ဝန်းကျင်ဆိုင်ခန်းများမှ မီးလောင်သည်ဟု ယူဆပြီး မီးသတ်ဦးစီးဌာနသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ယင်းနေရာသို့ မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာ သာမန်မီးလန့်မှုတစ်ခုသာဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

By Popular Myanmar News Journal














ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဇနီးဒေါ်ကြိုင်ကြိုင်မိသားစု၏ ရွှေမိသားစုဖောင်ဒေးရှင်းမှ မတည် ဆောက်လုပ်လှူဒါန်းသော ခုတင် ၁၀၀ ဆံ့ သံဃာ့ဘေသဇ္ဇဋ္ဌာန ၀ိဟာရ (သံဃာ့ဆေးရုံ) အန္တရာယိက မြေသန့်နှင့် ရတနာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၉-၇-၂၀၁၂ တနင်္ဂနွေနေ့ နံ နက် ၈း၀၀ နာရီက ပျဉ်းမနားမြို့၊ ဗိုလ်တောက်ထိန်လမ်း၊ မင်္ဂလာ ရပ်ကွက် မြို့မဈေးအနီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေ
ပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ဦးကံချွန်၊ ဒေါက်တာပိုင်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမှတ်ကြီး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမျိုးအောင်၊ နိုင်ငံတော်ပြက္ခဒိန် အကြံပေးဆရာဦးကျော်၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများနှင့် ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်မှ အမှတ်(၁) ဥရုတိုင် ပန္နက်တော်ဌာနကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဗိုလ်မှူးကြီးမြင့်အောင်သန်းနှင့် ဦးကံချွန်၊ ဦးလှမြင့်ဦးနှင့် မြို့မိမြို့ဖများဖြစ်ကြသော ဦးစိုးတင့်၊ ဦးမြင့်အောင်၊ ဦးလှမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းကျော်တို့မှ မိမိတို့ သတ်မှတ်နေရာများမှ ပန္နက်တော်များကို တင်ပေးကြလျက် ပြည်ထောင်စုဝန်ကြီးက နဂါးစာကျွေးသည့် နေရာဌာနတွင် နဂါးစာကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ယခုဆောက်လုပ်သော သံဃာ့ဆေးရုံကြီး၏ မြေအကျယ်အ၀န်း မှာ ၀ .၅ ဧကရှိပြီး အလျား ၈၀ ပေ၊ အနံ ၈၀ ပေရှိ ခြောက်ထပ် သံကူကွန်ကရစ်ဆေးရုံ အမျိုးအစားဖြစ်ပြီး မြေညီထပ်၌ အရေးပေါ်ကုသခန်း၊ စမ်းသပ်ခန်း ၄ ခန်း၊ တယ်လီဗေးရှင်းဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ဆေးဆိုင်ခန်းများနှင့် ပထမထပ်တွင် ကာယသုခခန်း၊ သွားကုသခန်း၊ မျက်စိကုသခန်းများအပြင် နား၊ နှာခေါင်း၊ လည်ချောင်းဆေးကုခန်းများ ထားရှိမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ ဒုတိယထပ်တွင် ခွဲစိတ်ခန်းအပါအ၀င် အစာအိမ်အူလမ်းကြောင်း ကြည့်မှန်ပြောင်းခန်း၊ မှန်ပြောင်းကြည့် လူနာစောင့်ခန်း၊ ခွဲစိတ်လူနာစောင့်ခန်းနှင့် Sterile နေရာများ ရှိနေမှာဖြစ်ပြီး တတိယထပ်တွင်မူ သီလရှင်များအတွက် ခုတင် ၃၀ ဆံ့လူနာဆောင်နှင့် ခုတင် ၈ လုံးဆံ့ အထူးကြပ်မတ်ကုသခန်းတို့နှင့်အတူ စတုတ္ထထပ်တွင် ခုတင် ၂၄ လုံးဆံ့ လူနာဆောင်နှင့် အထူးခန်း ၄ ခန်းနှင့် အတူ ခုတင် ၁၀ လုံးဆံ့ လူနာခန်းတို့ဖြင့် တည်ဆောက်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အဆိုပါသံဃာ့ဆေးရုံကြီး တည်ဆောက်မှုအတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ ခန့် ကုန်ကျလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref:မြန်မာသံတော်ဆင့်

By News of Myanmar














ရိုဟင်ဂျာများ အကာအကွယ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များကို အကာအကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသို့ အမေရိကန်နိုင်ငံ ၀ါရှင် တန် အခြေစိုက် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သော Council on American-Islamic Relations (CAIR) အဖွဲ့က စာရေးသားပေးပို့၍ တိုက်တွန်း လိုက် သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆု
ံးသတ်ရန်၊ နိုင်ငံ တကာမှ အကူ အညီ ပေးရေးအဖွဲ့များနှင့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် တိုက်တွန်းထားသော စာကို မြန်မာ သမ္မတ ဦးသိန်းစိန်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန်စာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သို့ လည်းကောင်း ပေးပို့ကြောင်း သိရသည်။

By Irrawaddy














ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟု စာတန်းများ ကိုင်ဆောင်ပြီး ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ၏ သဘောထားကို ထောက်ခံကြောင်း ကြွေးကြော်ခြင်း၊ ထောက်ခံကြောင်း စာတန်းများ ကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော် သီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

By Eleven Media Group














ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက် ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

By 7Day News Journal













ရန်ကုန်ရှိ ရခိုင်များ UNHCR ရုံးရှေ့တွင် ဆန္ဒပြ
===================================
သောင်းထွန်း
===================================
ရန်ကုန်မြို့ပေါ်ရှိ ရခိုင်လူမျိုး ၅၀ ဦးခန့် သည် ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် မြေနီကုန်းရှိ UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ဆန္ဒဖော်ထုတ်ပြသရာတွင် ရိုဟင်ဂျာ လက်မခံ ၊ သမ္မတ ဦးသိန်းစိန်ကိုထောက်ခံသည် စသည့် စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြသ ခဲ့ကြောင်း သိရသည်။ 

ယင်းဆန္ဒပြသမှုသည် အချိန်အားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်းသိရသည်။

By Yangon Media Group









ဆန်စပါးကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံတော်အဆင့် ဆန်စပါးကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ လာမည့် စက်တင်ဘာလအတွင်း ကျင်းပ ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို သမ္မတရုံး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တ၀န်းလုံးရှိ လယ်သမားအရေး ကိစ္စများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့မှုဆို

င်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်းဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း ဆွေးနွေးသွားကြမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ဆွေးနွေးပွဲအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူများကို သြဂုတ် ၁ ရက်နေ့က ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

By Irrawaddy














ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက သူ၏မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်ခဲ့ကြောင်း ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးမှသိရသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ယနေ့ ညနေ ၃ နာရီအချိန် ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ်၌ပင် ရှိနေသေးပြီး အောက်ခြေ ကျေးရွာများအထိ ကွင်းဆင်းသွားသည့်အတွက် အသေးစိပ်အချက်အလက်အား ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

By Popular Myanmar News Journal














လက်ရွေးစင်နှင့် ခြေစမ်းမည့် MNL ALL-Star အသင်း လူစာရင်း ထုတ်ပြန် ကြေညာ

သြဂုတ်လ ၁၅ရက်နေ့တွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် MNL All-Star အသင်း၏ လူစာရင်းအား ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ လူစာရင်းတွင် MNL ကလပ်အသင်း များမှ နိုင်ငံခြားသား ကစားသမား (၁၈)ဦးနှင့် လက်ရွေးစင် အသင်းမှ ပဏာမ ဂိုးသမား နှစ်ဦးဖြစ်သည့် မျိုးမင်းလတ်နှင့် ထွန်းလင်းစိုးတို့ ပါဝင်မည် ဖြစ်ကြေ
ာင်း သိရသည်။ ထိုအသင်းအား ရတနာပုံ အသင်း၏ နည်းပြချုပ် ဘော်ရ်ဂျီစ်က နည်းပြအဖြစ် တာဝန်ယူမည် ဖြစ်ကာ လက်ထောက် နည်းပြနှင့် ဂိုးနည်းပြ ရာထူးအတွက် ရတနာပုံမှ ဦးအောင်ကျော်ထူးက တာဝန်ယူမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်နှင့် MNL All-Star အသင်းမှာ မသန်စွမ်း အားကစားသမား များအတွက် ရံပုံငွေ ပွဲတစ်ရပ် အဖြစ် လာမည့် သြဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

MNL All-Star အသင်း - မျိုးမင်းလတ် (ဂိုး - ဇေယျာရွှေမြေ)၊ ထွန်းလင်းစိုး (ဂိုး-မနောမြေ)၊ အန်ဒရေ (ရက္ခပူရ)၊ နီကိုလာ၊ နယူချီ၊ ဆီဇာ (ရန်ကုန်)၊ မာဆီယို၊ ဒီဂျန်၊ ကိုနေ အဒမ်မာ (ရတနာပုံ)၊ ကမ်ဘူး (မနောမြေ)၊ ဆာဆာ၊ ချူကွာဇူ (ဇေယျာရွှေမြေ)၊ နူးနက်စ်၊ ချားစ်အိုဘီ (ကမ္ဘောဇ)၊ ဂျူနီယာ (ဟံသာဝတီ)၊ လီယန်ဒရို (နေပြည်တော်)၊ လောင်ဂူး၊ ပက်ထရစ် (ဇွဲကပင်)၊ ဂျွန် (ဧရာဝတီ)၊ ကိုနေး (မကွေး)

By Soccer Myanmar














ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖျက်စီးမှုများကြောင့် ပျက်စီးယိုယွင်းသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံပြုပြင်ခြင်းနှင့် ပညာရေးသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးတွက် ရံပုံငွေစင်တင်တေးဂီတပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Wave Myanmar အဖွဲ.မှ ကိုစောဟောရှေးက ပြောကြားသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက် တနင်္ဂနွေနေ့ တွင် ဒဂုံ
မြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ရံပုံငွေ စင်တင်တေးဂီတ တရပ်အား ရခိုင်အမျိုးသားကွန်ရက်၊ WAVE Myanmar၊r နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့တို့မှ ဦးဆောင်လျှက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

" ပညာရေးကို ဦးတည်တဲ့ ပွဲပါ။ ၀င်ကြေး ၁သောင်း၂ထောင်လောက် ယာယီသတ်မှတ်ထားတယ် " ဟု ကရင်အမျိုးသားစောဟောရှေးက ဆိုသည်။
အဆိုပါ ရံပုံငွေတေးဂီတအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဇွန်လအတွင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်စီးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံရန်နှင့်၊ ကျောင်းသူ/သားများအတွက် လတ်တလောလိုအပ်လျှက်ရှိသော သင်ထောက်ကူ ပစ္စည်းများ အချိန်မှီထောက်ပံ့ နိုင်ရေးအတွက် ဤရန်ပုံငွေတေးဂီတအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

By The Voice Weekly














မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။

By Eleven Media Group














အဆိုတော်ဇော်ဝင်းထွဋ်၏သားဖြစ်သူ ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့်ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင်သမီး မမြင့်မြတ်သူတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပေါင်းသင်းနေထိုင်စဉ်တွင် ခွင့်မလွှတ်နိုင်သောလုပ်ရပ်များကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးချုပ်ဒုတိယမြို့နယ်တရားသူကြီး (၂) ရှေ့တွင် လက်မှတ်ရေးထိုးကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ် သည်ဟုဖော်ပြထားသည်။

ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးအနေဖြင့် ဒေါ်မြင့်မြတ်သူ၏ ဂုဏ်သိက္ခာကျဆင်းစေမည့်အပြောအဆို အပြုအမူများလုံးဝမပြုလုပ်ရန် အကြောင်းကြားသတိပေးပါကြောင်း အများသိစေရန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

By 7Day News Journal














ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၃

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွား အပြီး ပထမဆုံး အကြိမ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် ရခိုင်ပြည်နယ် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

“စစ်တွေမြို့ထဲကိုတောင် မ၀င်ခဲ့ဘူး“ ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
 စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

By The Voice Weekly














အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်"

Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှံတော့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက်တွန်းချက်အရ ထိုသို့ရင်းနှီးမြှုတ်နှံမ
ှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင်တန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အမေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကထက်စာလျှင် များစွာပြောင်းလဲလာပြီဖြစ်သော်ငြား၊ ပွင့်လင်းမြင်သာမှုမရှိသည့်ကိစ္စရပ်အချို့ရှိနေသေးကြောင်း နိုင်ငံတကာအသိုင်းအ၀န်းကပြောနေကြဆဲပင်ဖြစ်သည်။

By Popular Myanmar News Journal














ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟု စာတန်းများ ကိုင်ဆောင်ပြီး ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ၏ သဘောထားကို ထောက်ခံကြောင်း ကြွေးကြော်ခြင်း၊ ထောက်ခံကြောင်း စာတန်းများ ကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော် သီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

By Eleven Media Group














ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက် ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

By 7Day News Journal














ရန်ကုန်ရှိ ရခိုင်များ UNHCR ရုံးရှေ့တွင် ဆန္ဒပြ
===================================
သောင်းထွန်း
===================================
ရန်ကုန်မြို့ပေါ်ရှိ ရခိုင်လူမျိုး ၅၀ ဦးခန့် သည် ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် မြေနီကုန်းရှိ UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ပြသရာတွင် ရိုဟင်ဂျာ လက်မခံ ၊ သမ္မတ ဦးသိန်းစိန်ကိုထောက်ခံသည် စသည့် စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြသ ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြသမှုသည် အချိန်အားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်းသိရသည်။

By Yangon Media Group














ဆန်စပါးကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံတော်အဆင့် ဆန်စပါးကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ လာမည့် စက်တင်ဘာလအတွင်း ကျင်းပ ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို သမ္မတရုံး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တ၀န်းလုံးရှိ လယ်သမားအရေး ကိစ္စများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့မှုဆို
င်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်းဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း ဆွေးနွေးသွားကြမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ဆွေးနွေးပွဲအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူများကို သြဂုတ် ၁ ရက်နေ့က ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

By Irrawaddy














ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက သူ၏မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်ခဲ့ကြောင်း ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးမှသိရသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ယနေ့ ညနေ ၃ နာရီအချိန် ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ်၌ပင် ရှိနေသေးပြီး အောက်ခြေ ကျေးရွာများအထိ ကွင်းဆင်းသွားသည့်အတွက် အသေးစိပ်အချက်အလက်အား ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

By Popular Myanmar News Journal














လက်ရွေးစင်နှင့် ခြေစမ်းမည့် MNL ALL-Star အသင်း လူစာရင်း ထုတ်ပြန် ကြေညာ

သြဂုတ်လ ၁၅ရက်နေ့တွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် MNL All-Star အသင်း၏ လူစာရင်းအား ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ လူစာရင်းတွင် MNL ကလပ်အသင်း များမှ နိုင်ငံခြားသား ကစားသမား (၁၈)ဦးနှင့် လက်ရွေးစင် အသင်းမှ ပဏာမ ဂိုးသမား နှစ်ဦးဖြစ်သည့် မျိုးမင်းလတ်နှင့် ထွန်းလင်းစိုးတို့ ပါဝင်မည် ဖြစ်ကြေ
ာင်း သိရသည်။ ထိုအသင်းအား ရတနာပုံ အသင်း၏ နည်းပြချုပ် ဘော်ရ်ဂျီစ်က နည်းပြအဖြစ် တာဝန်ယူမည် ဖြစ်ကာ လက်ထောက် နည်းပြနှင့် ဂိုးနည်းပြ ရာထူးအတွက် ရတနာပုံမှ ဦးအောင်ကျော်ထူးက တာဝန်ယူမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်နှင့် MNL All-Star အသင်းမှာ မသန်စွမ်း အားကစားသမား များအတွက် ရံပုံငွေ ပွဲတစ်ရပ် အဖြစ် လာမည့် သြဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

MNL All-Star အသင်း - မျိုးမင်းလတ် (ဂိုး - ဇေယျာရွှေမြေ)၊ ထွန်းလင်းစိုး (ဂိုး-မနောမြေ)၊ အန်ဒရေ (ရက္ခပူရ)၊ နီကိုလာ၊ နယူချီ၊ ဆီဇာ (ရန်ကုန်)၊ မာဆီယို၊ ဒီဂျန်၊ ကိုနေ အဒမ်မာ (ရတနာပုံ)၊ ကမ်ဘူး (မနောမြေ)၊ ဆာဆာ၊ ချူကွာဇူ (ဇေယျာရွှေမြေ)၊ နူးနက်စ်၊ ချားစ်အိုဘီ (ကမ္ဘောဇ)၊ ဂျူနီယာ (ဟံသာဝတီ)၊ လီယန်ဒရို (နေပြည်တော်)၊ လောင်ဂူး၊ ပက်ထရစ် (ဇွဲကပင်)၊ ဂျွန် (ဧရာဝတီ)၊ ကိုနေး (မကွေး)

By Soccer Myanmar














ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖျက်စီးမှုများကြောင့် ပျက်စီးယိုယွင်းသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံပြုပြင်ခြင်းနှင့် ပညာရေးသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးတွက် ရံပုံငွေစင်တင်တေးဂီတပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Wave Myanmar အဖွဲ.မှ ကိုစောဟောရှေးက ပြောကြားသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက် တနင်္ဂနွေနေ့ တွင် ဒဂုံ
မြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ရံပုံငွေ စင်တင်တေးဂီတ တရပ်အား ရခိုင်အမျိုးသားကွန်ရက်၊ WAVE Myanmar၊r နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့တို့မှ ဦးဆောင်လျှက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

" ပညာရေးကို ဦးတည်တဲ့ ပွဲပါ။ ၀င်ကြေး ၁သောင်း၂ထောင်လောက် ယာယီသတ်မှတ်ထားတယ် " ဟု ကရင်အမျိုးသားစောဟောရှေးက ဆိုသည်။
အဆိုပါ ရံပုံငွေတေးဂီတအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဇွန်လအတွင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်စီးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံရန်နှင့်၊ ကျောင်းသူ/သားများအတွက် လတ်တလောလိုအပ်လျှက်ရှိသော သင်ထောက်ကူ ပစ္စည်းများ အချိန်မှီထောက်ပံ့ နိုင်ရေးအတွက် ဤရန်ပုံငွေတေးဂီတအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

By The Voice Weekly














မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။

By Eleven Media Group














၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်

လက်ရှိအချိန်တွင် အသည်းကင်ဆာဝေဒနာခံစားနေရပြီး ကိုယ်အောက်ပိုင်းသေနေသည့် ကိုဖြိုးဝေအောင်ကို ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးကပြောပါသည်။

By Eleven Media Group














''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီစာစောင်အပိတ်ခံရ၊
အာမခံကြေးငွေ ကျပ်ငါးသိန်း နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ်သိမ်းဆည်း''

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ ၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဥိ အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝ
န်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။ အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်ထက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံသားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

By Popular Myanmar News Journal

No comments:

Post a Comment