Friday 3 August 2012

သမ္မတ၏ ရိုဟင်ဂျာ သဘောထားကို ထောက်ခံသူ အချို့ UNHCR တွင် ဆန္ဒထုတ်ဖော်

နိုင်ငံတော် သမ္မတကြီး၏အဆိုပြုချက်ဖြစ်သော ရိုဟင်ဂျာအရေး နှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ကို ထောက်ခံသော ပြည်သူ ၂၀ခန့်သည်ပြည်လမ်းစမ်းချောင်းမြို့နယ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲ့ရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေဖြင့် ယင်းသို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်သူများက တညီတညွတ်တည်း ဆိုသည်။

“ကင်တားနား ဒီရောက်နေတဲ့ အချိန်မှာ သမ္မတကြီး၏ သဘောထားကို အပြည့်အ၀ ထောက်ခံတယ်ဆိုတာကို သိစေချင် လို့ပါ“ ဟု ဦးအောင်နိုင်ထွန်းကဆန္ဒပြပွဲ၏ရည်ရွယ်ချက်ကို ရှင်းပြသည်။
အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ရန် စမ်းချောင်းမြို့နယ် ရပ်တဲဖွဲ့မှူးကို တရားဝင်လျှောက်ထားခဲ့သော်လည်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် မပေးခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရှိရသည်။

စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြအောင်ကမှု “အနည်းဆုံး ၅ရက်ကြိုတင် လျှောက်ထားရမယ်ဆိုတာကို ၄ရက်ပဲ ကြိုတင် လျှောက်ထားတဲ့ အတွက် ခွင့်ပြုချက် မပေးခဲ့တာပါ“ ဟု ၄င်းက ပြောကြားသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုသည် နာရီဝက်ခန့် ကြာမြင့်ခန့်ပြီး ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်၊ မြန်မာလူမျိုးမဟုတ်၊ လိမ်ညာ ၀ါဒဖြန့်နေ မီဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာ တိုင်းရင်းသားဟု ပြောသူများ အလိုမရှိဟု ကြွေးကြော်သံနှင့် နိုင်ငံ တော်သီချင်းကို ဆိုကာ တစ်နာရီ ၃၀မိနစ်ခန့်တွင် လူစုခွဲခဲ့သည်။





By The Voice Weekly

No comments:

Post a Comment