Friday 3 August 2012

မြေကွက်လွတ် ကိုင်ထားသူတွေ မျက်ခုံးလှုပ်လာရတဲ့အိမ်ခြံမြေ

အမြင့်ဈေးနှုန်းမှာ ကာလကြာငြိမ်နေခဲ့တဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက် မှာ လူနေကျဲပါးသေးတဲ့ မြို့ကွက်သစ် အပိုင်းတွေမှာ မြေကွက်လွတ် တွေကို များများကိုင်ထားသူတွေဟာ ဒီလအတွင်း မျက်ခုံးလှုပ်စရာ အနေအထားကို ရင်ဆိုင်နေရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ နှစ်ကုန် ပိုင်းက မြေဈေးကွက်ဟာ ဘယ်သူမှ မထင်မှတ် ထားတဲ့အနေ အထား မျိုးနဲ့ လှုပ်ခတ်ခဲ့ပါ တယ်။ အဲဒီအနေအထားမှာ ဈေးနှုန်း တွေအဆ မတန် မြင့်တက်သွား ပြီးတဲ့ နောက် ဈေးကွက်က တစ်ဖန်ပြန်လည် ငြိမ်သက်သွားပြန်ပါတယ်။

ဈေးနှုန်းငြိမ် သွားချိန်မှာ လက်ထဲမှာ မြေကွက်လွတ် တွေကို ပိုက်မိ ထားသူတွေရဲ့ အနေ အထားဟာ အခုလပိုင်းမှာ ရှေ့ရေး အတွက် ရတက်မအေးစရာအနေ အထားကို သိသိသာသာကြုံလာကြရ တာပဲ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မြေဈေးကွက် မှာ ဈေးနှုန်းတွေလှုပ်ခတ်ခဲ့တဲ့ အနေ အထားကိုကြည့်ရင် အရောင်းအ၀ယ် ခပ်သွက်သွက်ဖြစ်ခဲ့ တဲ့ ကာလက နှစ်လ ၀န်းကျင်လောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ အရောင်းအ၀ယ်က ပြန်ငြိမ်သွားတယ်။ ဈေးနှုန်းကတော့ မကျဘဲ ဆက်ပြီးတင်းခံနေတယ်။ အဲဒီ တင်းခံနေတဲ့ဈေးနှုန်းက ပြီးခဲ့တဲ့တစ်လ လောက်ကစပြီး တချို့မြေကွက်ပိုင်ရှင် တွေက ဆက်ပြီးတင်းမခံတော့ဘဲ ခပ်ပါး ပါးလေးလျှော့ပြီး စထုတ်လာကြတယ်။ ဒီဇူလိုင်လကုန်ရောက်တော့ မြင့်တက် ခဲ့တဲ့ တန်ဖိုးကနေ သုံးချိုးတစ်ချိုးလောက် အထိ တချို့တွေက လျှော့ရောင်းလာကြ တာကို တွေ့ရပါတယ်"လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဇူလိုင်လ နောက် ဆုံးပတ်က ပြောပါတယ်။

တကယ်တော့ ဈေးကွက်လှုပ်ခတ်ခဲ့ ချိန်က ပြောင်းလဲမြင့်တက်သွားခဲ့တဲ့ ဈေးနှုန်းတွေဟာ လူနေကျဲပါးသေးတဲ့၊ ဖွံ့ဖြိုးမှုနည်းပါးသေး တဲ့ အကွက်အကွင်း တွေအနေနဲ့ မဖြစ်သင့်သေးတဲ့ ဈေးနှုန်း တွေပဲဖြစ်ပါတယ်။

"ဒါပေမယ့် ဈေးကွက် လှုပ်ခတ်ခဲ့ချိန် မှာတော့ ဘယ်အချိန်မှာဈေးကွက် ရုတ်တရက်ပြန် တန့်သွားလေမလဲလို့ အတွေးဝင်မိကြပေမယ့် တစ်ဖက် မှာလည်း စီးမျောနေတဲ့ အရှိန်အတိုင်း ဈေးကွက်မှာ လိုက်ပါနေမိကြတာပါပဲ။ "အခုလအတွင်းမှာ ဈေးနှုန်းကို ပိုပြီး သိသိ သာသာ ချရောင်းလာကြပါတယ်။ အရင်က သိန်း ၅၀၀ ကျော်၊ သိန်း ၆၀၀ ဈေးခေါ်ခဲ့တဲ့ အကွက်တွေက သိန်း ၄၀၀ ပတ်ချာလည်၊ သိန်း ၃၀၀ နဲ့ သိန်း ၄၀၀ ၀န်းကျင်တွေက သိန်း ၂၅၀၊ သိန်း ၃၀၀ မျိုး ဈေးချခေါ်လာကြတယ်။ လူ နေနည်း သေးတဲ့ အကွက်အကွင်း တွေမှာ လက်ရှိ အနေအထားအရ မြေဈေးကွက်က ထပ်လှုပ်ခတ်ဖို့အနေအထား နည်းနေပုံ ရတော့ အမြင့်ဈေးနှုန်းမှာ ဆက်ပြီး တောင့် ခံမနေတော့ဘဲ တချို့က ဒီလိုတွေ ဈေးပြန်ချလာကြတာ။ မြေကွက်လွတ် တွေ လက်ထဲမှာများများရှိထားတဲ့ သူ တွေ အာရုံများကြရ မယ့်အ ချိန်ပါပဲ"လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြော ပါတယ်။

မြို့ကွက်သစ်တွေမှာ ဒီလိုအနေ အထားမျိုးကြုံလာရပေမယ့် အခြေကျပြီး တဲ့ မြို့သစ်ရပ်ကွက်ကြီးနဲ့ မြို့တွင်းအိမ် ခြံမြေဈေးကွက်က တော့ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားမျိုး၊ အရင်က နှုန်းထားမျိုးနဲ့ အခုအချိန်အထိ တည်ငြိမ်နေတယ်လို့ အိမ်မြေ အကျိုး ဆောင် တွေက ဆက်ပြောပါတယ်။

"လက်ရှိ အနေအထားအတိုင်းဆို ဈေးနှုန်းပြန်မြောက်လာဖို့က မလွယ်ပါ ဘူး။ ဈေးကွက်ပြန်လှုပ်ဖို့ အချိန်ဘယ် လောက်စောင့်ရဦးမလဲ ဆိုတာကိုလည်း ခန့်မှန်းလို့မရနိုင်ဘူး။ ငွေအိပ်ခံပြီး အချိန်မစောင့်နိုင်ရင်တော့ လက်ရှိချ နေကြတဲ့ဈေးအတိုင်း လိုက်ရောင်းကြရုံရှိတာ ပဲ။ ဒါပေမယ့် ဈေးကွက်အနေ အထားအရ မြေကွက်လွတ်တွေက ၀ယ် လက်ကို ရှားနေပါတယ်"လို့ အကျိုး ဆောင်တွေက ခြုံငုံပြော ပါတယ်။



http://teashoptalk.com/article/view/id/19715

No comments:

Post a Comment