Friday 3 August 2012

‎"ရန်ကုန်မြို့ပတ်ရထား အဆင့်အတန်း ဌာနပိုင်ငွေဖြင့် မြှင့်တင်တော့မည်

ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်မှုကို ဝန်ကြီး ဌာနပိုင်ငွေကြေးဖြင့် အဆင့် ၃ ဆင့်ခွဲကာ ဆောင်ရွက်သွားမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာ့မီးရထား မှတာဝန်ရှိသူက ပြောသည်။
”အဆင့် ၁ မှာ ကျပ်သန်း ၄ဝဝ ကို အသုံးပြုသွားမယ်”ဟု ၄င်းက ပြောသည်။ မြို့ပတ်ရထားအဆင့်မြှင့်တင် ရာတွင် ဂျပန်နိုင်ငံ၏ အကူအညီပေး မှုများ နောက်ပိုင်းတွင်ရှိ လာမည် ဖြစ်သော်လည်း အကူအညီမရမီ စပ် ကြား မီးရထားပိုင်ငွေကြေးဖြင့် ဦးစွာ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၄င်း က ဆက်လက်ပြောသည်။ အဆင့်ချင်းအလိုက် မြို့ပတ် ရထားအဆင့်မြှင့်မှုတွင် ရထားလမ်း ပိုင်းများ ပြုပြင်ထိန်းသိမ်းမှု ဆောင် ရွက်ခြင်း၊ တွဲဆိုင်းများ သစ်လွင် အောင် ဆောင်ရွက်ခြင်း၊ ထိုင်ခုံများ အဆင့်မီတပ် ဆင်ခြင်း ကိစ္စရပ်များ ပါဝင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ”အခု ဇာသပြင်မှာ တွဲဆိုင်း တွေ ပို့ထားပြီး အကြီးစားပြုပြင် နေပါတယ်။ အသေးစား ကိစ္စ ရပ်တွေ တော့ ရန်ကုန်မှာပဲလုပ်နေပါတယ်” ဟု မြန်မာ့ မီးရထားမှ တာဝန် ရှိသူ က ပြောသည်။တစ်နေ့လျှင် လူတစ်သိန်းခန့် စီးနင်းနေသည့် ရန်ကုန် မြို့ပတ် ရထားအား သမ္မတ၏ အလျင် အမြန်ဖော်ဆောင်ရမည့် လမ်းညွှန်မှု အရ ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ၄င်းကထပ်မံပြောသည်။ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲ ရေးလုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင် များထံသို့ လွှဲအပ်ရန် မြန်မာ့ မီးရထားမှ လုပ်ဆောင်ခဲ့သော်လည်း ကုမ္ပဏီ များမှ လုပ်ကိုင်နိုင်ရန် ဆွေး နွေးညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိနေသေးကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။



By AF Ijournal

No comments:

Post a Comment