Friday 3 August 2012

အလုံသင်္ဘောကျင်း နေရာတွင်နိုင်ငံတကာ အဆင့်မီဆိပ်ကမ်း တစ်ခု ကိုလုပ်ကိုင်ခွင့်ပြုလိုက်ပြီ


ဇော်လင်းထွဋ်
==========================================

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် အလုံသင်္ဘောကျင်း နေရာတွင် နိုင်ငံတကာ အဆင့်မီဆိပ်ကမ်း တစ်ခု ကို ဘီအိုတီ စနစ်ဖြင့်လုပ် ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းမြန်မာ့ ဆိမ်းကမ်းအာဏာ ပိုင်မှ သိရ သည်။

ထိုအလုံ သင်္ဘောကျင်း နေရာကိုဘီအိုတီ စနစ်ဖြင့်တည်ဆောက် လုပ်ပိုင်ခွင့်ကိုမြန်မာ့မြန်မာ့ အဏ္ဏဝါ စွမ်းအား ရှင် အုပ်စု ကုမ္ပဏီ လီမိတက်ကရရှိထားကြောင်း သိရသည်။

''ဒီအလုံ သင်္ဘောကျင်းမြေနေရာ ကကျွန် တော်တို့မြန်မာ့ဆိမ်းကမ်းအာဏာ ပိုင်ကပိုင်ဆိုင်တာ ဖြစ်ပါတယ် ။ဒါကြောင့် ဘီအိုတီစနစ်နဲ့ ဆိမ်းကမ်း တည်ဆောက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အဲဒီလုပ်ပိုင် ခွင့်ရရှိတဲ့ ကုမ္ပဏီ အနေနဲ့ကျွန်တော်တို့ မြန်မာ့ဆိမ်းကမ်း အာဏာပိုင် ကိုမြေအသုံးပြုခ ပရီမီ ယမ်ကြေး နဲ့ နှစ်စဉ်ဝင်ငွေ ကို လည်ရာခိုင်နှုန်းနဲ့ပေးရမှာ ဖြစ်ပါတယ်'' ဟုမြန်မာ့ဆိမ်ကမ်း အာဏာပိုင် မှ အထွေ ထွေမန်နေဂျာ ဦးကျော်မြင့်ကပြောသည်။

ယင်းသို့ပြောင်းလဲ တည်ဆောက်မှုကြောင့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ် တွင်မြန်မာ့ သင်္ဘောကျင်း ကလက်ရှိအနေအထား အတိုင်းခေတ်မှီ သင်္ဘောကျင်း တစ်ခုပြန်လည် တည်ဆောက်ပေး သွား မည်ဖြစ်သည်။ ''ကျွန်တော်တို့အနေနဲ့ သင်္ဘောကျင်းကို လက်ရှိပုံစံ အတိုင်းပြောင်း ရွေ့တည်ဆောက် ပေးသွား မှာပါ။ အရင် ဒီဇိုင်းမျိုး မဟုတ်တော့ပဲခေတ်မှီပုံစံနဲ့တည် ဆောက်ပေးမှာပါ''ဟုယင်းကပြောသည်။

အလုံ သဘောင်္ကျင်း ကို မြန်မာ့ အဏ္ဏဝါစွမ်း အားရှင်အုပ်စုအနေနှင့် နိုင်ငံတကာ အဆင့်မီဆိမ်ကမ်း တည် ဆောက်မှု အတွက်မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အားမြေတစ်ဧက လျှင်ကျပ်ခုနှစ် သန်းနှုန်းဖြင့် ၄၈.၀၇ ဧက အတွက်ကျပ်၃၃၆.၄၉ရသန်းကိုမြေအသုံးချပရီမီယံ ကြေးအဖြစ်ပေးရမည်ဖြစ်သည်။

ထို့အပြင် ဆိပ်ကမ်း မှနှစ်စဉ်ဝင်ငွေစုစုပေါင်း မှပထမနှစ်မှဆယ်နှစ် အတွင်းခြောက်ရာခိုင်နှုန်း၊ဆယ် နှစ်မှ အနှစ် နှစ်ဆယ်အတွင်း၁၂ ရာခိုင်းနှုန်း၊၂၁နှစ်မှ၂၅ နှစ်အထိ၁၈ရာခိုင်နှုန်း ၊၂၆နှစ်မှ ၃ဝနှစ် အထက် အထိ ၂ဝရာခိုင်နှုန်း ကိုမြန်မာ ဆိမ်ကမ်း အာဏာပိုင် ကိုနှစ်စဉ် ပေးဆောင် ရမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အလုံသင်္ဘောကျင်း နေရာတွင်ဘီအိုတီစနစ်ဖြင့် ဆိပ်ကမ်း တည်ဆောက်ခွင့်လက်မှတ်ရေး ထိုပွဲ ကို ဩဂုတ်လ(၄) ရက်နေ့တွင်ရန်ကုန်မြို့ရှိဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။





By Yangon Media Group

No comments:

Post a Comment