Friday 3 August 2012

မန္တလေးကုန်စိမ်းတန်း ဒုတိယအကြိမ် ဆက်လက်ဆန္ဒပြ



၁-၈-၁၂ နေ့ ည က ဈေးနေရာ ပြောင်းရွှေ့ခိုင်းခြင်းအပေါ် မပြောင်းရွှေ့လိုသည့်အတွက် ဒုတိယအကြိမ် ဆန္ဒပြကြခြင်း ဖြစ်သည်။
လက်ရှိရောင်းချနေသော ၈၄ လမ်း ၊ ၂၉ လမ်းဝန်းကျင်မှနေပြီး မြို့အနောက်တောင်မှာရှိတဲ့ ၄၁ လမ်းနှင့် ကမ်းနားလမ်း ဒေါင့်ကို ပြောင်းရွှေ့ရန် ညွှန်ကြားလာမှုအပေါ် ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်သည်။
လတ်တလော စာတင်ထားသည့်ကာလ ဆက်လက်ရောင်းချကြမှာ ဖြစ်ပါတယ်။ ဦးဆောင်ပေးနေသူ ကိုအေးသိန်းနှင့် တာဝန်ရှိသူများ အခြေအတင် ဆွေးနွေးပြီးနောက် ယာယီပြေလည်ခဲ့တာ ဖြစ်ပါသည်။
ပုံများကိုတော့ သီးခံပေးပါ။ ဖုန်းနှင့်ရိုက်တာ ဖြစ်လို့ပါ။

No comments:

Post a Comment