Saturday 4 August 2012

မီဒီယာဖိနှိပ်မှု ချက်ချင်းရပ် - Stop Killing Press!

Committee For Freedom of Press (Myanmar) တွင် တွေ့ရသော ဓာတ်ပုံ ဖြစ်သည်။

"အရပ်သား" အစိုးရက အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင်ကို ပိတ်ပင်တဲ့နည်းနဲ့ သူတို့ရဲ့ မူဝါဒကို ထင်ထင်ရှားရှား ဖော်ပြနေချိန်မှာပဲ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ရဲ့
လှုပ်ရှားမှုတခု ပေါ်ပေါက်လာပါတယ်။ 

သြဂုတ်လ ၄ ရက်နေ့၊ စနေနေ့တွင် သတင်းမီဒီယာအသီးသီးမှ သတင်းသမားများစုပေါင်း၍ ““မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press”” စာတန်းပါ တီရှပ်အနက်ရောင်များကိုဝတ်ဆင်ကြမည်ဖြစ်ပါသည်။

အဆိုပါတီရှပ်များကို ၀တ်ဆင်ကာ သတင်းယူကြမည့် အစီအစဉ်ဖြစ်ပါသဖြင်
့ သြဂုတ်လ ၄ ရက်နေ့၊ စနေနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် အခမ်းအနား ငါးခုသို့ တီရှပ်များဝတ်ဆင်ကာ
တက်ရောက် သတင်းယူပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

တီရှပ်များကို အခမဲ့ပေးဝေမည်ဖြစ်ပြီး ထုတ်ယူရမည့်နေရာနှင့် စတင်မည့်စုရပ်မှာ ဗိုလ်အောင်ကျော်လမ်း(အောက်ဘလောက်)ရှိ အမှတ်(၅၈/၆၀)၊ HOME (House of Media & Entertainment)တွင်ဖြစ်ပါသည်။

စုရပ်သို့ နံနက် ၁၁ နာရီတွင် အရောက်လာပေးကြရန်ဖြစ်ပြီး အခမ်းအနားလမ်းကြောင်းများသို့ သက်ဆိုင်ရာအဖွဲ့ခွဲများနှင့်အတူ လိုက်ပါသတင်းယူရင်း ပါဝင်နိုင်ပါသည်။

ပွဲလမ်းကြောင်းများမှာ ---
(၁) ဘားလမ်း စီးတီးစတားဟိုတယ်(တာရာမင်းဝေအမှတ်တရကဗျာရွတ်ပွဲ)၊
(၂) ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမ(ဆရာဖေမြင့်စာပေဟောပြောပွဲ)
(၃) Orchid ဟိုတယ် (မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ)
(၄) Home (ကာတွန်းစိုးသော်တာ စာအုပ်မိတ်ဆက်ပွဲ)
(၅) ၃၂ လမ်းအလယ်ဘလောက် နှင့် မြေနီကုန်းစင်တာ(The Voice Office & Envoy Office)

အခမ်းအနားတက်ရောက်သတင်းယူခြင်းအပါအ၀င် နိုင်ငံတော်အစိုးရထံပေး ပို့မည့် လက်မှတ်များကိုပါ စုဆောင်းသွားမည်ဖြစ်ပါသည်။
သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)



By Irrawaddy

No comments:

Post a Comment