Saturday 4 August 2012

‎"ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ပွဲစားတို့၏ ခေါင်းပုံဖြတ်ဒဏ် ခံနေရ"


မြန်မာ ထိုင်းနှစ်နိုင်ငံ နားလည်မှု စာချုပ်အရ တရားဝင်လုပ်ကိုင်နေ ကြသော ရွှေ့ပြောင်း လုပ်သား အများစုသည် ပွဲစားများ၏ ခေါင်းပုံ ဖြတ်ခြင်း ကို ဆိုးရွားစွာ ခံနေ ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးစိန်ဌေးက ပြောသည်။ ”တရားမဝင် သွားရင် မျက်နှာငယ်ရလို့ တရားဝင် စာရွက် စာတမ်း နဲ့ သွားရင် ဒုက္ခ မရောက်ဖူးလားလို့ မျှော်မှန်းပေမယ့် တကယ်တမ်းကျ တော့ ပွဲစားတွေ အဆင့်ဆင့်နဲ့ ငွေ ကုန်၊ အချိန်ကုန်ပြီး နယ်စပ်မှာ ဒုက္ခ ရောက်နေကြတယ်” ဟု ၄င်းက ပြောသည်။ နယ်ပွဲစားများမှ ရန်ကုန်-မန္တလေး အေဂျင်စီရုံးများသို့ အလုပ်သမားများအား တစ်ဆင့် ပို့ဆောင် ပေးကြပြီး ယင်းအေဂျင်စီမှ တစ်ဆင့် နယ်စပ်ပွဲ စားများထံသို့ ထပ်မံပို့ ဆောင်ခြင်းခံကြရသည့် အပြင် ထိုင်းဘက်တွင်လည်း ထိုင်းပွဲစားများဖြင့် သာ အဆင့်ဆင့် ပို့ဆောင်ခံနေ ရ ခြင်းကြောင့် အချိန်မှာ လနှစ်ချီ ကြာမြင့် ကာ ငွေကြေးများ ကုန်ကျ နေ ရကြောင်း ၄င်းက ပြောသည်။ အလုပ်အကိုင် ရှာဖွေရေး အေ ဂျင်စီများဖြင့် ထိုင်းနိုင်ငံသို့ တရား ဝင်သွားရော

က် အလုပ်လုပ်လိုသူ တစ်ဦး၏ ကုန်ကျ စရိတ်မှာ ရှစ်သိန်း ခန့် ကုန်ကျနေသော်လည်း ဝန် ဆောင်ခ အပါအဝင် အလုပ်သမား တစ်ယောက်၏ အမှန်တကယ် ကုန်ကျစရိတ်မှာ သုံးသိန်း ဝန်းကျင် သာ ရှိကြောင်း ၄င်းက ပြောသည်။ သွားရောက် အလုပ်လုပ်ကိုင် ကြသော အလုပ်သမားများသည် ယင်းငွေကြေးပမာဏ အတွက် ၄င်းတို့၏ အိမ်လယ်မြေများအား ရင်းနှီး သွားရခြင်းကြောင့် အလုပ်သမား များသည် အကြွေးနွံနစ်သည့် ပြဿနာ ထပ်မံဖြစ်ပွား လာရသဖြင့် အဆိုပါပြဿနာ အား ဖြေရှင်းနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ အေဂျင်စီ များနှင့် အဘက် ဘက်မှ တာဝန်ရှိသူများ ပူးပေါင်း လုပ်ဆောင်ကြ ရမည်ဖြစ် သည်ဟု အလုပ်သမား ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။ ယင်းမှာ တရားဝင် လူကုန်ကူး ခံနေရခြင်းဖြစ်သည့်အပြင် အလုပ်သမား အများစုသည် ၄င်းတို့ သွားရောက် အလုပ်လုပ်ကိုင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ လည်း တစ်စုံတစ်ရာ သိရှိခြင်းမရှိဘဲ ၄င်းတို့မှ စာရွက်စာတမ်း များအား ပွဲစားများကသာ သိမ်းဆည်း ထားခြင်းကြောင့် ပွဲစားများ၏ ပြော သမျှကိုသာ ယုံကြည်နေ ရကြောင်း ၄င်းက ပြောသည်။ ယင်းကြောင့် MoU ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမား တင်သွင်းသည့် လုပ်ငန်းအား ထင် သာ မြင်သာ ရှိသည့်နည်းစနစ် တစ်ခုထူထောင်သင့်သည့် အပြင် တာဝန်ရှိ သူများအနေ ဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့် အတူ ထိုင်းနိုင်ငံ လုပ်ငန်း ရှင်များ အသင်းတို့ဖြင့် ပူးပေါင်း၍ website တစ်ခု တည်ထောင်သင့်သည် ဟု ၄င်းက ပြောသည်။ ”ကျွန်တော်တို့ရုံးကို တစ်ပတ်သုံးယောက် လောက် လာပြီး အကူအညီ တောင်းကြပေမယ့် သူတို့ကိုပေးလိုက်ရင် သူတို့ အလုပ် လုပ်တဲ့ ကုမ္ပဏီနာမည်တို့ မြို့ နာမည်တို့ကအစ ဘာမှမသိကြဘူး” ဟု ၄င်းက သူ၏ အတွေ့ အကြုံကို ပြောသည်။ နှစ်နိုင်ငံ နားလည်မှု စာချုပ် အရ မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် အလုပ်သမား တစ်ယောက် ၏ သွားလာစရိတ်အား ၄င်းတို့ကို ခေါ်ယူသည့် အလုပ်ရှင် ကုမ္ပဏီမှ ကျခံရ မည်ဖြစ်သော်လည်း လက်ရှိ တွင် အလုပ် သမားများ ကသာကျခံ နေ ရကြောင်း ထိုင်းနိုင်ငံ Mahidol University မှ ပြည်ပပညာရှင် Mr.Andy Hall က ပြောသည်။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသည့် မြန်မာ လုပ်သားများအား အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ရုံး ၇၇ ရုံးကသာ အလုပ်သမား စုဆောင်းသင့် သည်ဟု ၄င်းက ပြော သည်။
တာဝန်ရှိသူများ အနေဖြင့် လည်း ပွဲစားများကို တင်းကျပ်သည့် စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန် လုပ်ဆောင်သင့်ကြောင်းနှင့် ပွဲစား များနှင့် ပတ်သက်၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်း ၄င်းက ပြော သည်။





By AF Ijournal

No comments:

Post a Comment