Saturday 4 August 2012

တစ်သိန်းဖုန်း စောင့်မျှော်နေသူ များပြား


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ထပ်မံ ချထား ပေးမည့် တန်ဖိုး နည်း ဖုန်းများကို ကျပ်တစ်သိန်းဖြင့် ချထားပေးမည်ဖြစ်သည်ဟု ပြင်ပ တွင် သတင်းများ ထွက်ပေါ်နေပြီး ယင်းဖုန်းများ ဝယ်ယူနိုင်ရန် စောင့် မျှော်နေသူများပြားသည်ဟု ဈေး ကွက်အတွင်းရှိ မိုဘိုင်းအရောင်း ဆိုင်များကပြောသည်။ လက်ရှိ ဈေးကွက်အတွင်းတွင်ကျပ်နှစ်သိန်း ဖြင့် မိုဘိုင်းဖုန်းများကို ချထားပေး ပြီး ယင်းဖုန်းများကို ဝယ်ယူသူ ဈေးကွက်အတွင်း အနည်းငယ်ကျ ဆင်းသွားပြီး တစ်သိန်းတန်ဖုန်း စောင့်မျှော်နေသူများပြားနေကြောင်း သိရသည်။
“အခုအချိန်မှာတော့ Customer တွေက တစ်သိန်းတန် ဖုန်းဆိုပြီး နာမည်ကြီးနေတဲ့ တန်ဖိုး နည်းဖုန်းကို စောင့်မျှော်နေသူများ ပါတယ်။ နှစ်သိန်းဖုန်း ဝယ်နိုင်တဲ့ အင်အားနည်းသွားတယ် ထင်ပါ တယ်။ ဘယ်တော့လောက်ထွက် မလဲဆိုပြီးလာမေးနေတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် နှစ်သိန်း ဖုန်းရောင်းအားပါးသွားပါတယ်”ဟပြောသည်။
အများပြည်သူများ ကြားတွင်ကျပ်တစ်သိန်းဖြင့်မိုဘိုင်း ဖုန်းများ ထွက်ရှိမည်ဆိုသောသ တင်းထွက်ပေါ်နေပြီးမြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိ အချိန်တွင်မူ ဈေးနှုန်းလျှော့ချရန် မရှိသေးကြောင်းထွက်ရှိမည့်အချိန်ကိုတရားဝင်ကြေညာသွားမည်ဖြစ် သည်ဟုသိရသည်။ သို့သော်လည်း ပြည်သူများကြားတွင်တစ်သိန်းတန် ဖုန်းထွက်ရှိမည်ဆိုသော သတင်း ကြောင့်စောင့်ဆိုင်းနေသူပိုများသည် ဟုစုံစမ်းသိရှိရသည်။

By ရိုးရာလေး

No comments:

Post a Comment