Saturday 4 August 2012

screen ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screenlock ဖြစ်စေမဲ့ Awesome On Off Ultimate v2.0 APK


Android OS သုံးဖုန်းမျက်နှာပြင်ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screen ပိတ်သွားပြီး ဖုန်းရဲ့ cpu ကို sleep mode ဖြစ်စေမဲ့
အလန်းစား Awesome On Off Ultimate v2.0 ကိုမျှဝေပေးလိုက်ပါတယ်။
ဒီ app လေးက screen ကို ပိတ်သွားစေရုံတင်မကဘဲ ဖုန်းကို ကောက်ကိုင် လိုက်ရင်လဲ screen သူ့အလိုလို ပွင့်သွားအောင်ပါ လုပ်နိုင်ပါသေးတယ်။
စိတ်ဝင်စားသွားလို့ သုံးကြည့်ချင်တယ်ဆို လိုအပ်ချက်တချို့ကိုပြောပြပါမယ်။
-Android version 2.2 နှင့် အထက်လိုအပ်ပါတယ်။
-ဖိုင်ဆိုဒ်ကတော့-462KB ပဲရှိပါတယ်။
-awesome on/off သုံးရန် အသုံးပြုမဲ့ ဖုန်းမှာ  gyrosensor ပါရှိရပါမယ်။
gyrosensor ဖုန်းမှာ ပါမပါကို ဖုန်းခေါ်ပြီး ဖုန်းနှင့် နားနဲ့ ကပ်တဲ့ အချိန်မှာ ဖုန်း screen က သူ့အလိုလို ပိတ်သွားပြီး အရေပြားနဲ့ ခွာလိုက်တဲ့ အချိန်မှာ screen ပြန်ပွင့်မပွင့်နဲ့ စမ်းသပ်နိုင်ပါတယ်။
Awesome On Off  ရဲ့ setting ချိန်နည်းကို အောက်မှာ ဖတ်ပါ။
install လုပ်ပါ။ပြီးရင် awesome on/off ထဲဝင်ပါ>Device Administrationမှာ Screen lock Permission ကို အမှန်ခြစ်ပါ။
Activate security polocies? လို့မေးလာရင် Activate လုပ်ပါ။
(မှတ်ချက်။ uninstall လုပ်မယ်ဆို ပြန်ဖြုတ်ဖို့လိုပါတယ်/ဒါကို permission
ပေးထားမှသာ Awesome off ကိုသုံးနိုင်မှာဖြစ်ပါတယ်။)
ပြီးရင် Awesome on ကို အမှန်ခြစ်ပါ။
Enable Vibration ကိုအမှန်ခြစ်ပါ။
Awesome on Sensitivity မှာ 60 Degrees လောက်ထားပါ။
ထို့နောက် Awesome off ကို အမှန်ခြစ်ပါ။
Enable Vibration ကို အမှန်ခြစ်ပါ။
အပေါ်ကပြောပြသွားခဲ့တာတွေက အဓိက ချိန်ရမယ့် setting တွေပါ။
ကျွန်တော် အပေါ်က ပြောပြသွားခဲ့တဲ့ ssetting အကုန်ချိန်ပြီးရင် သုံးလို့ရပါပြီ
Awesome On ထားလိုက်မယ်ဆိုရင်..
အခုလို ကောက်ကိုင်လိုက်တာနဲ့ screen သူ့အလိုလို ပွင့်သွားမှာပါ။
Awesome off ထားမယ်ဆိုရင် ဖုန်းပေါ်ကို လက်ရမ်းလိုက်တာနဲ့
vibrate ပေးပြီး screen အလိုလို ပိတ်ပေးပြီး cpu ကို deep sleep ဖြစ်နေမှာပါ။
အောက်ပါလင့်တွင် ရယူနိုင်ပါသည်။

No comments:

Post a Comment