Tuesday, 18 September 2012

ဗဟုသုတ...

ဟိုးအရင်တုန်းက မျောက်တွေကို ဖမ်းတဲ့နည်းတစ်နည်းရှိခဲ့တယ် ။ အဲဒီနည်းကို လည်း အိန္ဒိယနိုင်ငံရဲ့ တချို့ဒေသတွေမှာ ယနေ့ထက်တိုင်အသုံးပြုနေဆဲပါပဲ ။ မျောက်တွေကိုဖမ်းဖို့
အရင်ဆုံး လေးထောင့်သစ်သားပုံလေးတစ်ပုံးလိုပါတယ် ။ အဲဒီသစ်သားပုံ မှာ မျောက်ရဲ့လက် ၀င်နိုင်လောက်အောင်အနေတော် အပေါက်လေးတစ်ပေါက်ဖောက်ထားရမယ် ။ သစ်သားပုံးထဲမှာတော့ မျောက်တွေအရမ်းကြိုက်တဲ့ ငှက်ပျောသီးတချို့ထည့်ထားတယ် ။

မျောက်တွေက သစ်သားပုံးကိုတွေ့တဲ့အခါ စူးစမ်းတယ် ။ အထဲက သူတို့ကြိုက်တဲ့အစာကိုတွေ့တော့ တစ်ပေါက်တည်းသောအပေါက်ကနေ လက်ကို ထိုးထည့်လိုက်ကြတယ် ။ ပြီးတော့ အဲဒီအထဲက ငှက်ပျောသီးကို လက်နဲ့ဆုပ်လိုက်ပြီး ပြန်ဆွဲထုတ်တယ် ။ အပေါက်ဟာ လက်သီးဆုပ်ပြီး ပြန်ထုတ်လို့ရလောက်အောင် မကျယ်ပါဘူး ။ အဲဒီနေရာမှာ မျောက်အတွက်ရွေးချယ်စရာ ၂ ခုရှိတယ် ။

၁ ။ သူ့လက်ထဲကအသီးကို ပြန်ချလိုက်ပြီး လက်ချည်းပဲ ဆွဲထုတ်မလား
၂ ။ သူ့လက်ထဲက အသီးကို ဆုပ်ကိုင်ထားပြီး ရူးမိုက်စွာ ထုတ်လို့မရတဲ့အပေါက်ကို ထုတ်ဖို့ကြိုးစားရင်းအဖမ်းခံမလား

သင်ရော မျောက်တွေ ဘာလုပ်တယ်ထင်ပါသလဲ ။ အံ့သြစရာကောင်းလောက်အောင် မျောက်တွေဟာ ဒုတိယ နည်းလမ်းကိုပဲရွေးချယ်ကြတယ် ။ ဘယ်မျောက်ကမှ လက်ထဲက ငှက်ပျောသီးကို လွှတ်ချပြီး ကိုယ်လွှတ်ရုန်းဖို့မစဉ်းစားကြဘူး ။ ဒီလိုနဲ့မျောက်တွေ အဖမ်းခံရတာများးပါတယ် ။

--------------------------------------------

ကျွန်တော်တို့လူတွေဟာလည်း မျောက်တွေနဲ့သိပ်ပြီး မထူးခြားနားပါဘူး ။ ကျွန်တော်တို့ဟာ ဘ၀ကိုဖြတ်သန်းတဲ့အခါ လွှတ်ချသင့်တဲ့အရာကို မလွှတ်ချပဲ ကိုယ်ယုံကြည်ရာ အမြင်လေးနဲ့ ဆွဲကိုင်ဆုပ်ထားကြတာများတယ် ။ ရှုံးနိမ့်တဲ့လူတွေက တစ်ခုခုဖြစ်လာပြီဆိုရင် “ ငါမလုပ်နိုင်ဘူး...ဘာလို့လည်းဆိုတော့.... ” ဆိုတဲ့စကားကိုပြောလေ့ရှိတယ် ။အောင်မြင်တဲ့သူတွေကတော့ ဆင်ခြင်တုံတရားကိုလက်ကိုင်ထားတယ်။

အကြောင်းပြချက်ဆိုတဲ့ Reasons တွေက ရလဒ်ဆိုတဲ့ Results တွေကို ရေတွက်ပေးတာမဟုတ်ဘူး ။ သင်ရော သင့်လက်ထဲက မဆုပ်ကိုင်ထားသင့်တဲ့အရာမှန်သမျှကို လွှတ်ချလိုက်ပြီး အမှား တွေဆီကနေ ရုန်းထွက်နိုင်အောင်ကြိုးစားရမယ် ။ မဟုတ်ရင် မျောက်တွေလို ငှက်ပျောသီးလေးလက်ထဲကိုင်လို့ ဘ၀ကို ဆုံးရှုံးရမှာပဲဖြစ်တယ် ။

သက်တန့်ချို
HOW THEY CATCH MONKEYS IN INDIA အားခံစားဘာသာပြန်သည် ။

No comments:

Post a Comment