Tuesday 18 September 2012

မြန်မာ-ဘင်္ဂလာအကြား ဘင်္ဂလီမူဆလင်များ လက်ရှိအခြေအနေ

007
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြားရှိ နတ်မြစ်ဝမှ မလေးရှားသို့ မှောင်ခိုရေလမ်းမှ သွားရောက်မည့်သူ (၁၃၆) ဦးအား ဘင်္ဂလာ ရဲနှင့် BGBတပ်က ကော့စ်ဘဇားခရိုင်အတွင်းမှ
တနင်္ဂနွေနေ့က ဖမ်းဆီးဖေါ်ထုတ် လိုက်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုသည်။

တာခ်နာအခြေစိုက် အမှတ် (၄၂) BGBတပ်ဖွဲ့ တပ်ရင်းမှူး မိုဟာမတ် ဇာဟိဒ် ဟာဆာန် က "နတ်မြစ်ကျွန်းက ဖမ်းဆီးမိရတဲ့ (၂၅) ဦးအထဲမှ မြန်မာနိုင်ငံအတွင်း နေထိုင်သူဖြစ်တဲ့ ဘင်္ဂလီ(၈) ဦးကို ၎င်းတို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့ (၁၇) ဦးကို တာခ်နာရဲဌာနသို့ လွဲအပ်လိုက်ကြောင်းနှင့် လူကုန်ကူးသူ (၃) ဦးကို အဓိကထား အရေးယူစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။ " ဟု ဒေသထုတ် ၀ပ်ဆိုက်များနှင့် သတင်းစာများသို့ တနင်္ဂနွေနေ့က ပြောဆိုကြောင်း ဖေါ်ပြကြသည်။

ကော့စ်ဘဇားခရိုင် ဘက်ခါးလီနယ်မြေဌာနမှ ရုဟူလ်အာမီ ဒီဒ္ဒိန်ကီက " ဖမ်းဆီးမိသူတွေကို စစ်ဆေးတော့ ပို့မယ့်သူတွေက မလေးနဲ့ အီရန်ကို ပို့ပေးမယ်ဆိုပြီး ငွေလက်ခံတာ ဆိုပါတယ်။ အီရန်ကိုသွားမဲ့သူတွေဆီက တာကာ တစ်သိန်းစီယူတယ်ဆိုပါတယ်။ မလေးသွားကိုသွားမဲ့သူတွေဆီက (၂၅၀၀၀) ကနေ (၃၅၀၀၀) အထိယူတယ်လို့ ထွက်ဆိုပါတယ်။ ဘက်ခါးလီနယ်မြေမှ ဒေသခံတွေ ဖြစ်ပါတယ်။ " ဟု ယမနေ့ကထုတ် teknafnews.com က ဖေါ်ပြသည်။

မလေးသို့ မှောင်ခိုစက်ဘုတ်ဖြင့်သွားမည့်သူများမှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင်နှင့် ရခိုင်ပြည် မောင်တောခရိုင်အတွင်း နေထိုင်ကြသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ လူမှောင်ခိုကူးသူများအား အခြေအနေအရ တာကာ အနည်းဆုံး (၁၅၀၀၀) မှ (၅၀၀၀၀) အထိ အကုန်အကျခံ ပေးဆောင်ပြီး သွားကြမည့်သူများဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။ ယင်းလူမှောင်ခို ပို့သူများက အီရန်သို့ ပို့ပေးမည်ဟု ငွေလက်ခံယူပြီး ဆောင်ရွက်ခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်ကမှ သိရသည်။

ယင်းတာခ်နာမြို့နယ်တွင် ဖမ်းဆီးခံ လူကုန်ကူးသော ခေါင်းဆောင်များမှာ ဘင်္ဂလာ တာခ်နာမြို့နယ်မှ ဘင်္ဂလီများ ဖြစ်ကြောင်း ယမန်နေ့ကထုတ် samudrakanthanews.com ကပြောသည်။

ယခုအခါ ဘင်္ဂလီနှင့် လူကုန်ကူးသူများ အနေဖြင့် မလေးသို့သွားသည့် အနေအထားပေါင်းများတွင် ဘင်္ဂလီမူဆလင်များအား မယူတော့ကြောင်းနှင့် ယင်းတို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူစစ်ဆေးလေ့လာ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။

လွန်ခဲ့သော နှစ်များက ယင်းလူကုန်ကူးသူများ အနေဖြင့် ဆောင်းရာသီတွင် လူများကို ပို့ဆောင်လေ့ရှိပြီး ယခုနှစ်တွင် မိုးရာသီအတွင်း ပို့ဆောင်မှု စတင်လာခြင်းဖြစ်သည်။

ထိုင်း-မလေးရှားနိုင်ငံ အာဏာပိုင်များမှ ထိုကဲ့သို့ မှောင်ခိုဝင်ရောက်လာသူများကို တားမြစ်ရန် ဆောင်းတွင်းတွင် စီမံမှုများ ပြုလုပ်ထား သော်လည်း ယခုနှစ်မိုးရာသီတွင်း ရောက်ရှိလာမှုအပေါ် အံသြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်က ဆိုသည်။


By Arakan Times

No comments:

Post a Comment