Tuesday 18 September 2012

၂၀၁၄ - ၂၀၁၅ ခုနှစ်၌ MPU ကတ်များကို နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်မည်

ရန်ကုန်၊ စက်တင်ဘာ၊ ၁၄
ပထမအဆင့်အနေဖြင့် စတင်အသုံးပြုနေပြီဖြစ်သည့် MPU ကတ်များသည် လာမည့် ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ နိုင်ငံတကာကွန်ရက်နှင့် ချိတ်အသုံးပြုနိုင်မည်ဟု
ကွန်ရက်အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၌ ပြည်ပမှသယ်ဆောင်လာသည့် CUP, Visa, Master, JCB, ASEAN ကတ်များကို ပြည်တွင်း၌အသုံးပြုနေသည့် MPU ကွန်ရက်၌၀င်ရောက်အသုံးပြုနိုင်ရန် ဦးစွာစီစဉ် သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အရောက်တွင် ပြည်တွင်း၌ အသုံးပြုနေသည့် MPU ကတ်များကို ပြည်ပသို့ပြန်လည်သယ်ဆောင် အသုံးပြုနိုင်ရန်မျှော်မှန်းထားကြောင်း ၎င်းကပြောသည်။ ပြည်ပနိုင်ငံများမှ ငွေသားပါဝင်သည့်ကတ်များကို ပြည်တွင်းသို့သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ရာ၌ CPU နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည့်အပြင် JCB နှင့် Visa ကတ်များကိုလည်း ပြည်တွင်း၌အသုံးပြုနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟုသိရသည်။ လက်ရှိအသုံးပြုနေသည့် MPU ကတ်များသည် အဖွဲ့ဝင်ဘဏ်များအချင်းချင်း၌ အပြန်အလှန်ချိတ်ဆက်၍ အသုံးပြုနိုင်ရုံသာမက ၎င်းဘဏ်များနှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်း ၁၄ ခု၌လည်း ငွေပေးချေမှုများပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ပြည်တွင်းဘဏ် ၆ ခု၏ ATM စက် ၁၂၇ လုံးကို ကွန်ရက်ချိတ်ဆက်၍ ပမာဏအနေဖြင့် စတင်အသုံးပြုခြင်းဖြစ်သည့် MPU ကတ်များ၏ Data Center ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် ရုံးချုပ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌လည်း ထပ်မံတည်ဆောက်သွားရန်ရှိသည်ဟုသိရသည်။

By Internet Journal

No comments:

Post a Comment