Tuesday 18 September 2012

မိုဘိုင်းဖုန်းဆိုင် အချို့တွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ် များ စတင်ရောင်းချ

ရန်ကုန် ၊ စက်တင်ဘာ ၁၈

မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများ မျှော်လင့်လျက် ရှိသော ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ကို ရန်ကုန်မြို့ တော်ရှိ မိုဘိုင်း ဖုန်းဆိုင် အချို့တွင် စက်တင်ဘာလ(၁၈) ရက်နေ့မှ
စတင် ရောင်းချ နေပြီဖြစ် ကြောင်း အဆိုပါ ငွေဖြည့်ကဒ် ဝယ်ယူ သုံးစွဲခဲ့သူများနှင့် မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များ ထံမှ စုံစမ်း သိရှိ ရသည်။

“ ကဒ်တွေကတော့ မနေ့က စရောက်တယ် ၊ ရောင်းတာတော့ ဒီနေ့မှ စရောင်းတာပါ” ဟု အဆိုပါ ငွေဖြည့်ကဒ်များကို စတင် ရောင်းချပေးနေပြီ ဖြစ်သော Sim-Net မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ခံ အမျိုးသမီး ကပြောကြားသည် ။

အဆိုပါ ၅၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို ဆိုင်အချို့တွင် စတင်ရောင်းချပေးနေပြီ ဖြစ်သော် လည်း Elite Tech ၊ Do Co Mo အပါအဝင် အခြား မိုလ်ဘိုင်း ဖုန်းအရောင်းဆိုင် အချို့တွင် ရောင်း ချခြင်း မရှိသေး ကြောင်း အဆိုပါ မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များထံမှ သိရှိရသည် ။

Elite Tech မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ခုမှ တာဝန်ခံ တစ်ဦးကို The Voice Weekly ကဆက် သွယ် မေးမြန်းရာ ကဒ်များ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရုံးချုပ်မှ ရောင်းချရန် ညွှန်ကြားထားခြင်းမရှိ သေးကြောင်း နှင့် ယခုရက်ပိုင်းအတွင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား သည်။
ထို့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ယနေ့ နံနက်ပိုင်းက ဆက်သွယ် မေးမြန်းရာတွင် ယခု တစ်ပတ်အတွင်း ရောင်းချသွားမည် ဟု သာပြန်လည် ဖြေကြားခဲ့ပြီး မည်သည့် ရက်တွင် ရောင်းချ ပေးသွားမည်ကို မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ် များကို GSM/WCDMA , CDMS 800 MHz နှင့် CDMA 450 MHz စသည့် မိုလ်ဘိုင်းဖုန်း အမျိုးအစား အားလုံးအတွက် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်းမြန်မာ ဆက်သွယ်ရေး လုပ်ငန်း ထုတ်ပြန်ချက်များ အရ သိရှိရသည် ။

By The Voice Weekly

No comments:

Post a Comment