Tuesday 18 September 2012

စာသင်ရခက်နေသော ကျောင်းသူ/သားများကိုကူညီရန် မောင်တောမြို့တွင် ပညာရေးကော်တီတစ်ရပ် ဖွဲ့စည်း


150121 241056122683675 192891008 nလွန်ခဲ့သော ဇွန်လက ဘင်္ဂလီ- ရခိုင် အဓိကရုဏ်းတွင် မီးဘေးသင့်၍ စာသင်ကြားရေး အခက်အခဲဖြစ်နေကြသော ကျောင်းသူ/သားများအတွက် မောင်တောမြို့တွင် ဒေသခံ
လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တချို့က ဦးဆောင်ပြီး ပညာရေးကော်မတီတစ်ရပ်ကို စက်တင်ဘာလ (၁၃)ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

" ပညာရေး ကော်မတီဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ လုံခြုံရေးမလုံလောက်တဲ့အတွက် စာသင်ဖို့အခက်အခဲဖြစ်နေတဲ့ ကျောင်းသူ/သားတွေဟာ စာကောင်းကောင်း သင်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်ပါ။ အဓိကတော့ အဓိကရုဏ်းကြောင့် မီးဘေးသင့်ထားသော မိသားစုတွေရဲ့ သားသမီးများအတွက်ဖြစ်ပါတယ်။ သူတို့က လုံခြုံရေးအားနည်းလို့ စာကောင်းကောင်းမသင်နိုင်ဘူးလေ။ အဲဒီကျောင်းသူ/သားတွေက ဘင်္ဂလီရွာတွေကို ဖြတ်ပြီးမှ ကျောင်းတက်ဖို့သွားရတဲ့အတွက် လုံခြုံရေးအားနည်းနေတာကြောင့် ပညာရေးက အရမ်းအခက်အခဲရှိပါတယ်။ " ဟု ပညာရေးကော်မတီတစ်ရပ် ဖြစ်ပေါ်လာအောင် ငွေကြေးအင်အားဖြင့် ကူညီထောက်ပံ့ပေးခဲ့သော ရခိုင်အမျိုးသားကွန်ရက်(ANN) ဥက္ကဌ တင်ထူးအောင်က ပြောပြသည်။

မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ဤပညာရေးကော်မတီမှာ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး၊ ဒုဥက္ကဌက အမျိုးသားဖောင်ဒေးရှင်းမှ ဦးအောင်ကျော်မြ၊ မောင်တောမြို့မှ နယကဆရာတော်များနှင့် ရပ်မိရပ်ဖတို့ပူးပေါင်းကာ (၁၃)ယောက်နှင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မီးဘေးနှင့် လုံခြုံရေးကြောင့် စာသင်ကြားရေး အခက်အခဲဖြစ်နေကြသော ကျောင်းသူ/သားများကို စာကောင်းကောင်းသင်ကြားနိုင်အောင် ဘယ်လိုပုံစံမျိုးနဲ့ထားမလဲဆိုတာကို ဤပညာရေးကော်မတီမှာ ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ဦးအောင်မြင့်သိန်းက အခုလိုပြောပါတယ်။

" ကျနော်တို့က အဲဒီကျောင်းသူ/သားတွေကို နေထိုင်ရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရေးကို ဒီမှာ တစ်ခါတည်းအဆင်ပြေအောင်၊ ပညာကို ကောင်းကောင်းမွန်မွန် လုံခြုံစိတ်ချစွာ သင်ကြားနိုင်အောင် ဘုန်းကြီးကျောင်း (၃-၄)ကျောင်းတွေဆီမှာထားပြီး စာသင်ပါမယ်။ ဘာကြောင့် ဒီလိုထားရတာလဲဆိုတော့ ကျောင်းသူ/သားတွေက ဘင်္ဂလီရွာတွေဖြတ်လာရတဲ့အတွက် နောက်ဆက်တွဲ ပြဿာနာမဖြစ်ရအောင် ဆိုပြီးတော့ မြို့နဲ့နီးတဲ့ ဘုန်းကြီးကျောင်းတွေမှာ ထားတဲ့သဘောပါ။ ကျောင်းသူ/သားတွေအတွက် ညနေ စာဖတ်တဲ့အခါမှာ ဂိတ်ဆရာ/ဆရာမတွေထားပြီး ငွေအင်အားတောင့်တင်းမှုအပေါ်မှာပဲ ပြုလုပ်သွားမှာပါ။ အဓိကတော့ ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် (၉-၁၀)တန်းကို ဦးစားပေးလုပ်ဆောင်သွားမှာပါ။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသွားသည်။

ကျောင်းသူ/သားတွေကို မောင်တောမြို့ပေါ်မှာရှိတဲ့ အလိုတော်ပြည့် အောင်မြေဗောဓိကျောင်းနှင့် ဗဟိုကျောင်းတွေမှာထားပြီး နောက်ထပ်လိုအပ်လာရင် အဆောင်ငယ်များ ထပ်တိုးချဲ့ဆောက်ပေးသွားမည် ဖြစ်ကြောင်းကို ဥက္ကဌ ဦးအောင်မြင့်သိန်းစကားအရ သိရသည်။

ဤပညာရေးကော်မတီအဖွဲ့မှ ကျောင်းသူ/သားများကို စတင်စာရင်းကောက်နေပြီး ကျောင်းသားမိဘများနှင့်လည်း တွေဆုံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

By Arakan Times

No comments:

Post a Comment