Tuesday, 18 September 2012

ယုံကြည်မှုဆိုတာ...


တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ဟာ ရေလွှမ်းမိုးမှုအခြေအနေနဲ့ကြုံတွေ့နေရတယ် ။ မြို့သူမြို့သားတွေအားလုံး အဲဒီမြို့လေးကို စွန့်ခွာသွားကြပေမယ့် လူတစ်ယောက်ကတော့ ကျန်နေခဲ့တယ် ။ အဲဒီလူကပြောတယ် “ ဘုရားသခင်က ငါ့ကိုကယ်မှာပါ ငါသူ့ကိုယုံကြည်တယ် ”


ဒီလိုနဲ့ မြို့လေးထဲ ကို ရေတွေတဖြည်းဖြည်းမြင့်တက်လာတယ် ။ အဲဒီအချိန်မှာ ကယ်ဆယ်ရေး မော်တော်ယာဉ်တစ်ဦးရောက်လာပြီး အဲဒီလူကို ကယ်ဆယ်ဖို့လုပ်တယ် ။ ဒါပေမယ့် အဲဒီလူက ငြင်းဆန်လ
ိုက်ပြီး “ ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ် ငါ့သူ့ကိုယုံကြည်တယ် ” လို့ပဲပြောလိုက်တယ် ။ သူဟာ တိုက်ခေါင်မိုးပေါ်အထိတက်သွားလိုက်တယ် ။ ရေတွေကလည်းမြို့ထဲကို မြုပ်လုနီးနီးတက်လာပါပြီ ။

လှေတစ်စီးရောက်လာပြီး အဲဒီလူကိုကယ်ဖို့လုပ်တယ် ။ နောက်တစ်ကြိမ်း သူက ထပ်ငြင်းလိုက်ပြီး “ ငါဘုရားသခင်ကိုယုံတယ် သူငါ့ကိုကယ်လိမ့်မယ် ” လို့ပဲ အထပ်ထပ်ရွတ်နေတော့တယ် ။ ရေတွေက တအားကိုမြင့်တက်လာပါပြီ သူဟာ အမိုးထိပ်စွန်းလေးကိုရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာပဲ ရဟတ်ယာဉ်တစ်စင်းရောက်လာပြီး သူ့ကိုကယ်ဖို့လုပ်ပါတယ် ။ သူက ထပ်ငြင်းလိုက်ပြန်တယ် ။ “ ငါ့ကို ဘုရားသခင်ကယ်မှာပါ ငါဘုရားသခင်ကိုယုံကြည်တယ် ”

နောက်ဆုံး သူ ရေနစ်ပြီး သေသွားခဲ့ရတယ် ။ သူဟာ သေပြီးတဲ့နောက် ဘုရားသခင်နဲ့တွေ့တဲ့အခါ ဘုရားသခင်ကို ဒေါသတကြီးမေးခဲ့တယ် ။ “ ကျွန်တော်ခင်ဗျားကို အရမ်းကို ယုံကြည်ခဲ့တယ် ဒါပေမယ့် ဘာကြောင့်ကျွန်တော့်ဆုတောင်းမှုတွေကို လစ်လျှုရှုထားရပါသလဲ ကျွန်တော့်ကို ဘာကြောင့်ရေနစ်သေစေရတာလဲ ” အဲဒီအခါ ဘုရားသခင်က ပြန်ဖြေတယ် “ မင်းကို ငါကယ်ဆယ်ဖို့ မော်တော်ယာဉ်တစ်စီးရယ် လှေတစ်စီးရယ် ရဟတ်ယာဉ်တစ်စီးရယ်ကို ငါ ပို့ခဲ့တာပဲ မင်းဘာလို့ ငြင်ဆန်ခဲ့တာလဲ ” တဲ့ ။

----------------------------------------------

စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် ။ ယုံကြည်မှုဆိုတာ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အကျိုးအကြောင်းတွေကို ဆင်ခြင်သုံးသပ်နိုင်ရမယ် ။ ဘ၀မှာ ဆုတောင်းနေယုံတစ်ခုတည်းနဲ့ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ် ။

သက်တန့်ချို
LUCK FAVORS THOSE WHO HELP THEMSELVES အားခံစားဘာသာပြန်သည် ။

မှတ်ချက် - ဒီစာလေးကို ရေးဖူးသူအများကြီးရှိမှာပါ အခုလည်းမဖတ်ရသေးသူများအတွက် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

No comments:

Post a Comment