Tuesday 18 September 2012

ကုမ္ပဏီတည်ထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ အွန်လိုင်းစနစ်ဖြင့် စတင်ဝန်ဆောင်မှုပေး


စက်တင်ဘာ ၁၀ ရက်၌ စတင်အကောင်အထည် ဖော်ထားသည့် ကုမ္ပဏီဖွဲ့စည်းခြင်းများနှင့် သက်တမ်းတိုးခြင်း ကိစ္စများအတွက် အွန်လိုင်းစနစ်ဖြင့် စတင်ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပြီး လက်ရှိတွင် ယာယီမှတ်ပုံတင်ကတ်သာ ထုတ်ပေးနိုင်သေးသော်လည်း ကုမ္ပဏီများ
အဆင်ပြေနိုင်သည့်အတွက် စိတ်ကျေနပ်မှု ရှိကြောင်း၊ သက်တမ်းတိုးရန် ပြင်ဆင်နေသည့် ပြည်တွင်းအိုင်တီ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါအွန်လိုင်း ဝန်ဆောင်မှုများကို စက်တင်ဘာ ၁၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယခင်ကာလများကကဲ့သို့ ကုမ္ပဏီများဘက်မျ ပုံစံဝယ်ယူကာ ဖြည့်တင်းရခြင်းမျိုး မဟုတ်ဘဲ နေပြည်တော်ရှိ အဆိုပါဌာနသို့ အချက်အလက်များ တင်ပြခြင်းဖြင့် ဌာနမှ ဖြည့်တင်းပြီးသား ပုံစံများကို ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။ ကုမ္ပဏီအကြီးအကဲ ရာထူးနှင့် ဒါရိုက်တာများမှ အပ်သည့် လက်မှတ်ထိုးခြင်းနှင့် အထောက်အထားများ ပူးတွဲတင်ပြကာ လျှောက်လွှာတင်ရန် လိုအပ်ပြီး ဌာနမှ ယာယီမှတ်ပုံတင်ကတ်နှင့် သက်တမ်းတိုးခြင်းများကို one stop service ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “အချက်အလက်နဲ့ အထောက်အထား ခိုင်လုံတယ်ဆိုရင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ အခုအချိန်က အစဆိုတော့ လိုအပ်ချက်တွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ယာယီကတ်ပြားတွေကို အရင်ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာ ဌာနရဲ့ လုပ်ငန်းစဉ်တွေအားလုံးကို အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ပေးမှာပါ” ဟု နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်အား ပြန်လည်ရှင်းပြသည်။ အခုလို လွယ်ကူလာတာ ကောင်းပါတယ်။ ဌာနတွေမှာ ဝင်ရတဲ့အခါ အရင်ကလိုမျိုး ခက်ခဲတာ၊ ကြန့်ကြာတာနဲ့ လာဘ်ပေးယူမှု ရှိတာတွေ နည်းပါးလာတာကို တွေ့ရတယ်။ အမှန်က ဝန်ထမ်းတွေကို ပျက်စီးအောင်လုပ်တာက ကုမ္ပဏီဝန်ထမ်းတွေရဲ့ အပြစ်လည်း မကင်းဘူးလေ။ ကျွန်မတို့ဆိုရင် ကိုယ့်အလုပ် မြန်မြန်ပြီးချင်လို့ ဝန်ထမ်းက မတောင်းရင်တောင် လာဘ်ထိုးတတ်တာ အကျင့်ပါနေသလို ဖြစ်နေတယ်။ အခုနောက်ပိုင်းမှာတော့ ဝန်ထမ်းတွေက ပေးရင်တောင် လက်မခံရဲကြတာကို တွေ့လာရတယ်။ အရင်ကထက် ဌာနဆိုင်ရာတွေကို ဝင်ရထွက်ရတာ လွယ်ကူပြီး မြန်ဆန်လာတယ်” ဟု နေပြည်တော်ရှိ အစိုးရဌာနများသို့ Documentation ဝန်ဆောင်မှု တာဝန်ယူရသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment