Tuesday 23 October 2012

မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို


ရခိုင်ပြည် မင်းပြား-မြောက်ဦးမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂၁ ရက်ကစတင်၍ ဘင်္ဂလီများ သောင်းကျန်းနေမှုအပေါ်မှာ ယင်းတို့ မိမိနေအိမ်များကို မိမိကိုယ်ကို မီးရှို့သည့်အပြင်
ခိုးဝင်လာသူများဖြစ်ကြောင်း ဥက္ကဌ ဦးလှသိန်းက မနေ့က ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆို လိုက်သည်။

''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်၊ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်၊ ယင်းအင်အားနဲ့ ထိန်းလို့မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်၊ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်၊ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်၊ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကိုကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်၊ ၁၉၉၂ ခုနှစ် တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်၊ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ နိုင်ငံတော် လ၀က ဥပဒေ အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှမရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်၊ လောလောဆယ်မှာတော့ ဒီပြဿနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် လည်းဖြစ်၊ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ မွန်းလွဲ ၂ နာရီတွင် ဒေသခံ သတင်းထောက်များနှင့် တွေ့ဆုံ ရှင်းပြသွားခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ပရိန်နယ်မြေတွင် ဒေသခံရခိုင်နှင့် ကျူးကျော်ဝင်ရောက်လာသူ ဘင်္ဂလီများ အိမ်းများနီးကပ်စွာ နေထိုင်လျက်ရှိပြီး ဇွန် ၈ ရက်နေ့က မောင်တောမြို့နယ်မှ ဘင်္ဂလီများအကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ သက်ဆိုင်ရာမှ နိုင်ငံတော် ဥပဒေအရ နိုင်ငံအတွင်း ခိုးဝင်ရောက်နေထိုင်သူများအား နိုင်ငံသားစာရင်းကောက်ရာတွင် ပန်းမြောင်းဘက်က သရက်အုပ်ကျေးရွာအနား ကပ်လျက်နေထိုင်သော ဘင်္ဂလီများ မိမိနေအိမ်များကို မီးရှို့ထွက်ပြေးရာမှ အခြေအနေတင်းမာမှု ဖြစ်ပေါ်ရခဲ့ပြီး တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

အာရ်ကန်တိုင်းမ်စ်မှ ပဋိပက္ခ ဖြစ်ပွားနေသော ပရိန်နယ်မြေမှ ဒေသခံမျက်မြင်တဦးအား စုံစမ်းမေးမြန်းရာ "ဟုတ်ပါတယ်။ တစ်ရွာလုံးတော့ မပါဘူးခင်ဗျာ၊ ဒါပေမဲ့ မီးမငြိမ်းနိုင်ဖြစ်နေ၍ မီးခိုးတွေထွက်နေတုန်းပဲ ရှိပါသေးတယ်၊ လောင်နေတာကတော့ မနေ့ညဥ့်ကတည်းက ဖြစ်ပါတယ်၊ ပန်းမြောင်းဘက်က သရက်အုပ်ကျေးရွာနေ ဘင်္ဂလီတွေက သူတို့အိမ်တွေကို မိမိကိုယ်ကို မီးရှို့ပြီးတော့ ရွာမှထွက်ပြေးပြီး ပရိန်မှာ လာပုန်းနေကြ တယ်လို့ ဆိုပါတယ်၊ ပရိန်ရွာကတည်း ရခိုင်တွေနဲ့ ဘေးချင်းကပ်နေထိုင်ကြတာပါ၊ အဲဒီရွာကကြီးတော့ နေသာပါတယ်၊ ကုလားတွေစုပြီး ဆက်မီးရှိုးဖို့လုပ်တာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းထားနိုင်ခဲ့ပါတယ်၊ ရခိုင်တွေကလည်း မီးမရှိုး ရအောင် အခုထိ အသင့်အနေအထား ခုခံနေကြပါတယ်၊ လောလောဆယ်တော့ ငြိမ်နေတယ်လို့ ဆိုရမှာပါ၊ ဒဏ်ရာရရှိသူတွေ၊ အသေအပျောက်နဲ့ ရှုံးဆုံးမှုတန်ဖိုး အသေးစိပ်က ပြောရမှာခက်နေပါသေးတယ်။" ဟု အမည်မဖေါ်လိုသူက ဖြေကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းသောင်းကျန်းသူများကို ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကြောင်း၊ လ၀ကမှ ဥပဒေအရ အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးမခံဘဲ မိမိနေအိမ်များကို မီးရှိုးပြီး ထွက်ပြေးခြင်းဖြစ်ကြောင်းနှင့် ယင်းတို့ ပိုင်ဆိုင်မှုများကို ယင်းတို့ကိုယ်တိုင် မြေလှန်စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

မင်းပြားမြို့နယ် ပိုက်သည်ရပ် ပဋိပက္ခတွင် ကင်းဆိပ်ကျေးရွာမှ ရခိုင်အမျိုးသား ဦးစံသိန်း (၄၇)နှစ်မှာ ဘင်္ဂလီများလက်ချက်ဖြင့် ဒဏ်ရာ ရရှိသွားကြောင်း၊ တခြားရခိုင်အမျိုးသား ၅ ဦးခန့် သေဆုံးသွားကြောင်းနှင့် ဘင်္ဂလီ ၂ ဦးခန့်သေဆုံးသွားကြောင်း အတည်မပြု ရသေးသော သတင်းတရပ်ကဆိုသည်။

မင်းပြား အခြေစိုက် အာဏာပိုင်များက ရခိုင်အမျိုးသားတချို့အား အပြစ်မဲ့ ဖမ်းဆီးထားခဲ့သော်လည်း ဒေသခံများ လွှတ်ပေးရန် ၀ိုင်းဝန်း တောင်းဆိုမှုကြောင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

မြောက်ဦး-မင်းပြား မြို့နယ်အတွင်းတွင် ယမန်နေ့ညဥ့်က စတင်ပြီး ဒေသခံရခိုင်နှင့် ဘင်္ဂလီအကြား ပဋိပက္ခများ တိုးပွားလျက်ရှိရာ သက်ဆိုင်ရာ အာဏာပိုင်စစ်တပ်က ယခုအချိန်ထိ လုံခြုံရေး ချထားလျက်ရှိကြောင်း နောက်ဆုံးရ သတင်းများက ဆိုသည်။

သက်ဆိုင်ရာအာဏာပိုင်က မင်းပြားမြို့တွင် ပုဒ်မ ၁၄၄ အစောပိုင်းက ထုတ်ပြန်ထားခဲ့ရာမှ အောက်တိုဘာလ ၂၁ ရက်နေ့က ချိုးဖေါက်ပြီး ပြဿနာ ပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း ဇွန် ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းမှစ၍ ယခုအချိန်ထိ အိမ်ခြေ ပေါင်း ၃၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ ခန့်၊ ဒေသခံလူ ၁၀၀ ကျော်ဦးရေ၊ ယခုအချိန်ထိ ဒုက္ခသည်ပေါင်း သောင်းချီပြီး ပိုမိုများပြားလာနေသော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် မည်သို့မျှ ထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။

ယင်းကျူးကျော်လာသော ဘင်္ဂလီများက စတင်တိုက်ခိုက်သောကြောင့် ယခုဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် ရခိုင်ပြည် တစ်ခုလုံးမှ ဒေသခံများ မကြေနပ်မှုများ တိုးပွားလျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

By Arakan Times

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment