Tuesday 23 October 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာ ခြင်းကြောင့် ဒေသခံများ စိုးရိမ်


ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်း
ကြောင့် ဒေသခံများ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရပါသည်။


''ကလေးမြို့နယ်အတွင်းကို စက်တင်ဘာလကနေစပြီး အခုအချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။ အောက်တိုဘာလ
၂၀ ရက်နေ့ ညကပဲ ခိုးဝင်ဘင်္ဂါလီအမျိုးသမီးတစ်ဦး မိတယ်။
စက်တင်ဘာလ ၁၆ရက်နေ့ ကနေပြီး ဒီကနေ့ အထိ တစ်လကျော်ကျော်
ကာလအတွင်းမှာ ၃၁ ယောက် ရှိပါပြီ ။ဒါ့ကြောင့် ဒေသခံတွေကို ဒေသ
ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးနိုင်အောင် အသိပညာ
ပေးခြင်းလုပ်ငန်းတွေကို တချို့ အဖွဲ့အစည်းတွေက ဆောင်ရွက်နိုင်ပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ၀င်ရောက်လာသူတွေကို ချင်းတောင်ခြေဒေသကနေ
ဖြတ်သန်း ၀င်ရောက်လာရင် သူတို့ကို ဖမ်းဆီး ဆောင် ရွက်နိုင်အောင် ဒေသ
ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားရမယ်ဆိုတဲ့အသိ ရအောင်
ပြောဆိုကြတာပါ ။ ဒီလိုဥပဒေနဲ့ မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို
နိုင်ငံတွင်းမှာ လက်မခံ နိုင်ပါဘူး '' ဟုကလေးမြို့ဒေသခံတစ်ဦးက ပြောကြား
ခဲ့ပါသည်။

ကလေးမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာသည်မှာ ရက်သတ္တ
သုံးပတ် ဆက်တိုက်အတွင်း ဖမ်းဆီး ရရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် ခိုးဝင်လာသူ ဘင်္ဂါလီ လူမျိုး အမျိုးသမီးတစ်ဦးကို ကလေးမြို့ ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပါသည်။

''အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ၊ မြို့မဈေး ၊ ဗလီ ကျောင်းအနီးမှာ ခိုးဝင်ဘင်္ဂလီအမျိုးသမီး မနိုအာရှား (အဘ) ဦးဆောမီးအူးလာ ၊ ရွက်ညော်တောင်ရွာ ၊ ဘူးသီးတောင်မြို့နယ်ကို ဖမ်းဆီးစစ်ဆေး နေပါတယ်''ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့ပါသည်။

''ပြည်သူလူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေ ဖမ်းဆီးရရှိမိအောင်`
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက်
သင့်ပါတယ်''ဟု ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည်။

By Eleven Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment