Tuesday 23 October 2012

နှစ်ဦးနှစ်ဖက်ထိပ်တိုက်တွေ့၍ အဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် အမျှအတန်းပေးဝေ၍ဆန္ဒပြပွဲအား အကျဉ်းချုံပြုလုပ်


ယနေ့ဆူးလေဘုရား ၊ မြို့တော်ခန်းမရှေ့တွင် ရဟန်းသံဃာများဆန္ဒပြရန်စီစဉ်ထားပြီ အစ္စလာမ် ဘာသာဝင်များအနေဖြင့်လည်း ဗိုလ်ကလေးဈေးအရှေ့၌စုရုံးဆန္ဒပြုမည်ဆို၍ နှစ်ဦးနှစ်
ဖက်ထပ်တိုက်တွေ့ဆုံ၍ ပြဿနာအဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် ရဟန်းသံဃာတော်များအနေဖြင့် အမျှအတန်းပေးဝေ ၊ မေတ္တာပို့၍သာဆန္ဒပြပွဲအားအကျဉ်းချုံ့လုပ်ခဲ့ ကြောင်းသိရသည်။“ကျွန်တော်တို့ကလည်း ဒီဘက်မှာလုပ်တယ်။သူတို့ကလည်းလုပ်တယ်ဆိုတော့နှစ်ဖက်တွေ့ပြီးပဋိပက္ခဖြစ်မှာစိုးလို့ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြတဲ့ အစီအစဉ်ကိုဖျက်ပြီး ဆုတောင်းမေတ္တာပို့တာပဲလုပ်တော့တာပါ´´ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားလှုပ်ရှားမှုကော်မတီမှ ကိုရဲမျိုးဦးကပြောသည်။ အောက်တိုဘာ(၂၂)ရက် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ယိုင်သာကျေးရွာတွင် အင်္ဂါလီလူမျိုးများမှ သေနတ်ဖြင့်ပစ်ခတ်၍ ရခိုင်အမျိုးသား ၄ ဦးသေဆုံးခဲ့ရပြီ အဆိုပါသေဆုံးခဲ့သူများအား ဆုတောင်းမေတ္တာပို့အမျှဝေခြင်းကို အောက်တိုဘာ(၂၃)ရက်နေ့လည်း ၁ နာရီက ဆရာတော်သံဃာတော်များ နှင့်ပြည်သူများမှ ပြုလုပ်ခဲ့ကြောင်းသိရသည်။ “မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ မြောက်ဦးကိုလည်းကာကွယ်ရမည်။အင်္ဂါလီလူမျိုးတွေ ဗုဒ္ဓဘာသာဘုရားစေတီအဆောက်အဦးတွေကို မဖျက်ဆီးနိုင်အောင် အစိုးရ နှင့် ပြည်သူပူးပေါင်းကာကွယ်ရမယ်´´ဟု မျိုးချစ်ရဟန်းတော်များအဖွဲ့မှ ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဘိုဘိုမင်း၊ညီညီအောင်

By Hot News Weekly

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment