Tuesday 23 October 2012

ယနေ့ မြောက်ဦးနှင့်မင်းပြားမြို့ သတင်းများစုစည်းမှု

မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ

ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင်
ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှုအနည်းဆုံး (၂)နေရာခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားနေသောနေရာများမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အင်အား(၁၅)ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုတစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူများမှာ ကိုဖြူမောင်ထွီး အသက်-၃၈၊ ဘ-ဦးတောလူချေ ဆင်ယိုင်ကျေးရွာနှင့် မောင်ခိုင်ဦး အသက်-၃၄၊ ဘ-ဦးမောင်သိန်း ဆင်ဖြူတော်ကျေးရွာတို့ဖြစ်ပြီး ဒဏ်ရာရသူ (၂)ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

"မြောက်ဦးတစ်မြို့လုံး အပြောင်းအပြန် ပြေးလွှားနေကြတယ်၊ ရခိုင်အိမ်နားက ဘင်္ဂလီတွေက ကိုယ်အိမ်ကို မီးရှို့ပြီးထွက်ပြေးကြတယ်၊ လုံခြုံရေးက အလွန်နည်းနေတယ်၊" လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(မြောက်ဦး)မှ ဦးအေးသန်းမောင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

မနေ့ကဖြစ်ခဲ့တဲ့ ပရိန်ရွာအကြမ်းဖက်မှုတွင် အနည်းဆုံး ရခိုင်(၅)ဦး သေဆုံးခဲ့ကြောင်း၊ မြောက်ဦးသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စက်မှု/လျှပ်စစ်ဝန်ကြီး ဦးသာလူချေက အတည်ပြုပြောကြားသွားခဲ့သည်။ ပရိန်ကျေးရွာတွင် ရခိုင်အိမ်ခြေ(၃၀)ခန့်သာရှိပြီး ဘင်္ဂလီအိမ်ခြေ (၅၀၀)ကျော်ရှိသည်။ သေဆုံးသူထဲမှ အောင်မိုး အသက်(၃၀) (ဘီလူးကန်ရှေ့၊ မြောက်ဦးမြို့) ဆိုသူအလောင်းကိုသာ ပြန်လည်ရရှိထားပြီး ကျန်အလောင်းများမှာ ဘင်္ဂလီများ လက်ထဲတွင် ရှိနေသေးသည်။ ဒဏ်ရာရရှိသူ(၇)ဦးထဲမှ (၄)ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်။

RNDP(မြောက်ဦး)မှ ဦးအေးသန်းမောင်က "ဘင်္ဂလီရွာနားက ရခိုင်ရွာတွေ တော်တော်ခံရဆိုးတယ်၊ ပြဿနာမဖြစ်ခင်တည်းက ဘင်္ဂလီတွေဟာ ညဖက်ဆိုအုပ်စုဖွဲ့ပြီး နွားတွေခိုးတယ်၊ စပါးတွေခိုးတယ်။ ဟင်းခင်း(ယာခင်း)များကိုဖျက်ဆီးကြတယ်၊ အိမ်ခြေနည်းတဲ့ ရခိုင်ရွာတွေကို ညဖက်သွားရောက်ပြီးတော့ ရန်စကြတယ်။ ဖားအော်တာဘဲသိကြတယ်၊ မြွေကိုက်တာမသိကြဘူး" ဟု ပြဿနာအရင်းခံကို အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသွားခဲ့သည်။

လက်ရှိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးလာသော ရခိုင်များမှာ မိမိဆွေမျိုး၊ အသိမိတ်ဆွေနေအိမ်များတွင် ခိုလုံနေကြရပြီး မြောက်ဦးမြို့ပေါ်တစ်ခုတည်းတွင် ဒုက္ခသည်တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

By Arakan Times

Rakhine Straight Views (Facebook) မှသတင်းများကိုလဲဝေမျှလိုက်ပါတယ်။


မြောက်ဦးမြို့နယ် ၊ ယိုင်သည်ရွာ အရေးအခင်းတွင် အသေအပျောက်ရှိ
---------------------------------------
၂၃.၁၀.၂၀၁၂ ရက် နံနက် ၁၀ နာရီက စတင်ခဲ့သော မြောက်ဦးမြို့နယ် ၊ ယိုင်သည်ရွာ ဘင်္ဂလီအကြမ်းဖက်မှုတွင် မြောက်ဦးမြို့နယ် ဆင်ဖြူတင်ကျေးရွာမှ မောင်ခိုင်ဦး၊ အသက် -၃၄ နှစ်၊ (ဘ) ဦးမောင်သိန်း၊ ဇနီ မဦးနုသိန်း နှင့် သားသမီး(၃)ယောက်ကျန်ရစ်ခဲ့ပြီး အရေးအခင်းတွင် ခုခံယင်း ကျဆုံးသွားသည်ဟု သိရှိရပါသည်။ ထိုအပြင် နောက် ရခိုင်တယောက်လည်း ကျဆုံးဟု ခိုင်မာတိကျသော သတင်းအရ သိရှိရပါသည်။ အမည်နှင့် နေရပ်ကို ဆက်လက် စုံစမ်းနေပါသည်။ ဒဏ်ရာ အပြင်းအထန် ရရှိသူ ၅ ယောက်ရှိပြီး ယခုအခါ ဒဏ်ရာရရှိသူ ၂ ယောက်ကို မင်းပြားမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ဆောင်သွားသည်ဟု RSV မြောက်ဦးမြို့ သတင်းထောက်မှ သတင်းပေးပို့လာပါသည်။


၁း၄၅ နာရီ မြောက်ဦးမြို့သတင်း
-------------------
မြောက်ဦးမြို့နယ်၊ ယိုင်သည်ကျေးရွာ အရေးခင်းတွင် မြောက်ဦးမြို့နယ် ရှင်ယဉ်ကျေးရွာမှ ဖြူမောင်ထွီး (ဘ) ဦးတောလူချေ ၊ ဇနီး မအောင်သိန်း နှင့် သားသမီး (၂) ယောက် ကျန်ရစ်ခဲ့ပြီး ယိုင်သည်ရွာ ကျေးရွာ အရေးအခင်းတွင် ခုခံကာကွယ်ရင် ကျဆုံးသွားသည်ဟု သိရှိရပါသည်။


၂း၁၈ နာရီသတင်း
------------
မြောက်ဦးမြို့နယ်တွင် သာစည်ကျေးရွာသို့ ကူးစက်သွားပြီး အခြေအနေတွင် ဆက်လက် တင်မာလျှက်ရှိပါသည်။ မင်းပြားမြို့နယ်တွင် ပြည်နယ်အစိုးရမှ ပြည်သူလူထုနှင့် အဖွဲ့အစည်းများကို ခေါ်ယူ အစည်းဝေးလုပ်နေသည်ဟု သိရှိရပါသည်။ မင်းပြားမြို့ထဲတွင်လည်း လော်စပီးကာများဖြင့် လုံခြုံရေး တင်ကျပ်ကြောင်းနှင့် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို လမ်းဆုံတိုင်းတွင် လိုက်လံ ကြော်ငြာနေပါသည်။ မင်းပြားမြို့နယ်တွင်လည်း တခြားကျေးရွာများသို့ ကူးစက်သွားနိုင်သည်ဟု သိရှိရပါသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း အခြေအနေမှာ ဘင်္ဂလီကုလားများမှ ရခိုင်အိမ်များကို မီးရှိုးရန်အတွက် ကြိုးစားနေသည်ဟု သိရှိရပါသည်။


၂း၂၃ နာရီ မင်းပြားမြို့ ဆေးရုံးကြီးမှ ဖုန်းသတင်း
----------------------------------------
မြောက်ဦးမြို့နယ်၊ ယိုင်သည်ရွာမှ ဘင်္ဂလီအကြမ်းဖက်မှုတွင် ခုခံယင်းကျဆုံးသွားသည့် ရခိုင်အမျိုးသား ဖြူမောင်ထွေး အသက်(၂၉)နှစ်အလောင်းမှာ ယခုအခါ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက တိကျသောသတင်းပေးပို့လာပါသည်။ အလောင်းကိုစစ်ဆေးရာ ညာဘက်ခါးဆစ်နှင့်တင်ပဆုံအစပ်ကြားသေနတ်ဒဏ်ရာပြင်းထန်စွာတွေ့ရှိရကြောင်း ၎င်းကဆက်လက်ပြောပြသည်။
၎င်းဖြူမောင်ထွေးအားသေနတ်ဖြင့်ပစ်ခတ်သူမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆေးရုံသို့ရောက်ရှိနေသူ ကုန်သည်တစ်ဦးကပြောပြပါသည်။
ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်ရမှုကြောင့် အားကိုးရာမဲ့ဘ၀ရောက်နေကြရပေသည်။
Ref: Sra Kyi


၂၃-၁၀-၂၀၁၂ ညနေ ၃း၄၅ နာရီ
မြောက်ဦးဆေးရုံသို့ ဒါဏ်ရာရှိသူသုံးဦးရောက်ရှိ
---------------------------------------------
မြောက်ဦးဆေးရုံသို့ ယခု ၃း၄၅နာရီထိ ဒါဏ်ရာဖြင့်ရောက်ရှိလာသူဦးရေမှာ (၃)ဦးရှိသွားပြီဖြစ်ကြောင်း RSV သို့ မြောက်ဦးဆေးရုံမှ အတည်ပြုပြေားကြားသည်။ နံနက်ပိုင်းတွင်(၁)ဦး၊ ညနေ ၃း၃၀ ပတ်ဝန်းကျင်တွင် (၂)ဦးစုစုပေါင်သုံးဦးဖြစ်သည်။ အဆိုပါဒါဏ်ရာများမှာ သေနတ်ထိမှန်၍ရရှိသောဒါဏ်ရာဖြစ်ကြောင်းသိရသည်။ ဒါဏ်ရာအခြေအနေအရ (၃)ဦးအနက် (၁)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်းသိရသည်။ ဒါဏ်ရာအသေးစိတ်ကိုမူ လတ်တလောအခြေအနေတွင် စုံစမ်း၍မရနိုင်သေးကြောင်း မြောက်ဦးမြို့ရှိ RSV သတင်းထောက်မှပေးပို့သည်။

By Rakhine Straight Views

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)





No comments:

Post a Comment