Tuesday 23 October 2012

ယနေ့ မြောက်ဦးနှင့် မင်းပြားမြို့ ညနေပိုင်းသတင်းများစုစည်းမှု


မြောက်ဦး ယိုင်သည်ရွာတွင် ရခိုင်ဘက်က ၃ ဦးကျ၊ နဂါရာရွာတွင် စစ်တပ်က ပစ်ခတ်၍ ရခိုင် ၂ ဦးသေဆုံး

မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် ယနေ့တိုက်ခိုက်မူ ဖြစ်ပွားရာ
ရခိုင်ဘက်က ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

“ ယိုင်သည်ရွာမှာ ဒီကနေ့ မနက်ကတည်း ဖြစ်တယ်။ ရခိုင်ဘက်က ၃ ဦးကျတယ်။ ဒဏ်ရာ အများအပြားရတယ်။ တချို့ကိုလည်း မင်းပြားကို သယ်သွားတယ်။ တချို့ကိုလည်း မြောက်ဦး ဆေးရုံကို သယ်လာနေကြပါတယ်” ဟု ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

ယိုင်သည်ရွာမှာ တစ်ရွာလုံးမီးရှို့ခံရပြီး မွတ်ဆလင်များဘက်မှ အထိအခိုက်နှင့် အကျဆုံးကို မသိရှိရသေးကြောင်း သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂရာတွင်လည်း ယနေ့ ရခိုင် တိုက်ခိုက်သူများနှင့် စစ်တပ်နှင့် ထိပ်တိုက်တိုးရာ စစ်တပ်မှ ပစ်ခတ်၍ ရခိုင် (၂) ဦး သေဆုံးသွားကြောင်း ပန်းမြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အခု ညနေ ၅ နာရီထိပေါ့နော်။ အခြေအနေက တင်းမာနေတယ်။ စစ်တပ်က ပစ်ခတ်တဲ့ အတွက် ကျသွားတဲ့ ရခိုင် အလောင်း နှစ်လောင်းကို တောင်းနေတာ ခုထိ မပေးသေးဘူး။ အဲဒီမှာ ထိပ်တိုက် ဖြစ်နေပါတယ်။ ကျသွားတာက နာဂါရာ ဖြစ်ပါတယ်။ ရခိုင် လူအင်အားကတော့ ခြောက်ထောင်- ခုနှစ်ထောင်ခန့်ရှိပါတယ်” ဟု သူက ပြောသည်။

မြောက်ဦးမြို့နယ် နာဂါရာ ကျေးရွာအနီးတွင် နာဂါရာ အောက်ရွာနှင့် နာဂါရာ ပြင်ရွာဟူ၍ မွတ်ဆလင် ကျေးရွာ (၂) ရွာရှိပြီး ရခိုင်များမှာ အဆိုပါ ကျေးရွာအနီးရှိ နာဂါရာ ရခိုင်ကျေးရွာတွင် စုရုံးနေကြသည်ဟု ဆိုသည်။

ယမန်နေ့ ညဉ့်ကလည်း မင်းပြားမြို့နယ် စမ်းဘီရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် မွတ်ဆလင် တစ်ဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် အဆိုပါ မီးရှို့ခံခဲ့ရသော ကျေးရွာများသို့ သွားရောက် ကြည့်ရှု့ခဲ့သည်ဟု သိရသည်။

By နိရဉ္စရာ

Rakhine Straight Views (Facebook) မှသတင်းများကိုလဲမျှဝေလိုက်ပါတယ်။


5:12 နာရီ မင်းပြားမြို့ သတင်း
-----------
သာစည်ကျေးရွာတွင် ရခိုင်များ ဖမ်းပြီး
-------------------------------------------
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းတွင် ရခိုင်သားလူအယောက် (၂၀) ကျော်လောက်အဖမ်းခံရတယ်လို့ သိရရှိခဲ့ပါသည်။ မင်းပြားမြို့ရှိ ထွေအုပ်ရုံးရှေ့တွင် အဖမ်းခံရသူများကို လွတ်ပေးဖို့အတွက် မင်းပြားမြို့မှ မိန်မထောင်ကျော် သွားရောက် ဆန္ဒထုတ်ဖော်လျှက်ရှိပါသည်။


6း15 နာရီ မြောက်ဦးသတင်း
-----------------------------
မြောက်ဦးမြို့ဆေးရုံတွင်ဒါဏ်ရာဖြင့်ရောက်ရှိနေသော လူနာနှစ်ဦးမှာ ဒါဏ်ရာအခြေအနေပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှစတင်ပြီး စစ်တွေဆေးရုံသို့ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်းမြောက်ဦးမြိ့ RSV သတင်းထောက်မှပေးပို့ပါသည်။ ယနေ့နံနက်ပိုင်း 1 နာရီကျော်တွင် ရောက်ရှိခဲ့သော လူနာသုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရဖွယ်ရှိကြောင်းလည်း သိရသည်။


၆း၂၄ နာရီ သတင်း
-------------
မင်းပြားမြို့တွင် ထွေအုပ်ရုံးတွင် ဆန္ဒပြ လူအပ်သည် ယခုအခါ လူစု ကွဲပြီး မိမိတို့ နေအိမ်များသို့ ပြန်လာလျှက်ရှိကြသည်ဟု သိရှိရပါသည်။ ရခိုင်ပြည် အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင်မှ မိမိတို့ လုံခြုံရေးမှ ဖမ်းဆီထားသူများ ရှိလျှင် သူကိုယ်တိုင်လွတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်းကို ဆန္ဒပြ လူအုပ်ထဲမှ RSV သတင်းထောက်မှ သတင်းပေးပို့ခဲ့ပါသည်။ မင်းပြားမြို့နယ် သာစည်ကျေးရွာ အရေးအခင်းမှ ရခိုင် အယောက် (၂၀) ပတ်ဝန်ကျင်လောက် အဖမ်းခံခဲ့ရသည်ဟု မင်းပြားမြို့ လူထုမှ သတင်းရရှိခဲ့သောကြောင်း ယခုလို မင်းပြားမြို့ရှိ မြို့သူ/သားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။


ခမရ(၅၄၀)က ဘင်္ဂလီကုလားဘက်မှ ကာကွယ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ရှင်ရှည်ကျေးရွာနေ ရခိုင်အမျိုးသား ဖြူမောင်ထွီး။ ယိုင်သည်ကျေးရွာ အရေးအခင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မင်းပြားဆေးရုံးကို အပို့ လမ်းခုလပ်တွင် အမိမြန်မာနိုင်ငံတော်နှင့် အဖရခိုင်ပြည်အတွက် ခုခံကာကွယ်ရင် အသက်ပေးဆပ်သွားရပါသည်။ကွယ်လွန်သူ ဖြူမောင်ထွီး၊ (ဘ) ဦးတောလူချေ ၊ ဇနီး မအောင်သိန်း နှင့် သားသမီး (၂) ယောက် ကျန်ရစ်ခဲ့ပါသည်။

ကိုဖြူမောင်ထွေး ကောင်းရာသုဂတိ လားပါစီလို့ RSV မှ ဆုတောင်းပေးလိုက်ပါတယ် ----

ဓာတ်ပုံ-maruthura


၇း၀၀ နာရီသတင်း

မြောက်ဦးမြို့နယ်မှ ဒါဏ်ရာပြင်းထန်းသူများအားစစ်တွေဆေးရုံသိုပို့ရန် ဆက်လက်စီစဉ်
----------------------------------------
မြောက်ဦးမြို့နယ်တွင် ယနေ့တွင် ဒါဏ်ရာရသူဦးရေမှာ(၄)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သက်ဆိုင်ရာစာရင်းအရ သိရသည်။ ယနေ့ညနေအစောပိုင်းတွင် ဒါဏ်ရာရသူ(၂)ဦးအားစစ်တွေဆေးရုံသို့လွှဲပြောင်းရန်စီစဉ်ခဲ့သည်။ သို့ရာတွင် မြောက်ဦးဆေးရုံသို့ ထပ်မံရောက်ရှိလာသော လူနာများမှာပြင်းထန်လွန်းသဖြင့် စစ်တွေဆေးရုံသို့ ဒါဏ်ရာရသူများ(စစ်တွေဆေးရုံသို့ ပို့ဆောင်းပေးသည့်ဦးရေအတိအကျကို ဆက်လက်အတည်ပြုပေးပါမည်)အား(အစောပိုင်း(၂)ဦးနှင့်အတူ တစ်ပေါင်းတည်း) လွှဲပြောင်းပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။ ဒါဏ်ရာပြင်းထန်သူများမှာ ဦးအောင်ကျော်မြ(ဓားဒါဏ်ရာ၊ စိုးရိမ်ရ)အား သွေး(၂)ပုလင်းသွင်းရပြီး၊ ညီဝင်း(ဦးခေါင်း သေနတ်ဒါဏ်ရာ) သွေး(၁)ပုလင်းသွင်းပြီး ဆေးရုံသို့ရေလမ်းဖြင့်ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ သေဆုံးသူမှာ ဦးခေါင်းနဖူးတည့်တည့်တွင် ကျည်ဒါဏ်ကြောင့်သေဆုံးခဲ့သည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့လာပါသည်။
ဆက်လက်ပြီးမြောက်ဦးမြို့ခံသတင်းများအရမြောက်ဦးဆေးရုံသို့ မပို့ပဲ စစ်တွေဆေးရုံသို့ တိုက်ရိုက်ပို့သူများလည်းရှိကြောင်းကြားသိရသော်လည်း ယခုအချိန်ထိ စစ်တွေဆေးရုံတွင် ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့သော ဒါဏ်ရာရ (၃)ဦးမှ လွဲပြီး ကျန်ဒါဏ်ရာရရှိသူများမှာ ရောက်ရှိခြင်းမကြောင်းသိရသည်။

၈း၄၀ နာရီ သတင်း
------------------
၂၃.၁၀.၂၀၁၂ ရက် ညနေ့ဖက် ၇း၄၅ နာရီတွင် ယိုင်သည်ကျေးရွာ အရေးအခင်း၌ ခုခံကာကွယ်ရင် အပြင်းအထန်းရရှိခဲ့သည့် မြောက်ဦးမြို့နယ် လက်ပံတောအုပ်စု၊ အထုပ်သည်မ ကျေးရွာမှ မောင်ကျော်မောင်ချေ၊ အသက် (၂၂)နှစ်သည် စစ်တွေမြို့ ပြည်သူဆေးရုံးသို့ ရောက်ရှိလာပါသည်။ လူနာမှာ ဘယ်ဖက် ခြေထောက်တွင် ဒဏ်ရာ ပြင်ထန်းစွာ ရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် သွေးသွင်းထားရပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဘင်္ဂလီ-ရခိုင်အရေးအခင်းကြောင်း လူနာ (၄) တိတိ ဆေးကုသခံယူလျှက်ရှိပါသည်။ ထို့ပြင် ညနေ ၆း၀၀ နာရီမှ မြောက်ဦးပြည်သူ့ဆေးရုံးမှ စစ်တွေပြည်သူ့ဆေးရုံးသို့ နောက်ထပ် အရေးပေါ်လူနာ (၂) ယောက် ထပ်ရောက်လာလိမ်မည်ဟု မြောက်ဦးမြို့ RSV သတင်းထောက်မှ သတင်းပို့လာပါသည်။


၈း၄၅ နာရီသတင်း
မြောက်ဦးမြို့နယ်တွင် ဒါဏ်ရာရသူများအရေအတွက်တိုးလာ
-------------------------------------------
ယခုနောက်ဆုံးရရှိသောစာရင်းအရ မြောက်ဦးဆေးရုံသို့ ညနေ ၇း၀၀ နာရီနှင့် ၈း၀၀ ပတ်ဝန်းကျင်တွင် ဒါဏ်ရာအပြင်းအထန်ဖြင့် လူ(၂)ဦးထပ်မံရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ(၂)နှစ်ဦးမှာ စူးဒါဏ်ရာနှင့် ဓားခုတ်ဒါဏ်ရာတို့အသီးသီးရရှိခဲ့ပြီး ဒါဏ်ရာအခြေအနေမှာ စိုးရိမ်ရသောအနေအထားတွင်ရှိကြောင်းသိရသည်။ တစ်ဦးမှာမှာ အဆုတ်ထိဖောက်ဝင်သွားသည်ဟု ယူဆရကြောင်းလည်း သိရသည်။ ယနေ့ညနေပိုင်းတွင် စစ်တွေသို့ ပို့ဆောင်ကုသပေးသည့် ဒါဏ်ရာပြင်းထန် လူနာစာရင်းမှာ (၄)ဦးဖြစ်ကြောင်းသိရပြီး ယခုနောက်ဆုံးရောက်ရှိလာသည့် လူနာနှစ်ဦးအားလည်း စစ်တွေဆေးရုံသို့ ပို့ဆောင်မည့်အခြေအနေတွင်ရှိကြောင်း မြောက်ဦးမြို့ RSV သတင်းထောက်မှ ပေးပို့ပါသည်။ ယခုနောက်ဆုံး သတင်းပေးပို့ချက်အရမြောက်ဦးမြို့နယ်တွင် ဒါဏ်ရာရဦးရေမှာ (၆)ဦးရှိပြီး၊ သေဆုံးသူမှာ (၁)ဦးရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရှိရပါသည်။

By Rakhine Straight Views

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)









No comments:

Post a Comment