Tuesday 23 October 2012

မြောက်ဦး/မင်းပြားပဋိပက္ခကြောင့် ဒဏ်ရာရသူအချို့ စစ်တွေဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေ


မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရသူ (၃)ဦး စစ်တွေ ဆေးရုံတွင် ဆေးဝါး ကုသခံမှုနေရကြောင်း သိရသည်။

 “မနေ့က ည ၂နာရီမှာ သူတို့ရောက်တယ်၊ သုံးယောက်ပါ၊ သူတို့ကိုယ်ခန္ဓာပေါ်မှာ ဒဏ်ရာတွေနဲ့ တစ်ယောက် ကတော့ အောက်ပိုင်းသေသွားပြီ၊ အာရုံကြောလည်း မကောင်းတော့ဘူး”ဟု စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာ မတစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ (၅)ဦးနှင့် ဒဏ်ရာရသူ(၉) ဦး ရှိသွားပြီဟု သိရသည်။

စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေကြသူများမှာ  ဦးစိန်သာအောင်အသက်(၆၀) (လည်ပင်းဒဏ်ရာ ရ  အောက်ပိုင်းသေ)  ၊မောင်မောင်ခိုင် (အသက် ၃၀) ကျောကုန်းဓါးဒဏ်ရာရ၊   မောင်သာကုန်းကျေးရွာ၊  မောင်ထွီးစိန် (၂၅)နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင်ရွာ) တို့ဖြစ်သည်။

ပဋိပက္ခ ကြောင့် လူနာတစ်ချို့မှာလည်း မြောက်ဦးမြို့မှ စစ်တွေဆေးရုံကြီးသို့ ဆေးဝါးကုသရန် လာရောက်နေကြောင်း သိရသည်။

ယမန်နေ့ညက မင်းပြားမြို့နယ်ရိုင်သာရွာ ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်စီးရာ လူ(၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။

မင်းပြားနှင့် စစ်တွေကြား၌ မြောက်ဦးနှင့် ကျောက်တော်မြို့ တို့တည်ရှိသည်။

By Shwe MyitMakha Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment