Tuesday 23 October 2012

ယဉ်မောင်းလား လူမိုက်လား


ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကော်မတီဌာနခွဲ (၃) လက်အောက်ရှိဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် ၁၃ ရပ်ကွက်မှ ဆူးလေ သို့ပြေးဆွဲလျက်ရှိသော (၃၆
မ.ထ.သ) မော်တော်ယာဉ်အမှတ် ၄ဃ/၆၀၀၁-မှ ယာဉ်မောင်းကို လှိုင်ဇော်ထွန်းနှင့် ယာဉ်အကူကို ကျော်လှိုင်မင်းကို သက်မင်းထိုက် တို့သည် အောက်တိုဘာ ၂၁ ရက်  (တနင်္ဂနွေနေ့) နံနက် ၁၀း၄၅ နာရီအချိန်ခန့်တွင် ၁၃ ရပ်ကွက် ဂိတ်ရင်းမှစ၍ ကုန်ပဒေသာမှတ် တိုင်အထိ မှတ်တိုင်မဟုတ်သော  နေရာများတွင် ခရီးသည်တင် ဆောင်ခြင်းပြုလုပ်နေကြောင်း တွေ့ရှိရသည်။ ခရီးသည်များ ကား  ပေါ်ရောက်လျှင် ယာဉ်မောင်းနှင့်  ယာဉ်နောက်လိုက် (၃) ယောက်  မှ မချေမငံရိုင်းပြစွာပြောဆိုဆက် ဆံ၍ ခရီးသည်များနှင့် စကားများ    နေသည်ကိုကားပေါ်တွင်ပါလာ သော ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၃) ရပ်ကွက်မှ ကိုအောင်နှင့် (၈)  ရပ်ကွက်မှ ကိုဟန်မြင့်အောင်တို့ နှင့် အတူတွေ့မြင်နေရပါသည်။
အဆိုပါကားသည် ရန်ကင်း စာတိုက်မှတ်တိုင်အရောက် (၂) နှစ်ကျော်ခန့်ကလေးကိုချီထားသော  မိန်းကလေးတစ်ယောက်ကားပေါ်   တက်ရောက်နေစဉ် ယာဉ်မောင်း  က လီဗာနင်းကလပ်လွှတ်လိုက်၍ ကားဆောင့်ထွက်ရာခြေနင်းခုံတွင်   မတ်တတ်ရပ်နေသောမိန်းကလေး  မှာ ယိုင်ထိုးသွားခြင်းကြောင့် မိန်းကလေး၏ ခင်ပွန်းဖြစ်သူက စပယ်ယာက မမောင်းခိုင်းဘဲ မောင်းရမလားဟုယာဉ်မောင်း အား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း  ပြောရာ ယာဉ်မောင်းမှ ငါလည်း ဘက်  ကြည့်မှန်ကြည့်မောင်းတာ စသည်ဖြင့် မချေမငံရိုင်းပြစွာ ပြောဆိုဆက်ဆံခြင်းကြောင့် မိန်း ကလေးမှ ဆက်ပြီးစကားများမည် စိုး၍ ရန်ကင်းကြားမှတ်တိုင်တွင် သူမ၏ ခင်ပွန်းကိုခေါ်၍ ကား ပေါ်မှ ဆင်းသွားသည်ကိုတွေ့မြင် ရသည်။
မော်တော်ယာဉ်လုပ်သား များလိုက်နာရမည့် အဓိဋ္ဌာန် (၅) ချက်မှ နံပါတ် (၂) ဖြစ်သော ခရီး သည်များအားပြေပြစ်စွာဆက်ဆံ ပါမည်နှင့် နံပါတ် (၃) ဖြစ်သော   ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို တိကျစွာလိုက်နာပါမည်ဆိုသော ဆိုသောအဓိဋ္ဌာန် (၂) ခုအား ဖောက်ဖျက်ရာကျကြောင်း ခရီး သည်လင်မယား (၂) ယောက်နှင့်  အဆိုပါ ကားပေါ်တွင်ပါလာသော   ကိုအောင်နှင့် ကိုဟန်မြင့်အောင်  တို့ကပြောပြ၍ သိရသည်။

အရိန္ဒမာ (ဘိုကလေး)

By Hot News Weekly

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment