Tuesday 23 October 2012

မြောက်ဦးတွင် ပဋိပက္ခမှုကြောင့် လူ ငါးဦး သေဆုံး


ရှေးဟောင်း စေတီပုထိုးများတည်ရှိရာရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွါးနေသော ပဋိပက္ခကြောင့် ရခိုင်တိုင်းရင်းသား သုံးဦးနှင့် ဘင်္ဂါလီ နှစ်ဦး သေဆုံး သွားပြီး ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသား ငါးဦးမှာ
စစ်တွေ ဆေးရုံကြီးသို့ အရေးပေါ် ကုသရန် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းပြန်ကြားရေးကော်မတီဝင် ဦးမျိုးသန့်က The Voice Weekly သို့ ပြောကြားသည်။

မြောက်ဦးမြို့နယ်တွင် ဒဏ်ရာရရှိသူများစွာရှိသော်လည်း စာရင်းအတိအကျရရှိရန်နှင့် ပဋိပက္ခမှုများကို ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး နှစ်ဦး အပါအ၀င် အကြီးတန်းအရာရှိများသည် အခင်းဖြစ်ပွါးရာ နေရာများကို သွားရောက်နေပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယမန့်နေ့ညကစတင်ကာ မြောက်ဦးနှင့် မင်းပြားမြို့တို့တွင် လုံခြုံရေး အခြေအနေ ပြန်လည် ကောင်းမွန်စေရန် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရကြောင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

By The Voice Weekly

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment