Tuesday 23 October 2012

မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်မှ ဘိန်းဖြူဘလောက်တုံးများဖမ်းမိ


အောက်တိုဘာ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊တာချီလိတ်
မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုရှိ ဖဟိ(အထက်)ရွာထိပ်တွင် ရပ်ထားသည့်မော်တော်ယာဉ် တစ်စီးပေါ်မှဘိန်းဖြူ ဘလောက် တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံကတော့ တာချီလိတ်မြို့၊ သစ်တောဦးစီးဌာနက တောအုပ် ဦးအေးလွင်ဦးစီးတဲ့အဖွဲ့ဟာ လွယ်တော် ခမ်းကျေးရွာအုပ်စု၊ ဖဟိ(အထက်)
ရွာထိပ် မိုင်းဆတ်-တာချီလိတ်သွားကားလမ်းဘေးတစ်ဝိုက်မှာ ကွင်းဆင်း စစ်ဆေးဖို့သွားတုန်း ကားလမ်းပေါ်မှာရပ်ထားတဲ့ကားတစ်စီးပေါ်က လူ ၃ ယောက် ဆင်းပြီး ထွက်ပြေးခဲ့ပါ တယ်။ ဦးအေးလွင်နဲ့အဖွဲ့ဟာ မင်္သကာတဲ့အတွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်ကို အကြောင်း ကြားခဲ့ပါတယ်။ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ နယ်မြေခံတပ်၊ စရဖ၊ မူးယစ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ စ သုံးလုံး အဖွဲ့တွေသွားရောက်ပြီး ယာဉ်အားစစ်ဆေးခဲ့ရာ ဘိန်းဖြူဘလောက်တုံးများအား ပိုင်ရှင်မဲ့ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ပါတယ်။

“ယာဉ်အမှတ် ၄ဂ/၅၃၁၃ တိုက်ဂါးအပြာရောင် တစ်ခန်းတွဲယာဉ်နောက်
ခန်းထဲမှာ ဆာလာအိတ်နဲ့ထည့် ထားတဲ့ ဘိန်းဖြူဘလောက်တုံး ၂၄၇ တုံး၊ စုစု ပေါင်း ၈၀ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ၁၂၃၅၀ သိန်းဖိုးခန့် သိမ်းဆည်း
ရမိခဲ့ပါတယ်။ ယာဉ်ကတော့ တာချီလိတ်-နားကောင်းမူ လမ်းကြောင်းပြေး
ဆွဲနေတဲ့ယာဉ်ဖြစ်ပြီး ယာဉ်မောင်းမှာ သိန်းကြည်ရွှေ (ခ)ကိုကွေး ဖြစ်တယ်
လို့” ဖဟိ(အထက်)ရွာမှ ဒေသခံတစ်ဦးမှ ပြောကြားသွား ပါတယ်။
ယာဉ်နှင့် ဘိန်းဖြူဘလောက်တုံးများအား သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ
များကို ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ရဲတပ်ဖွဲ့မှအမှုဖွင့်အရေးယူ
ထားကြောင်းသိရပါတယ်။
ဆာလာအိတ်နှင့်ထည့်ထားသော ဘိန်းဖြူဘလောက်တုံးများ

အေးချမ်းမွန်မှ Shan News တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

By Aye Chan Mon

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment