Tuesday 23 October 2012

ဖီဖာ အဆင့် သတ်မှတ်မှု မြန်မာ ဘောလုံး အသင်း အဆင့် တက်ရန်ရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့အဆင့် သတ်မှတ်ချက်အား ဖီဖာမှ ကြိုတင် မထုတ်ပြန်မီ ခန့်မှန်း တွက်ချက် ဖော်ပြလေ့ ရှိသည့် http://www.football-rankings.info/ ဝက်ဘ်ဆိုက် တွင်မြန်မာ ဘောလုံးအသင်းမှာ အဆင့် ၂၇ ဆင့် ခုန်တက်ရန်
ရှိကြောင်း ဖေါ်ပြခဲ့သည် ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြန်ကြားရေး အရာရှိ ဦးဇော်မင်းထိုက်က ပြောကြားသည်။

"မြန်မာ့ လက်ရွေးစင် အသင်းက အဆင့် ၂၇ ဆင့် ခုန်တက်လာပြီး အဆင့်(၁၅၅) ရောက်လာနိုင်တယ်လို့ ဒီ ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြခဲ့ပါတယ်"ဟု ၎င်း ကဆိုသည်။

မြန်မာ လက်ရွေးစင် ဘောလုံး အသင်း ၏ အောက်တို ဘာ လ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မှာ အဆင့်(၁၈၄) ဖြစ်ပြီး စက်တင်ဘာလ က အဆင့်(၁၈၅)ဖြင့် ရပ်တည်ခဲ့သည်။

ယင်းကဲ့သို့ မြန်မာ့ ဘောလုံးအသင်း၏ အဆင့် ခုန်တက်ခြင်းနှင့် ပတ်သက်၍ "ဒီသတင်း က တရားဝင် တော့ မဟုတ်သေးပါဘူး" ဟုမြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဆိုသည်။

မြန်မာ လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် ဆူဇူကီး ဖလား ခြေစစ်ပွဲ အောင်ခဲ့ခြင်း၊ကမ္ဘာ့ အဆင့်ရှိ သော အသင်းများနှင့် ခြေစမ်းပွဲ ကစားရန် ကမ်းလှမ်းထားခြင်း၊ ဘောလုံး အဖွဲ့ချုပ်၏ လူငယ် ဖွံ့ဖြိုး တိုးတက် ရေး အစီအစဉ် များကြောင့် အဆင့် ခုန်တက်မှု ဖြစ်လာနိုင်ကြောင်း ၎င်းသုံးသပ် ပြောဆို သည်။ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က နိုဝင်ဘာလ အတွက် အဆင့် သတ်မှတ်မှုကို နိုဝင်ဘာ(၇)ရက်နေ့ တွင် တရားဝင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်။

By The Voice Weekly

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment