Tuesday 23 October 2012

‎"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"


နေပြည်တော် အောက်တိုဘာ ၂၃ ရက်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က" ၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော်
ဥပဒေအမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး
ပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊
ပူဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကို
မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။

By Popular Myanmar News Journal

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment