Thursday 2 August 2012

စာပေစိစစ်ရေး ၀န်ထမ်းတစ်ဦး သတင်းလွတ်လပ်ခွင့် ကော်မတီ အစည်းအဝေး သို့ တိတ်တဆိတ် တက်ရောက်

ယမန်နေ့က ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်သော သတင်းလွတ်လပ်ခွင့် ကော်မတီ( ယာယီ)ဖွဲ့စည်းသည့် အခမ်းအနားတွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ ၀န်ထမ်းတစ်ဦး တိတ်တဆိတ် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မီဒီယာသမားများထံမှသိရသည်။

The Voice Weekly နှင့် Envoy ဂျာနယ် တိ

ု့အား ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီး ရက်ပိုင်းအတွင်း မှာပင်ပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားသို့ သတင်းမီဒီယာ နယ်ပယ်အသီးသီတွင်လုပ်ဆောင်နေသူ ၉၀ ကျော်တက်ရောက်ခဲ့ရာတွင် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင်ရေးအတွက် ဆောင်ရွက်နေသော လူမှု အဖွဲ့အစည်း တစ်ခု၏ အကြီးအကဲဖြစ်သူမှ
"ဒီပွဲမှာစာပေ စိစစ်က တာဝန်ရှိသူ တစ်ဦး ရောက်နေတယ် ဆိုတာ လက်မှတ်ထိုးတဲ့ စာရင်းအရ သိရပါတယ်။ သူ့ရဲ့အမြင်ကိုလည်း ပြောခွင့်ပေးလိုက်ပါလို့ ပြောတဲ့အတွက် မိုက်(Microphone) ပေးဖို့ လုပ်နေတဲ့အချိန်မှာပဲ ချက်ခြင်း ထွက်ပြေးသွားပါတယ် " ဟု အဆို ပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ သတင်းအယ်ဒီတာ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly မှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဖုန်းအမှတ် ၅၄၄၅၇၈ သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် အတည်ပြုဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ အမျိုးသမီးတစ်ဦးက "ကျွန်မတို့ ဌာနက တက်တဲ့သူကို မသိပါဘူး"ဟု ပြန်လည်ဖြေကြားပြီး ဖုန်းချသွားခဲ့သည်။

တော်ဝင်နှင်းဆီ ခန်းမ ၌ ပြုလုပ်ခဲ့သော သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ) ဖွဲ့စည်းသည့် အခမ်းအနား ၌ အောက်ဖော်ပြပါ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂

၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ် ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။

အထက်ပါတောင်းဆိုချက်များကိုချက်ချင်းလုပ်ဆောင်ပေးရန် ယနေ့တက်ရောက်လာသောသတင်းမီဒီယာသမား ၉၂ ဦးကသဘောတူလက်မှတ်ရေးထိုးလိုက်သည်။

ကော်မတီဝင်များစာရင်း

၁။ ကိုဇော်သက်ထွေး
၂။ ကိုကျော်မြင့်
၃။ ကိုသက်ဇင်
၎။ ကိုနိုင်မင်းဝေ
၅။ ကိုကျော်ဇေယျာထွန်း
၆။ ကိုသာလွန်ဇောင်းထက်
၇။ ကိုသူရအောင်
၈။ ကိုဝေဖြိုး
၉။ ကိုဖိုးစိုင်း
၁၀။ ကိုအောင်ပေါ်ထွန်း
၁၂။ ကိုခွန်းသု
၁၃။ ကိုအောင်သူရ
၁၄။ ကိုထက်နိုင်ဇော်
၁၅။ မအေးသီရိဝင်း
၁၆။ ကိုမြတ်ဇံ
၁၇။ မမြနှင်းအေး
၁၈။ မစန်းမွန်အောင်
၁၉။ကိုကျော်ဆန်းမင်း
၂၀။မညိုမီသင်း
၂၁။မနန်းလွင်
၂၂။ဥာဏ်လင်းအောင်
၂၃။ကိုအောင်ထွန်းဦး

ကော်မတီများ

၁။ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ
သာလွန်ဇောင်းထက်၊ ကိုသူရအောင်၊ ကိုဝေဖြိုး၊ ကိုနိုင်မင်းဝေ၊ မနန်းလွင်၊ မညိုမီသင်း၊ ဦးကျော်မြင့်

၂။ ပြန်ကြားရေးကော်မတီ
ကိုသက်ဇင်၊ ကိုဇော်သက်ထွေး၊ ကိုကျော်ဆန်းမင်း

၃။ ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီ
(ကျန်သူအားလုံး)





By The Voice Weekly

No comments:

Post a Comment