Thursday 2 August 2012

ဗိုလ်တထောင် ပန်းဆိုးတန်း၊ နန်းသီတာ ဆိပ်ကမ်း နယ်မြေများ အဆင့်မြှင့်မည်

ရန်ကုန်မြို့လယ် ဧရိယာရှိ ဗိုလ်တထောင် ပန်းဆိုးတန်း၊ နန်းသီတာ ဆိပ်ကမ်း နယ်မြေများ ကို အဆင့်မြင့်တင် သွားရန်ရှိကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆင့်မြင့်တင်ရာတွင် မြစ်ကမ်းနဖူး စားသောက် ဆိုင်တန်းများ၊ လေဟာပြင် ညဆိုင်တန်းများ၊ ဖျော်ဖြေရေး စင်မြင့်များ စသည်တို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်မျ

ားနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းတွင် ပါရှိသည်။
ထို့အပြင် ပန်းဆိုးတန်း ဒလ-ပန်းဆိုးတန်း ခရီးသည်တင် ဆိပ်ခံဘော တံတားနဲ့ ဆက်စပ် နယ်မြေတွေ မှာလည်း အဆင့်မြှင့် ဟိုတယ်များ၊ မရီနာ ကလပ်များနဲ့ ရုံးခန်းများ ကိုလည်း ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ၂၀၁၅ ခုနှစ်အထိ သုံးနှစ် စီမံကိန်းချကာ ဆောင်ရွက် သွားရန်ရှိပြီး လက်ရှိ ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက် နိုင်အောင် လျာထားသောလုပ်ငန်းများ မှာ ရန်ကုန် ဆိပ်ကမ်း၊ လမ်းမတော် နယ်မြေ ရွာသစ်ချောင်းနဲ့ စဥ့်အိုးတန်းကြားရှိ နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသွား ဆိပ်ကမ်း များအဖြစ် ပြုပြင် ပြောင်းလဲ တည်ဆောက်ခြင်း၊ နောက်ခံမြေ ဧရိယာပေါ်မှာ ခေတ်မှီ စီးပွားရေး အဆောက်အအုံ များ တည်ဆောက်ခြင်းနှင့် ဆူးလေ ဆိပ်ကမ်း တံတား အမှတ် ၁ မှ ၄ အထိ အပြည်ပြည် ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည် သင်္ဘောကြီးများ ဆိုက်ကပ် နိုင်သည့် ဆိပ်ကမ်း အဖြစ် အဆင့်မြင့်တင် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လာမည့် သြဂုတ်လ အတွင်း တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက် သွားမှာ ဖြစ်ကြောင့်း ပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်ရဲ့ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပါရှိပြီး ပြည်တွင်း လုပ်ငန်းရှင်တွေ သာမက ပြည်ပ လုပ်ငန်းရှင် တွေကိုပါ ခေါ်ယူမှာ ဖြစ်ပြီး တင်ဒါ ခေါ်ယူ ထားတဲ့ လုပ်ငန်းရှင် များကို စိစစ်ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းကာ ရွေးချယ်မည်ဟု လည်းဖော်ပြပါရှိသည်။





By The Voice Weekly

No comments:

Post a Comment