Thursday 2 August 2012

အိမ်ခြံမြေဝန်ဆောင်မှု သင်တန်းများဖွင့်မည်


ရန်ကုန် (မဇ္ဈိမ) ။        ။ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအကြောင်း အသိပညာပြန့်ပွားရေး သင်တန်းများ ဖွင့်လှစ်၍ လုပ်ငန်းဝန်ဆောင်မှုနှင့် ပတ်သက်ပြီး နားလည်တတ်ကျွမ်းကြောင်း အောင်လက်မှတ်များ ထုတ်ပေးသွားမည် ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက ပြောသည်။

“မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင် စီးပွားရေး အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကအစ ရပ်ကွက်ပွဲစားတွေ အထိ သင်တန်းပေးဖို့ ရည်ရွယ်ထားတယ်” ဟု အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

လက်ရှိအသင်းဝင် အင်အား ၉၀၀ ရာနီးပါး ရှိပြီဖြစ်သည့် အသင်းကြီးက ရန်ကုန်မြို့မှာ ဂျုလိုင် ၃၀ ရက်နေ့က ကျင်းပ သည့် ရကုန်တိုင်းဒေသကြီးအဆင့် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အသင်းသားဦးရေ တိုးပွားရေးဆိုင်ရာ ဆွေးနွေး ပွဲတွင် ၎င်းကယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့မြို့နယ်အလိုက် ကျွမ်းကျင်မှု သင်တန်းတွေပေးမယ်၊ သင်တန်းမှာ ဥပဒေပိုင်းဆိုင်ရာတွေ၊ ဆွေးနွေးမှု ဆိုင်ရာပညာတွေ၊ စီမံခန့်ခွဲမှု ပညာရပ်တွေ သင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်သန်းက ပြောကြားသည်။

တဖန် အသင်း ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အသင်းတွင် ပွဲစားများ၊ အကျိုးဆောင်ကုမ္ပဏီများ ပါဝင်မည်ဖြစ်ပြီး အသင်းဝင်ကြေးတွေကိုလည်း ထိုက်သင့်သလို ကောက်ခံသွားမည်ဖြစ်ပြီး သုသေတန၊ ပြဿနာ ဖြေရှင်းရေးအဖွဲ့ အပါဝင်အဖွဲ့ ၇ ဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့အသင်းမှာ အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၆၀ လောက်ပါဝင်ဖို့ မျှော်မှန်းထားပါတယ်၊ ၁၈ လ အတွင်း အသင်းညီလာခံခေါ်ပြီး အမှုဆောင်အဖွဲ့ကိုဖွဲ့စည်းသွားပါမယ်" ဟု ဇွန်လ ၂၈ ရက်နေ့က တရားဝင် အသင်းဖွဲ့စည်းခွင့် ရခဲ့သည့် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။

အသင်းဝင်ကတ်ပြားများကို စမတ်ကတ် ထုတ်ပေးသွားမည် ဖြစ်ပြီး ယခုအခါ ရန်ကုန်တွင် အသင်းဝင် ၁၆၀ ခန့်နှင့် မန္တလေးတွင် ၇၂၀ ခန့် ရှိနေပြီ ဖြစ်သည်။

လွတ်လပ်ရေးရပြီးစက အရပ်ပွဲစားများသာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၄နောက်ပိုင်းတွင် သမာဓိ၊ ဧကရာဇ်ဦးစိုးအောင်၊ ကြည်စိုး I.C တို့ကလုပ်ကိုင်လာခဲ့သည်။၂၀၀၆ ခုနှစ်မှ စတင်၍ ရုံးခန်းငယ်များ၊ မှတ်ပုံတင်ထား
သော ကုမ္ပဏီများဖြင့် လုပ်ကိုင်လာခဲ့သည်။

By Mizzima

No comments:

Post a Comment