Thursday 2 August 2012

"တင်သွင်းကားသစ် မှန် အမှောင်လွှမ်းလျှင် လက်မခံ"

တင်သွင်းလာသော မော်တော်ယာဉ်အသစ်များ၏ မှန်များတွင် ဖောက် ထွင်းမြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းအထက်ရှိသည့် ယာဉ်များကိုသာ ခွင့်ပြု ထားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းလွင်က
 ပြောသည်။ ''ပြည်ပက တင်သွင်းလာတဲ့ ကားတွေမှာ ကနဦးမှတ်ပုံတင်စစ်ဆေး တဲ့အခါမှာ ကာလာမှန်တစ်မီတာ ဆိုတဲ့ အရောင်တင်ထားတဲ့ အတိုင်း အတာကို တိုင်းတာပြီး ဖောက်ထွင်း မြင်နိုင် စွမ်း ၆ဝ ရာခိုင်နှုန်းကနေ ၁ဝဝ ရာခိုင်နှုန်းအထိ ခွင့်ပြုထားပါတယ်။ သုည ကနေ ငါးဆယ်ရာခိုင်နှုန်းအထိ သာဖောက်ထွင်းမြင်နိုင်စွမ်းရှိတဲ့ မှန်တွေ ကိုတော့ ခွင့်ပြုထားမှုမရှိပါဘူး'' ဟု ဝန်ကြီးက ဆိုသည်။ ယင်းကဲ့သို့ ပြု လုပ်ရခြင်းမှာ အမြင်မသဲကွဲခြင်း၊ ညအခါမောင်းနှင် ချိန်တွင် အန္တရာယ်ဖြစ်နိုင်ခြင်းနှင့် မှန် အနက်ကိုအကာအကွယ်ယူပြီး ရာဇ ဝတ်မှု ကျူးလွန်ခြင်းများဖြစ်နိုင်ခြင်း ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ ကားထုတ် လုပ်မှုများကို လေ့လာရာ တွင် ကားမှန်တွင် ဖောက်ထွင်း မြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းထက် နိမ့်သော ကားမှန်များကို ထုတ်လုပ် မှုမရှိကြောင်း အများ အားဖြင့် အော် ဒါမှာယူတပ်ဆင်ခြင်းနှင့် စတစ်ကာများ ကပ်ထားခြင်း များရှိကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး အနေ နှင့် ယာဉ်စည်း ကမ်းချမှတ်ပေးခြင်းကို သာ လုပ်ဆောင်ပေးပြီး လိုက်နာမှု ရှိမရှိ ဖမ်း ဆီးစစ်ဆေးခြင်းကို သက် ဆိုင်ရာဒေသခံအာဏာပိုင်နှင့်ရဲတပ် ဖွဲ့က သာဆောင်ရွက်ကြောင်းဝန်ကြီး ၏ ပြောကြားချက်အရ သိရသည်။
အစိုးရသစ် လက်ထက်တွင် သတ်မှတ်ချက်နှင့် မညီသည့် ပြည်တွင်းဇုန် ထုတ်ကားနှင့် တရားမဝင် ခိုးသွင်းလာသော ကားများအပေါ် ဒဏ်ကြေး အဖြစ်ကောက်ခံရရှိသည့် ငွေကန်ဒေါ်လာ ၁၈၇၅၃၃၁ နှင့် မြန်မာငွေကျပ် ၆ ဒသမ ၂၆ ဘီလျံ အား နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းထားကြောင်း စက်မှုဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးမျိုးအောင်က ပြောသည်။ မော်တော် ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများ၊ တရားမဝင်ခိုးသွင်းလာသော မော်တော် ယာဉ်များ စူပါကပ် စတန်ကားများ ဝယ်ယူထားသူများ၊ သတ်မှတ်ချက်နှင့် မညီသော ကား များကို ယခုနှစ်ဇန်နဝါရီလ ၃၁ ရက် နေ့အထိ ဒဏ်ငွေကောက်ခံခဲ့ခြင်း ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမှု မလုပ်တော့ကြောင်း သိရသည်။








By AF Ijournal

No comments:

Post a Comment