Thursday 2 August 2012

ပဏာမလက်ရွေးစင်အသင်းတွင်ယူ-၂၂ အသင်းမှ ၁၄ ယောက်ပါဝင်

ဆူဇူကီးဖလားခြေစစ်ပွဲအတွက် ပဏာမမြန်မာ့လက်ရွေးစင်လူစာ ရင်း ထွက်ပေါ်လာခဲ့ရာ အာရှ ယူ-၂၂ ခြေစစ်ပွဲအောင် အသင်း မှ ကစားသမား ၁၄ ဦး ပြန်လည် ပါဝင်လာသည်။သြဂုတ် ၁ ရက်က ရွေးချယ် ဖွဲ့စည်းလိုက်သည့် ပဏာမလူစာ ရင်း ၂၈ ဦးတွင် မြန်မာ ယူ-၂၂ အသင်းမှ ထက်ဝက်ခန့် နေရာယူ ထားနိုင်ခဲ့ပြီး၊ အတွေ့အကြုံရှိ ကစားသမားများဖြစ်သည့် ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ ခင်မောင်လွင်၊ မိုးဝင်း၊ ရန်အောင်ကျော်၊ ပိုင်စိုး အစရှိသည့် ကစားသမားများ လည်းပါဝင်လာသည်။
ပဏာမလူစာရင်းတွင် လက် ရွေးစင်အသင်း တစ်ကြိမ်တစ်ခါမျှ အရွေးခံရခြင်း မရှိသည့် ကစား သမားနှစ်ဦး ပါဝင်လာခဲ့ပြီး ၎င်းတို့ မှာ မနောမြေဂိုးသမား ထွန်းလင်း စိုးနှင့် ဟံသာဝတီနောက်ခံလူ အောင်ဇော်တို့ဖြစ်ကြသည်။ ရှေ့ တန်းတွင် ဒဏ်ရာကြောင့် အနား ယူနေရသည့် အဓိကတိုက်စစ်မှူး ကျော်ကိုကို ပါဝင်လာခြင်းမရှိပေ။
မြန်မာ့လက်ရွေးစင်အသင်း ကို ကိုရီးယားလူမျိုး ပတ်ဆောင် ဟွာက နည်းပြချုပ်အဖြစ် ကိုင် တွယ်သွားမည်ဖြစ်ပြီး သြဂုတ် ၇ ရက်တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် ပဏာမမြန်မာ့ လက်ရွေးစင်သည် သြဂုတ်လ ၁၅ ရက်တွင် MNL All Star အသင်း နှင့် အောင်ဆန်းကွင်းတွင်လည်း ကောင်း၊ စက်တင်ဘာ ၁၁ ရက် တွင် စင်ကာပူလက်ရွေးစင်အ သင်းနှင့် သုဝဏ္ဏကွင်းတွင်လည်း ကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဏာမမြန်မာ့လက်ရွေးစင်ဂိုး - သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ထွန်းလင်းစိုး၊  နောက်တန်း - အောင်သိုက်၊ မိုး ၀င်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ ရန်အောင် ၀င်း၊ သက်နိုင်၊ ပြည့်ဖြိုးအောင်၊ သိန်းသန်းဝင်းအလယ်တန်း - ရဲဇော်ထက် အောင်၊ ခင်မောင်လွင်၊ ရန်အောင် ကျော်၊ နိုင်လင်းဦး၊ အောင်ချမ်းမိုး၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ ပိုင်စိုး၊ နန္ဒလင်းကျော်ချစ်၊ မျိုးဇော်ဦးရှေ့တန်း - ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ရန်ပိုင်၊ စိုးမြတ်သူ၊ ကောင်းစည်သူ

 By 7Day News Journal

No comments:

Post a Comment