Thursday 2 August 2012

"အခြေခံပညာသင်ကြားရေးစနစ် ပြောင်းပြန်လှန်ရေး လေးနှစ်စီမံကိန်းချ သင်တန်းပေး"

အခြေခံပညာအဆင့်တွင် ကလေးဗဟိုပြု ချဉ်းကပ်နည်းစနစ် ဖြင့် သင်ကြားပေးနိုင်ရန် စီမံကိန်း ၄ နှစ်ချ၍ သင်တန်းပေးနေ ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ 

”နှစ်စဉ် ကျောင်းပိတ်ရာသီ တွေမှာ ဆရာ၊ ဆရာမတွေကို သင်တန်းပေး မယ်”ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ပညာရေး ဝန်ကြီးဌာန၏ စီမံမှု ဖြင့် မြို့နယ် ၉၃ မြို့နယ်ရှိ ဆရာ၊ ဆ

ရာမ ၄၆ဝဝဝ ကို သင်တန်းပေး ထားပြီး ဖြစ်သည်။ စီမံကိန်းအရ ၂ဝ၁၂ မှ ၂ဝ၁၅ ခုနှစ် အထိ ဆောင်ရွက်သွားဦးမည်ဟု အထက် ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိ တွင် ဝန်ကြီးဌာန ဦး ဆောင်မှုဖြင့် ၂ဝ၁၅ ခုနှစ်ကုန် သည်အထိ မြို့နယ်များ အားလုံး ကလေးဗဟိုပြု ချဉ်းကပ်နည်းဖြင့် လွှမ်းခြုံနိုင်ရန် ဆောင်ရွက် သွားမည် ဟု သိရသည်။ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအထိ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီနှင့် ပူး ပေါင်း၍ ဆောင်ရွက် ခဲ့သေးကြောင်း ၄င်းက ပြောသည်။ မြို့နယ်များအားလုံး လွှမ်းခြုံ သွားနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင် စီနှင့် ပူးပေါင်း၍ ၂ဝဝ၄ ခုနှစ်က ဆောင် ရွက် ခဲ့ပြီး ၂ဝဝ၇ ခုနှစ် အရောက်တွင် မြို့နယ်ပေါင်း ၂၇ မြို့နယ်၊ ၂ဝ၁၁ ခုနှစ် ၁၂ လပိုင်း အရောက်တွင်မြို့နယ်ပေါင်း ၄ဝ အထိ ကလေးဗဟိုပြု သင်ကြား နည်းစနစ်ဖြင့် လွှမ်းခြုံနိုင်ခဲ့ကြောင်း စာရင်းများ အရ သိရသည်။အခြေခံပညာရေး လေ့လာနေ သူ ပညာရှင်တစ်ဦးက ”ကလေး ဗဟိုပြုပြီး သင်ကြားနည်းစနစ်က ကောင်းမွန်တဲ့ အတွက် နိုင်ငံ တကာ က လက်ရှိမှာကျင့်သုံးနေတာပဲ။ ဆရာ၊ ဆရာမ အချို့အတွက် ရှေ့ ပိုင်းမှာ နေသားမကျ ဖြစ်နိုင်ပေမယ့် စနစ်က ကောင်းတာကြောင့် လိုက် လံ ကျင့် သုံးသွားသင့်တယ်” ဟု မှတ်ချက်ပြုသည်။ ပညာရေးစီမံကိန်းနှင့် လေ့ ကျင့် ရေးဦးစီးဌာန တာဝန်ရှိသူက ”လိုက်လံ စစ်ဆေးမှုကို ဖွဲ့ပေးထားတဲ့ အဖွဲ့တွေက ပြုလုပ်ကြမှာပါ။ စစ်လည်း စစ်ဆေးနေပါတယ်”ဟု ပြောသည်။





By AF Ijournal

No comments:

Post a Comment