Thursday 2 August 2012

"ဂျပန် နစ်ဆန်းကားစက်ရုံတည်ရန် ပဲခူးတွင် မြေရှာနေ"

ဂျပန်နစ်ဆန်းကားကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် အတွက် ပဲခူးတွင် မြေဧက ၁ဝဝ ရှာဖွေလျက်ရှိကြောင်း စက်မှု ကုန်ထုတ်သူများ အသင်းမှ သိရသည်။
”ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကိုလည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်းလုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်”ဟုစက်မှု ကုန်ထုတ်သူအသင်းမှ တာဝန်ရှိသ

ူ တစ်ဦးက ပြောသည်။မလေးရှားအခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည် ဆောက် ရန် မြေနေရာ ရှာဖွေခြင်း ဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေ နေရာအားလေ့လာ၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။ ”CKDစနစ်နဲ့လုပ်မယ် ပြော တယ်။ ဟိုကနေ ပစ္စည်းတွေ ယူ လာပြီး ဒီမှာတပ်ဆင်ထုတ်လုပ်သွား မှာပါ”ဟု ကုန်သည်စက်မှု အသင်း ချုပ် အလုပ်အမှုဆောင် ဦးအေးထွန်း က ပြောသည်။ မြန်မာနိုင် ငံတွင် ကားထုတ် လုပ်သည့် ကုမ္ပဏီများအပြင် ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများလည်းများစွာလိုအပ်နေသေး ကြောင်းစက်မှုကုန်ထုတ်သူများ အသင်းမှ ဦးဇော်မင်းဝင်းကပြောသည်။ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကားများအနက် ၉၈ ရာခိုင်နှုန်း မှာ ဂျပန်ကားများဖြစ်ပြီး တရုတ် ကားမှာ ၂ ရာခိုင်နှုန်းခန့်ရှိကာ ကျန်ကား များမှာ ဝ ဒသမ ၄ရာခိုင်နှုန်းရှိကြောင်း ကုန်သည် စက်မှုအသင်းချုပ် အတွင်းရေးမှူး ဦးမိုးကျော်ထံမှ သိရသည်။








By Popular Myanmar News Journal

No comments:

Post a Comment