Thursday 2 August 2012

"ဈေးဝယ်ကတ်များ လူထုလက် ရောက်တော့မည်"

MPU (ဈေးဝယ်ကတ်)စနစ် စမ်းသပ်အောင်မြင်ပြီဖြစ်သောကြောင့် အများပြည်သူသုံးစွဲရန် ချထားပေးတော့မည်ဟုMPU စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
”စမ်းသပ်တာ အောင်မြင်သွား ပြီဆိုတော့MPU ကော်မတီအစည်း အဝေး လုပ်ပြီးရင် အများပြည်သူ တွေအသုံးပြုနိုင်မယ့် ရက်ကိုကြော် ငြာပေးပါ့မယ်”ဟု MPU စီမံခန့်ခွဲ မှုကော်မတီမှ အတွင်းရေးမှူးဦးရဲမင်း ဦးက ပြောသည်။MPU ကတ်စနစ်အကောင် အ ထည်ပေါ်ပါက ပ

ထမအဆင့်အနေ ဖြင့် ငွေထုတ်ငွေသွင်း ကိစ္စရပ်များ ကို မည်သည့်ဘဏ် ATM စက်တွင် မဆို ပြုလုပ်နိုင်မည်ဖြစ်ကာ MPU စနစ်တပ်ဆင်ထားသော ဆိုင်များ တွင် MPU ကတ်ဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။MPU စနစ်ကို ပြည်တွင်းရှိ အစိုးရဘဏ်သုံးဘဏ်နှင့် ပုဂ္ဂလိက ဘဏ် ၁၆ ဘဏ်တို့မှ ချိတ်ဆက် ၍ အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းဖြစ်ပြီး အဆိုပါစနစ်ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီမှစတင် ကာ အစီအစဉ်ရေးဆွဲအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ ကော်မတီအနေဖြင့် MPU စနစ်ကို အဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင် ပထမ အဆင့်အဖြစ် ပြည်တွင်းငွေပေးချေ မှုအတွက် ဘဏ်များအားလုံး ပါဝင် သော ကတ်၊ ဒုတိယအဆင့်အနေ ဖြင့် နိုင်ငံခြားမှလာရောက်သုံးစွဲမည့် ဗီဇာ၊ မာစတာကတ်များအား လက် ခံနိုင်ခြင်း၊ တတိယအဆင့်အနေဖြင့် မြန်မာ့ MPU ကတ်အား ပြည်ပ၌ ပါ ငွေပေးချေနိုင်သည်အထိ ပြုလုပ် သွားရန်ဖြစ်ကြောင်း သိရသည်။





By Popular Myanmar News Journal

No comments:

Post a Comment