”အဆင့် ၁ မှာ ကျပ်သန်း ၄ဝဝ ကို အသုံးပြုသွားမယ်”ဟု ၄င်းက ပြောသည်။ မြို့ပတ်ရထား အဆင့်မြှင့်တင် ရာတွင် ဂျပန်နိုင်ငံ၏ အကူအညီပေး မှုများ နောက်ပိုင်းတွင်ရှိ လာမည် ဖြစ်သော်လည်း အကူအညီမရမီစပ် ကြားမီးရထားပိုင်ငွေကြေးဖြင့် ဦးစွာ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၄င်း က ဆက်လက်ပြောသည်။ အဆင့် ချင်းအလိုက် မြို့ပတ် ရထားအဆင့်မြှင့်မှုတွင် ရထားလမ်း ပိုင်းများ ပြုပြင် ထိန်းသိမ်းမှု ဆောင် ရွက်ခြင်း၊ တွဲဆိုင်းများ သစ်လွင်အောင် ဆောင် ရွက် ခြင်း၊ ထိုင်ခုံများ အဆင့်မီတပ် ဆင်ခြင်း ကိစ္စရပ်များ ပါ ဝင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ”အခု ဇာသပြင်မှာ တွဲဆိုင်း တွေ ပို့ထားပြီး အကြီးစားပြုပြင် နေပါတယ်။ အသေးစားကိစ္စရပ်တွေ တော့ ရန်ကုန်မှာပဲလုပ်နေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ က ပြော သည်။ တစ်နေ့လျှင် လူတစ်သိန်းခန့် စီးနင်းနေသည့် ရန်ကုန်မြို့ပတ် ရထား အား သမ္မတ၏ အ လျင်အ မြန်ဖော်ဆောင်ရမည့်လမ်းညွှန်မှုအရ ယခုကဲ့ သို့ ဆောင်ရွက်ရခြင်း ဖြစ် သည်ဟု ၄င်းကထပ်မံပြောသည်။ ရန်ကုန်မြို့ ပတ်ရထား ပြေးဆွဲ ရေးလုပ်ငန်းကို တိုင်းရ င်းသားလုပ် ငန်းရှင်များထံသို့ လွှဲအပ်ရန် မြန်မာ့ မီးရထားမှ လုပ်ဆောင်ခဲ့သော်လည်း ကုမ္ပဏီများမှ လုပ်ကိုင်နိုင်ရန် ဆွေး နွေးညှိနှိုင်းဆဲအဆင့်တွင်သာ ရှိနေ သေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
By AF Ijournal
No comments:
Post a Comment