Friday 10 August 2012

ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ NLD တင်သွင်းသော အဆိုကို ကြံ့ဖွံ့ပယ်ချ


7နေပြည်တော်၌ ကျင်းပသော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှ တင်သွင်းလိုက်သောအဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

NLD ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသွားသော အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ
မသမာသောနည်းလမ်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှုရှိခြင်း၊ မသမာသောနည်းလမ်းများဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးနှင့် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက် ချမှတ်ပြီး ဖေါ်ထုတ်အရေးယူပေးသွားပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကြံ့ခိုင်ရေးပါတီမှ ရခိုင်ပြည်နယ်အတွင်း ပုဒ်မ ၁၄၄ အမိန့် ရုတ်သိမ်းပြီးချိန်မှသာ ယခုအဆိုကို ဆွေးနွေးလိုကြောင်း၊ လတ်တလောဆွေးနွေးလိုက်ပါက မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု အကြောင်းပြကာ ပယ်ချလိုက်ခြင်းဖြစ်ကြေင်း သိရှိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယင်းအဆိုနဲ့ပတ်သတ်၍ ထောက်ခံသူများရှိပါသလားဟု မေးရာတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ခင်မောင်မှ ထောက်ခံခဲ့ပြီး ပယ်ချသူများ ရှိပါသလားဟု မေးရာတွင် ကြံ့ဖွံ့ပါတီ အမတ်တစ်ဦးမှ ၄င်းအဆိုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ညနေ ၆ နာရီမှ နံနက် ၆ နာရီကို ညနေ ၅ နာရီမှ နံနက် ၇ နာရီအထိ တိုးချဲ့လိုက်ကြောင်းလည်း သိရှိရသည်။

နယ်မြေဒေသ လုံခြုံမှုမရှိသည့် အခြေအနေနှင့် တစ်ဖက်နိုင်ငံတွင် အခြေစိုက်သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် လက်နက်ကိုင်တပ်များ ဝင်ရောက်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း နယ်စပ်လေ့လာသူများက ပြောသည်။

By Arakan Times

No comments:

Post a Comment