
ဆောက်လုပ်ရေး ကုမ္ပဏီမှမန်နေ
ဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။
ထိုစီမံကိန်းကို အမေရိက၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ် စသည့် နိုင်ငံတကာ ဗိသုကာပညာရှင်များ ပါဝင်သည့် SCPအဖွဲ့နှင့်မန္တလေး မှ မြန်မာဗိသုကာများပါဝင်သည့် C.A.D အဖွဲ့များ ပူးပေါင်းပုံစံ ထုတ် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့်အကျိုးတူlNew Star Light ဆောက်လုပ်ရေးနှင့် C.A.D ဆောက်လုပ်ရေးတို့မှ မြန်မာကျပ်ငွေ ၉၁ ဘီလီယံ ရင်းနှီး မြှုပ်နှံမည်ဟုသိရသည်။ မန္တလေးမြို့ ၇၃ လမ်း၊ သဇင် လမ်းနှင့်ငုရွှေဝါလမ်းကြား၊ ချမ်းမြ သာစည်မြို့နယ် နိုင်ငံတကာဘော လုံးကွင်းသစ်ကြီးနှင့်မျက်နှာချင်း ဆိုင်ရှိ မြေဧရိယာ ၄၇ ဧကတွင် တည်ဆောက်သွားမည်ဖြစ်သည်။
" မျက်နှာချင်း ဆိုင်မှာရှိတဲ့ နိုင်ငံတကာ အားကစားကွင်းကြီး ကိုအထောက်အကူပြု အဆောက် အဦတွေဖြစ်တဲ့ ကားပါကင်၊ ဟို တယ်တွေ၊ စူပါမားကက်တွေအ ပြင် အိမ်ရာ စီမံကိန်းလည်း ပါဝင် ပါတယ်။ လမ်းတွေမပြီး၊ ဘာတွေ မပြီးနဲ့ မြေကွက်ရိုက်ပြီးပေးလိုက် တဲ့ စီမံကိန်းပုံစံမျိုးတွေကနေ ခွဲ ထွက်ပြီး အခြေခံအဆောက်အအုံ တွေဆောက်လို့အားလုံးပြီးမှဒီမြေ ကွက်တွေကို ရောင်းပေးသွားမှာ ပါ။ ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့ပုံစံ မျိုးလည်းမဟုတ်ပါဘူး။ ရေမြောင်း တို့၊ လျှပ်စစ်မီးစနစ်တွေကိုလည်း မြေအောက်စနစ် အသုံးပြုမှာပါ။ လုံခြုံရေးစနစ်၊ မီးအန္တရာယ် ကာ ကွယ်မှုစနစ်၊ မြေခင်းအလှဆင် စတာတွေအတွက်လည်း စနစ်တ ကျဆောင်ရွက်ထားပါတယ်။ နိုင်ငံ တကာအဆင့်မီတဲ့ မြို့ပြစီမံကိန်း စံနမူနာဖြစ်အောင်၊ ဒေသတွင်း စီး ပွားရေးလုပ်ကိုင်မှု အခွင့်အလမ်း တွေ တိုးအောင်ရည်ရွယ်တဲ့ စီးပွား ရေးဖွံ့ဖြိုးမှုကို အခြေပြုတဲ့ စီမံ ကိန်းတစ်ခုပါ"ဟု C.A.D ဆောက် လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေကပြောသည်။
မင်္ဂလာမန္တလေးစီမံကိန်းတွင် လူနေအိမ်ရာများ၊ ကြယ်လေးပွင့် အဆင့်ဟိုတယ်တစ်လုံး၊ ကြယ်သုံး ပွင့်အဆင့်ဟိုတယ်တစ်လုံး၊ အမိုးခုံး စင်္ကြံနှင့် လူနေဆိုင်တန်း (Shopping Arcade ) များ၊ ရှော့ပင်း စင်တာ၊ ကွန်ဒိုမီနီယံနှစ်လုံး၊ ကား အစီးရေ ၁ဝ၀ဝ၊ မော်တော်ဆိုင် ကယ်စီးရေ ၃ဝ၀ဝရပ်နားနိုင်မည့် လေးထပ်ကားပါကင်၊လမ်းလျှောက် ဈေး(Walking Street) )စသည် များပါဝင်မည်ဖြစ်သည်ဟု ဆို သည်။ လာမည့် ၂၀၁၃ ခုနှစ် ဒီဇင် ဘာတွင် ကျင်းပမည့်ဆီးဂိမ်းအမီ ကြယ်သုံးပွင့်အဆင့် ဟိုတယ်၊ ရှော့ပင်းစင်တာ၊ ဈေးဆိုင်များ၊ ကားပါကင်တို့ကိုအပြီးသတ်တည် ဆောက်မည်ဖြစ်ပြီး လူနေအိမ်ရာ များကိုမူ ၂ နှစ်အတွင်းအပြီးတည် ဆောက်သွားမည်ဟု ဦးဇင်မင်း ဆွေက ပြောကြားသည်။
By ရိုးရာလေး
No comments:
Post a Comment