Friday 10 August 2012

ရခိုင်ပြည်နယ်အတွက် ကျပ်သိန်းပေါင်း သုံးထောင်ကျော် လှူဒါန်းထားသည့် ရုပ်ရှင်အစည်းအရုံး တတိယအကြိမ်လှူဦးမည်


ရန်ကုန်၊ သြဂုတ် ၆
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ရခိုင်ပြည်နယ် အတွက် လှူဒါန်းမှု ငွေပမာဏမှာ ကျပ် သိန်း (၃ဝ၅၁၅ဝဝဝဝ) ကျပ်အထိ  ရှိခဲ့ပြီး တတိယအကြိမ် အနေနဲ့ လက်ကျန်ငွေ များကို သွားရောက် လှူဒါန်းဖို့
စီစဉ်နေကြောင်း အစည်းအရုံးမှ သိရသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ မှ တာဝန်ရှိသူများနဲ့ အနုပညာရှင် များစုပေါင်းကာ ရခိုင်ပြည် နယ် အတွက် ဒုတိယအကြိမ် လှူဒါန်းမှုကို ဇူလိုင် ၁၈ ရက်နေ့မှ ၃ဝ ရက် နေ့အထိ စစ်တွေမြို့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော အစရှိ သော မြို့များမှာ ဆေးဝါး၊ ဆန် အိတ် (၂ဝဝဝ)၊ ပဲ၊ ဆီ၊ ဆား၊ ကြက်သွန်၊ အဝတ်အစား၊ ရိက္ခာ အသုံးအဆောင်များအပြင် မောင်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း ပြန်လည် တည်   ဆောက် ရန်အတွက် ၁  ကျောင်းလျှင် ကျပ်သိန်းနှစ်ရာတိတိ မတည်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။ ဒုတိယ အကြိမ်အနေနဲ့ လှူဒါန်းခဲ့သည့် ဆေးဝါးတန်ဖိုးစုစုပေါင်း သိန်းရှစ်ရာ သုံးဆယ်၊ဆန်အိတ် ၂ဝဝဝအတွက် ကုန်ကျမှုတန်ဖိုး ကျပ်သိန်းသုံးရာ သုံးဆယ့်ခြောက် သိန်းငါးသောင်း အထိရှိခဲ့ပြီး၊ ပဲ၊ ဆီ၊ ဆား၊ ကြက်သွန်၊ အဝတ် အထည်နဲ့ ရိက္ခာ အသုံးအဆောင်များ၏ ကန်ကျမှု တန်ဖိုး စုစုပေါင်းကတော့ ကျပ်သိန်း တစ်ရာရှိကြောင်း သိရသည်။ ၄င်းအပြင် မောင်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း ပြန် လည်တည်ဆောက်ရန်အတွက် မတည်ငွေ တန်ဖိုးမှာ ကျပ်သိန်း တစ်ထောင့်ခြောက်ရာ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေး ရန်ပုံငွေ ပေဒေသာကပွဲမှ ရရှိခဲ့ သော လက်မှတ်ရောင်းရငွေ၊ အလှူ ရှင်များမှ လှူဒါန်းငွေ၊ နယ်အလှူ ရှင်များမှ ဘဏ်လွှဲငွေဖြင့် လှူဒါန်းငွေ အားလုံးအပါအဝင် စုစုပေါင်း ရရှိငွေမှာကျပ်သိန်း သုံးထောင့်ခြောက်ရာ ခြောက်ဆယ့်ခြောက်သိန်း ငါးသောင်းငါးထောင် ခုနစ်ရာငါးဆယ့်ငါးကျပ် (၃၆၆၆၅၆၇၅၅) အထိ ရရှိခဲ့ပြီး ရခိုင် ပြည်နယ်ကို ပထမအကြိမ် လှူဒါန်းမှု အနေနဲ့ ကျပ်သိန်း ၉၃၂ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ၄င်း အပြင် ရခိုင်ပြည်နယ် အတွက် ကျပ် သိန်းပေါင်း သုံးထောင်ကျော် လှူဒါန်းသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး တတိယအကြိမ် လှူဦးမည်ဟု သိရ သည်။

By Popular Myanmar News Journal

No comments:

Post a Comment