Friday 10 August 2012

ကမ္ဘာလုံးဆိုင်ရာ ပညာရေး သပိတ်ကြီးမှာ ပါဝင် ဆင်နွှဲကြလော့!


နိုင်ငံတကာ ကျောင်းသားလှုပ်ရှားမှုအဖွဲ့ (International Student Movement) က ကမ္ဘာလုံးဆိုင်ရာ ပညာရေးသပိတ်ကြီး ဆင်နွှဲကြရန် တကမ္ဘာလုံးသို့ ဇူလိုင်လ (၂၉) ရက်နေ့က ဆော်သြထားသည်။
ကြေငြာချက်အပြည့်အစုံမှာ-


ကမ္ဘာလုံးဆိုင်ရာ ပညာရေးသပိတ်
(၂၀၁၂) ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့နှင့် နိုဝင်ဘာလ (၁၄-၂၁) ရက်နေ့
ကမ္ဘာလုံးဆိုင်ရာ ပညာရေးသပိတ်ကြီး ဆင်နွှဲကြရန် ကျွန်ုပ်တို့ ဆော်သြလိုက်သည်။ ဤသို့ ပညာရေးသပိတ် ဆင်နွှဲရန် တကမ္ဘာလုံးသို့ တင်ပြ ညှိနှိုင်းခြင်းသည် ကမ္ဘာမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ကျွန်ုပ်တို့ တသွေး တည်း၊ တသံတည်း သွေးစည်း ညီညွတ်ကြမည်ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် မည်သည့်နေရာမှာ နေကြသည်ဖြစ်စေ၊ အမျိုးသားအစိုးရ၊ အမြတ်ရှာလိုသူများနှင့် ၄င်းတို့၏ ပညာရေးအပေါ် ချုပ်ကိုင်ထားမှုတို့နှင့် ကြုံတွေ့ နေရခြင်းကြောင့်ဖြစ်သည်။

တိုးသည်ထက် တိုးလာနေသော ပညာသင်ကြေးငွေ၊ ပညာရေး ဘတ်ဂျက် ဖြတ်တောက်ခြင်း၊ တိုင်းပြည်ပြင်ပသို့ ပညာရေးလုပ်ငန်း တိုးချဲ့ခြင်း၊ ကျောင်းများကို ပိတ်ပစ်ခြင်းတို့သည်၎င်း၊ အခြားသော အခြင်းအရာတို့သည်၎င်း ပညားရေးကို စီးပွားရေး လုပ်ငန်းအဖြစ်လုပ်ခြင်းနှင့် ပုဂ္ဂလိကပိုင် လုပ်ခြင်းတို့နှင့် ဆက်စပ်နေသည်။

 တကမ္ဘာလုံးအနှံ့ ကျွန်ုပ်တို့ စည်းလုံး ညီညွတ်ကြမှသာလျှင် ဤအရာများကို ကျော်လွှား လွန်မြောက်နိုင်ပြီး၊ ကျွန်ုပ်တို့ အားလုံးအဖို့ လွတ်လပ်သော ပညားရေးကို အခမဲ့ သင်ယူနိုင်ကြမည် ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံးသည် ပညာရေး အသုံးစားရိတ် ဖြတ်တောက်မှုကို တိုက်ပွဲဆင် နေလျက်ရှိသည်။ ကျွန်ုပ်တို့ အားလုံးသည် ကျောင်းသား အကြွေး ထဲမှာ နစ်နေလျက်ရှိသည်။

ဤအကြွေးများကို ပြန်ဆပ်ရန် ဖိအားပေးနေမှု ကြောင့်ပင်လျှင် ကျွန်ုပ်တို့မှာ စိတ်မသက်မသာ ခံစား နေရသည့်ပြင်၊ ပညာရေး ကန့်သတ်ချုပ်ချယ်မှုများ၊ တိုး သည်ထက် တိုးလာနေလျက်ရှိသော ပညာသင်ကြေးများနှင့် အခြားသော ပညာ သင်ကြားမှုဆိုင်ရာ အဟန့်အ တားများကြောင့် သည်းမခံနိုင်လောက်အောင် ဖြစ်နေကြသည်။


ငွေကြေး တတ်နိုင်မှုအဆင့်နှင့် လူတန်းစားအဆင့် မည်သို့ပင်ရှိစေကာမူ လူတိုင်း ပညာ သင်ကြားနိုင် ရမည်ဖြစ်သည်။

အရာကိစ္စတိုင်းမှာ (တိုင်းတာ၍ မရသော ကိစ္စများမှာပါ) တိုင်းတာမှုဖြင့် ဆုံးဖြတ် သတ်မှတ်နေခြင်းကို ရပ်တန်းက ရပ်သင့်ပြီ။

အရာရာကို အဆုံးအဖြတ် ပေးရာ၌ တခုတည်းသော စံအဖြစ် ယှဉ်ပြိုင်မှုကိုသာ ကျင့်သုံးနေခြင်းကို  ကျွန်ုပ်တို့ စိတ်ကုန်ခမ်းနေလျက် ရှိသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့ တခုခုလုပ်ရန် အချိန်တန်ပြီ ဖြစ်သည်။ သွေးစည်း ညီညွတ်ကြလော့!

We are all people affected by the increasing commodification and commercialization of education. This is vividly portrayed by the symptoms affecting us, such as schools and universities being de-democratized and the further implementation of more hierarchical structures. The education market and competition between institutions is being facilitated by governments around the world, which are increasingly privatizing education, health care, and all other social needs.

ပညာရေးကို ရောင်းကုန်လုပ်ခြင်းနှင့် စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ခြင်းတို့၏ ဒဏ်ကို ကျွန်ုပ်တို့ အားလုံး ခံစားနေကြရသည်။ ကျောင်းများနှင့် တက္ကသိုလ်များမှာ ဒီမိုကရေစီ ရုပ်သိမ်းခြင်း၊ ကွပ်ကဲရေး အဆင့်များကို တိုးမြှင့်ကျင့် သုံးခြင်းကဲ့သို့သော လက္ခဏာရပ်များကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခံစားနေရပုံကို ကွက်ကွက် ကွင်းကွင်းမြင် နိုင်ပါသည်။

 ကမ္ဘာတ၀ှမ်းလုံးမှာ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေး ၀န်ဆောင်မှု လုပ်ငန်းများကို တခုပြီးတခု ပုဂ္ဂလိကပိုင် လုပ်ငန်းများအဖြစ် ပြောင်းလဲ ပစ်နေသော အစိုးရများက ပညာရေး ဈေးကွက်နှင့် ကျောင်းအချင်းချင်း ယှဉ်ပြိုင်မှုတို့ကို အားပေးနေလျက်ရှိသည်။

In June 2012 alone, we recorded 45 protests in more than 40 cities in connection with the struggle for free emancipatory education. Governments have chronically underfunded the institutions, often using  the current economic crisis as a pretext. They promote 'solutions' such as: rankings encouraging competition; closing schools that 'underperform'; increasing student enrollment without increasing  faculty, staff, and student resources; outsourcing everything that can be outsourced; promoting elite institutions. All these 'solutions' are steps towards an increasing commodification and privatization of education, which also has negative impacts on the conditions for teaching and learning.

(၂၀၁၂) ခုနှစ်၊ ဇွန်လ တစ်လတည်းမှာပင် လွတ်လပ်သော ပညားရေးကို အခမဲ့ သင်ကြားခွင့် ရရှိရေးအတွက် တိုက်ပွဲ ဆင်နေခြင်းများနှင့် ပတ်သက်၍ မြို့ကြီးပေါင်း (၄၀) ကျော်မှာ ဆန္ဒပြပွဲပေါင်း (၄၅) ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်။

အစိုးရများက ပညာရေးအတွက် ထောက်ပံ့မှု အလုံအလောက် မပေးဘဲ ထားခဲ့သည် မှာ ကြာမြင့်ခဲ့ပြီဖြစ် သည်။

လက်ရှိဖြစ်ပွားနေသော စီးပွားပျက်ကပ်ကို အကြောင်းပြ နေကြသည်။ ယှဉ်ပြိုင်မှု ဖြင့် အဆင့် သတ်မှတ်ခြင်း၊ ‘အဆင့် မမီသော’ ကျောင်းများကို ပိတ်ပစ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ဌာနများ၊ ပညာရေး ၀န်ထမ်းများ၊ ကျောင်းသားများ အသုံးပြုရမည့် အရင်းအမြစ် များကို တိုးပေးခြင်း မရှိဘဲ ကျောင်းသား ဦးရေ တိုး၍ လက်ခံခြင်း၊ ဖြစ်နိုင်ပါက တိုင်းပြည် ပြင်ပသို့ ပညာရေး လုပ်ငန်းတိုးချဲ့ခြင်း၊ အခွင့်ထူးခံ ကျောင်းများ တည်ထောင်ရန် အားပေးခြင်းကဲ့သို့သော ‘ဖြေရှင်းနည်းများ’ ကို (တလွဲ) ကျင့်သုံးကြသည်။

The education market and national states require that profits take priority over developing the capabilities for emancipatory thinking. Both need obeying 'citizens', consumers and cheap labour, not emancipated individuals living self-determined lives.

ပညာရေး ဈေးကွက်နှင့် တိုင်းပြည် အစိုးရများက လွတ်လွတ် လပ်လပ်လပ် တွေးခေါ်နိုင်သော စွမ်းရည်များ ဖြစ်ထွန်းရေးထက် အမြတ် ရရေးကိုသာ ဦးစားပေးသည်။

၎င်းတို့ နှစ်ခု စလုံးသည် နာခံ ရိုကျိုးသော စားသုံးသူ ‘နိုင်ငံသားများ’ နှင့် ဈေးပေါသော လုပ်အားကိုသာ အလိုရှိသည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နေထိုင်သော လွတ်လပ်သူ များကို အလိုရှိကြသည် မဟုတ်ချေ။

We are being mechanized to function as cogs in the capitalist machine. We are socialized to compete with our fellows on every level. Our creativity, our energy and our free spirits are actively being crushed by the educational institution.

ကျွန်ုပ်တို့သည် အရင်းရှင်ယန္တရားထဲမှာ ခွေးသွား စိတ်ဘီး ကလေးများအဖြစ် အသုံးချခံနေကြရသည်။ ကျွန်ုပ်တို့သည် ပညာသင်ကြားမှု အဆင့်တိုင်းမှာ ကျွန်ုပ်တို့၏ ကျောင်းနေဘက်များနှင့် ယှဉ်ပြိုင်ရသည့်အဖြစ်သို့ တွန်းပို့ ခြင်းခံနေကြရသည်။

ကျွန်ုပ်တို့၏ တီထွင်ဖန်တီးနိုင်စွမ်း၊ ကျွန်ုပ်တို့၏ စွမ်းအင်၊ ကျွန်ုပ်တို့၏ လွတ်လပ်သော စိတ်ဓါတ်တို့သည် ပညာရေး အဖွဲ့အစည်း၏ နာနာ နင်းခြေခံရလျက်ရှိသည်။

The education system within capitalism consists mainly of training factories which are supposed to produce human capital for the exploitation on the labour market as well as knowledge to be commodified. To point out these links and interrupt this mode of production we herewith call for the closing down of educational institutions worldwide during the Global Education Strike.

အရင်းရှင် ပညာရေးစနစ်သည် အဓိကအားဖြင့် လုပ်အား ဈေးကွက်မှာ သွေးစုပ်ရာ၌ သုံးစွဲမည့် လူသားအရင်း အနှီးကိုသာမက ရောင်းကုန် အဖြစ်သုံးမည့် အသိပညာကိုပါ ထုတ်လုပ်ရန်ရည်ရွယ်ထားသော လေ့ကျင့်ရေး စက်ရုံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဤဆက်စပ်နေမှုကို ထောက်ပြရန်နှင့် ဤထုတ်လုပ်ရေးနည်းလမ်းကို နှောင့်ယှက် ဟန့်တားရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပညာရေး သပိတ်ကာလအတွင်းမှာ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို ပိတ်ထားရန် ဤကြေငြာချက်ဖြင့် ကျွန်ုပ်တို့ နှိုးဆော်လိုက် ရပါသည်။

Fight back! Join in the GLOBAL EDUCATION STRIKE
.
တုန့်ပြန် တိုက်ခိုက်ကြလော့! ကမ္ဘာလုံးဆိုင်ရာ ပညာရေး သပိတ်ကြီးမှာ ပါဝင် ဆင်နွှဲကြလော့!။

All justice begins with knowledge. Stand with us as one this October and November, and the whole world will hear our call to Reclaim Education.

 တရားမျှတမှု မှန်သမျှသည် သိမြင်မှုမှ နေ၍ စတင်ခြင်းဖြစ်သည်။ ဤနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတွင် ကျွန်ုပ်တို့နှင့် တလုံးတစည်းတည်း ရပ်တည်ကြလော့။

ကျွန်ုပ်တို့၏ ပညာရေးစနစ် အဖတ်ဆည်ရေး တောင်းဆို ချက်ကို တကမ္ဘာလုံး ကြားကြပါစေ။
မောင်မောင်သန်း
GLOBAL EDUCATION STRIKE
Oct.18th & Nov.14-21st 2012

မောက္ခ

ရွှေမြန်မာ

No comments:

Post a Comment