Thursday 16 August 2012

မြေနီကုန်းတွင် သမ္မတမိန့်ခွန်းအား ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများ တရားစွဲခံရ


မြေနီကုန်း  UNHCR ရုံးရှေ့တွင် သမ္မတကြီးမိန့်ခွန်းကို အားပေးထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများမှ (၄)ဦးအား စမ်းချောင်းရဲစခန်းက  ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ရာ
 သြဂုတ်လ (၁၆)ရက်နေ့တွင် တရားလိုပြသက်သေ စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အမှုတွင် စမ်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဦးဇော်ဇော်က တရားလိုပြသက်သေအဖြစ် စမ်းချောင်းမြို့နယ် တရားရုံးတွင်ထွက်ဆိုသွားမည်ဟု သိရသည်။

ယခုလ (၃)ရက်နေ့တွင် မြေနီကုန်း UNHCR ရုံးရှေ့၌ ရိုဟင်ဂျာလူမျိုးရေးနှင့် ပတ်သက်၍ သမ္မတ ကြီး မိန့်ခွန်းအား ထောက်ခံပါသည်ဟု ဆန္ဒဖော်ထုတ်ဖော်ခဲ့သူများအား တရားစွဲခံရခြင်းဖြစ်သည်။

''ပုဒ်မ(၁၈)နဲ့စွဲတယ်။ ဘာပုဒ်မလဲတော့ မသိသေးဘူး။ တရားရင်ဆိုင်တဲ့နေ့မှာ တခြားသူတွေပြောတာ ကတော့ လူအခွင့်အရေး ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)လိုတော့ ပြောတာကြားမိတယ်။ ဘာကြောင့်စွဲတယ် ဆိုတာတော့ (၁၆)ရက်နေ့ရုံးချိန်းကျ တရားလိုကို စစစ်မှပဲ သိရမှာပါ။''ဟု တရားစွဲခံရသူများထဲမှ တစ်ဦးဖြစ်သူ ကိုသူရထွန်းက ပြောသည်။

ဆန္ဒဖော်ထုတ်သည့်သူများထဲမှ(၄)ဦးသည် ဆန္ဒဖော်ထုတ်လျှင် ခွင့်ပြုချက်ယူရမည်ကို သိရှိကာ စမ်းချောင်းရဲစခန်းတွင် ခွင့်ပြုမိန့်ယူခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပဲ ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် ယခုကဲ့သို့ တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း တရားစွဲခံရသူများက ပြောသည်။

''သူတို့ ၄ ယောက်က စမ်းချောင်း ရဲစခန်းမှာသွားပြီးတော့ ဆန္ဒဖော်ထုတ်ခွင့်ကို လျှောက်တယ်။ သူတို့နာမည်တွေ သွားပေးလိုက်တယ်။ ခွင့်ပြုမိန့်ကျမလာပဲ လုပ်လိုက်သလို ဖြစ်သွားတာ ခွင့်ပြုမိန့် လျှောက်တဲ့သူတွေပဲ တရားစွဲခံလိုက်ရတဲ့ သဘောမျိုးဖြစ်သွား တာပေါ့။''ဟု ကိုသူရထွန်း၏အမ မဆွေဇင်အိက ပြောသည်။

တရားစွဲခံရသူ(၄)ဦးမှာ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း၊ ကိုဝင်းခန့်နှင့် ကိုအောင်နိုင်ထွန်းတို့ ဖြစ်သည်။

ဆန္ဒဖော်ထုတ်သူအယောက်(၂ဝ)မှာ တစ်ယောက်နှင့်တစ်ယောက်မသိပဲ အွန်လိုင်းမှ တွေ့ရှိကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ခွင့်ပြုမိန့်လျှောက်သူ (၄)ဦးသာ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

'' ဆန္ဒဖော်ထုတ်ခွင့် အမိန့်မကျပဲနဲ့ လုပ်သလိုဖြစ်သွားပြီးတော့ ပုဒ်မ (၁၈)နဲ့ အရေးယူမယ် ဆိုပြီးတော့ အကြမ်း စွဲထား တာပေါ့နော်။ (၁၃)ရက်နေ့က အာမခံရတယ်။

 (၁၆)ရက်နေ့ကို စမ်းချောင်းမြို့နယ် တရားရုံးမှာ ရုံချိန်းပေးထားတယ်။
 ''ဟု မဆွေဇင်အိက ဆက်ပြောသည်။

(မြစ်မခမီဒီယာ)

ရွှေမြန်မာ

No comments:

Post a Comment