Thursday 16 August 2012

ဒုတိယ သမ္မတသစ် ဦးဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်


ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးဥာဏ်ထွန်းက ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က
သတင်းပေးပို့သည်။

ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့  တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြောက် ခံရသူ ဦးဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အမှတ်စဉ် ( ၁၆ ) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် အမှတ်စဉ်မှာ (ရေ - ၁၁၉၆ )ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ ) ရာထူး၌ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

သစ်ထူးလွင်

No comments:

Post a Comment