Thursday, 16 August 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီး
ပွားရေးလုပ်ငန်းစု( AmCham Singapore
Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့်ပတ်သက်၍
သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်
ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွေက် မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်း
တာဝန်ရှိသူများ နှင့် သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော် တို့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၎င်းလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့် မြန်မာနိုင်ငံပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့် ပိုမိုသက်သောင့်သက်သာဖြစ်စေရန် ပွင့်လင်းမြင်သာသော ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn) ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

Popular Myanmar News Journal

သစ်ထူးလွင်

No comments:

Post a Comment