Thursday 16 August 2012

စစ်ကိုင်းတွင် ကျောင်းအုပ်က ကျောင်းသူများကို မဖွယ်မရာပြုမှု အမှုဖွင့် တိုင်ကြား

စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်း မြို့နယ် ဆင်ကျွန်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း ကျောင်းအုပ် ကြီးက ကျောင်းသူ ကလေးငယ်များ အပေါ် မဖွယ်မရာ ကိစ္စများ ကျုးလွန် သဖြင့် အဆိုပါ ကျေးရွာရှိ ရပ်မိရပ်ဖများ က ယင်းကျောင်းအုပ်ကြီးကို မှုးကန်
ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆင်ကျွန်ကျေးရွာရှိ ဒေသခံများက The Voice Weekly သို့ ပြော ကြားသည်

 ယင်းအခြေခံ ပညာမူလတန်းကျောင်း မှ အသက် ၁၀ နှစ်၊ ၁၂ နှစ်အရွယ် ကျောင်းသူကလေးများကို ကျောင်းအုပ်ကြီးက ရုံးခန်းသို့ခေါ်ကာ ဆံပင်ဖြူနုတ် ခိုင်းကြောင်း၊ ထို့နောက် ကျောင်းသူ လေးများ၏ ထမီ၊ စကတ် စသည်တို့ကို ဆွဲချွတ်ကာ မသင့်လျော်သော နေရာ များကို လက်ဖြင့် ကိုင်တွယ်ကြောင်း၊ ထိုကဲ့သို့ ကျုးလွန်ပြီးနောက် ကလေးငယ်များအား ခြိမ်းခြောက်ကြောင်း သက် ၁၂ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။


''သမီးတို့ အခန်းထဲမှာ ကျောင်းသား၊ ကျောင်းသူခြောက်ဆယ်လောက် ရှိတယ်။ ဆရာကြီး အဲဒီလို အလုပ်ခံရတဲ့ ကျောင်းသူ တော်တော်များတယ်။

သမီး ကိုတော့ လွန်ခဲ့တဲ့ တစ်လကျော် (၇ လ ပိုင်း) က သူအိပ်တဲ့ ခုတင်ပေါ်မှာ အဲဒီလို အလုပ်ခံရတယ်။ သူများတွေကို အဲဒါတွေပြောရင် သမီးကို ရိုက်မယ်၊ အိမ်ကိုလည်း မီးရှို့မယ်လို့ပြောလို့ သမီး လည်းကြောက်လို့ ဘယ်သူ့ကိုမှ မပြော ခဲ့ဘူး'' ဟု ၎င်းက The Voice Weekly သို့ တုန်ယင်စွာဖြင့် ဆိုသည်။

ယင်းကျောင်းအကျိုးဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးလှမောင် က မိမိတို့အနေဖြင့် ထိုကိစ္စကို သိသိ ချင်း မြို့နယ်ပညာရေးမှုးရုံးသို့ တရားဝင် စာတင်ကာ တိုင်တန်းခဲ့သဖြင့် Board ဘုတ်အဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ ကြောင်း၊ စစ်ဆေးနေစဉ်အတွင်း ကျောင်းအုပ်ကြီးနှင့် ကလေးငယ်များ အား ခေါ်ယူ စစ်ဆေး သောအခါ ကျောင်းသူလေးများသည် ဆရာအား ကြောက်ရွံ့သောကြောင့် မျက်နှာချင်း ဆိုင် စစ်ဆေးခံရသည့်အခါ ရဲရဲဝံ့ဝံ့ မပြောရဲကြောင်း၊

ထို့ကြောင့် လူခွဲစစ်ပေး ရန် တောင်းဆိုခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူးက သဘောတူသဖြင့် လူခွဲစစ်ခဲ့ ပြီး ကျောင်းသူလေးများ၏ မှတ်ချက်ကို ယူနေစဉ်တွင် ထိုကျောင်းအုပ်ကြီးက ၎င်းသည် အမှုသည်ဖြစ်သောကြောင့် မျက်နှာချင်းဆိုင် စစ်ခွင့် ရှိကြောင်း၊

ဤကဲ့သို့ လူခွဲ စစ်ဆေးချက်အား ကန့်ကွက်ကြောင်း မြို့နယ်ပညာရေးမှူး ထံသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် မြို့နယ်ပညာရေးမှူးက တရားမ၀င် ကြောင်းပြောဆိုကာ စစ်ချက်များအား အတည်မယူကြောင်း ပြောဆိုခဲ့သဖြင့် ထိုစစ်ဆေးချက်များကို ပလပ်ခဲ့ကြောင်း ဦးလှမောင်က ပြောကြားသည်။

ကျောင်းအုပ်ကြီးသည် အသက် ၄၅ နှစ်အရွယ်ရှိပြီး အိမ်ထောင်ရှိကာ သားသမီးနှစ်ဦးရှိကြောင်း၊ ကျောင်း အုပ်ကြီး၏ မဖွယ်မရာပြုလုပ်ခံ ခဲ့ရသော ကလေးငယ်များ ယခုအချိန်ထိ အတိအကျ သိရသည်မှာ ဆယ့်နှစ်ဦးခန့်ရှိပြီး ထပ်မံ၍ စုံစမ်းနေဆဲဖြစ်ကြောင်း ကျောင်းအကျိုးဆောင် ကော်မတီဝင် တစ်ဦးကဆိုသည်။

ထို့ကြောင့် ယခုအခါ မှုးကန် တိုက်နယ်ရဲစခန်းသို့ ဆက်လက်တိုင် တန်းထားပြီး ရဲစခန်းက ၎င်းတို့ကျောင်း သို့ လာရောက် စစ်ဆေးသည်မှာ နှစ်ရက် ရှိပြီဖြစ်ကြောင်း၊ မည်ကဲ့သို့ ဆက်လက် အရေးယူမည်၊ လုပ်ဆောင်မည် စသည် တို့ကိုမူ မသိရှိရသေးကြောင်း ကျောင်း အကျိုးဆောင် ကော်မတီဝင် တစ်ဦးဖြစ် သူ ဦးလှမောင် The Voice Weekly သို့ ထပ်မံပြောကြားသည်။

The Voice Weekly


ရွှေမြန်မာ

No comments:

Post a Comment