Monday 1 October 2012

ယုဇနဆီအုန်းစက်ရုံ နှင့် ပတ်သက်၍ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အယူခံလွှာကို ပလပ်ကြောင်းသိရ


ယုဇနဆီအုန်းစက်ရုံနှင့် ပတ်သက်၍ ရပ်ကွက်ပြည်သူအများငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် အယူခံလွှာကို ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးက ပလပ်လိုက်သည့်အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ဆီအုန်းစက်ရုံမှ ပြာမှုန်နှင့် အနံ့ဆိုး ညစ်ညမ်းဆေးထွက်ပစ်္စည်းများ လူနေရပ် ကွက်အတွင်းထုတ်လွှတ်နေသည့်ကိစ်္စနှင့် ပတ်သက်၍ ၁၅.၉.၂၀၁၂ နေ့တွင် စက်ရုံပိုင်ရှင်ဦးဌေးမြင့်နှင့် ရပ်ကွက်ပြည် သူများတွေ့ဆုံပွဲတွင် ဦးဌေးမြင့်ဘက်မှ တိကျနေရာသော ကတိက၀တ်မရရှိသည့် အတွက် ရပ်ကွက်ပြည်သူအများကငြိမ်း ချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ပြုရန် ၁၇.၉.၂၀၁၂ နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့လျှောက်ထားခဲ့ ကြသည်။
သို့သော် ယင်းလျှောက်ထားမှုကို သာကေတမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံး၏ ၁၉.၉.၂၀၁၂ ရက်နေ့စွဲပါ အမိန့် (အမှတ်စဉ် ၁/၂၀၁၂) ဖြင့် ငြင်းပယ်ခံ ခဲ့ရသည်ဟု သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်ရ သည့်အကြောင်းကို ဖော်ပြရာ၌- သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး၏ ၂၃.၇.၂၀၁၂ ရက်နေ့စွဲပါဒေသန္တရအမိန့် အပိုဒ် ၁ (ဆ) (ဇ)နှင့် ညီညွတ်မှုမရှိ ကြောင်း၊ လျှောက်ထားရာ၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ပြုရန် (၅) ရက်တင်ပြထားရာ ဒေသန္တ ရအမိန့်အပိုဒ်ခွဲ (ဆ)၌ တစ်ကြိမ်ခွင့်တောင်း ပါက (၁) ရက်သာခွင့်ပြုမည်။ အပိုဒ်ခွဲ (ဇ) ခွင့်ပြုချက်ကို (၁) ရက်ချင်းသာ တောင်းခံရမည်ဟုထုတ်ပြန်ထားပြီးဖြစ်၍ ဒေသန္တရအမိန့်နှင့် ညီညွတ်မှုမရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။
ထို့ပြင်စီတန်းလှည့်လည်ခွင့်လမ်း ကြောင်းပြမြေပုံများအရစီတန်းလှည့်လည် မည့်အချိန်နှင့် လမ်းများသည်ကျောင်း တက်၊ ကျောင်းဆင်းချိန်များဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ စက်ဘီးများ၊ ယာဉ်များအသွားအလာရှုပ်ထွေးသည့် အချိန်ကာလနှင့် တိုက်ဆိုင်လျက်ရှိသဖြင့် လမ်းသွားလမ်းလာပြည်သူများကို အနှောင့်အယှက်၊ အဟန့်အတားလမ်း ပိတ်ဆို့မှုများဖြစ်လာနိုင်ကြောင်း။
၎င်းအပြင်စုရပ်နေရာအမကကျောင်း ရှေ့တွင် လူအင်အား (၃၀၀) ခန့်ဖြင့် ကြွေးကြော်သံများသံပြိုင်ရွတ်ဆိုအော် ဟစ်ပါက ကလေးသူငယ်များအထိတ် တလန့်ဖြစ်စေနိုင်သည့်အပြင် စာပေသင် ကြားရေးတွင်လည်း အနှောင့်အယှက် အဟန့်အတားဖြစ်စေနိင်သည်ဟုသုံးသပ် တွေ့ရှိရပါကြောင်း၊ ဤအချက်မှာ ငြိမ်းချမ်း စွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၂ (က) (၈)တို့နှင့် ငြိစွန်းသည့်ပြင်ဒေသန်္တရအမိန့် ၏ အပိုဒ်ခွဲ (န) နှင့်လည်း ညီညွတ်မှုရှိပါ ကြောင်း။
ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်း နှင့် စပ်လျဉ်း၍ဥပဒေပုဒ်မ (၉) အရ အယူခံဝင်နိုင်ကြောင်း အသိပေးပါသည် ဟု ဖော်ပြထားသည်ကိုတွေ့ရှိရသည်။
“ကျွန်တော်တို့လျှောက်ထားတာကို ဒေသန္တရအမိန့်နဲ့ ငြိစွန်းနေတယ်ဆိုလို့ ကျွန်တော်တို့ အရမ်းအံအားသင့်မိတယ်။ ဒေသန္တရအမိန့်ထုတ်ပြန်ထားတယ်ဆိုတာ ကျွန်တော်တို့လုံးဝမသိခဲ့ပါဘူး။ ကျွန်တော် တို့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစန်းမင်းနဲ့ ကလျှောက်လွှာမတင်ခင်ကတည်းကတွေ့ နေတာပဲ။ ဒီအကြောင်း ဘာမှပြောမသွား ဘူး။ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီလျှောက်လွှာ သွားတင်တော့လည်း ခေတ္တမြို့နယ်မှူး ကလည်း ဒီအကြောင်းသတိပေးတာမရှိ ဘူး။ သူ့ရုံးမှာလည်း ကပ်ထားတာမတွေ့ ခဲ့ဘူး။ အခုဒေသန္တရအမိန့်နဲ့ ငြိစွန်းလို့ ပယ်တယ်ဆိုတော့ဒါမရိုးသားဘူးဆိုတာ ပြနေတယ်”ဟု ဦးဆောင်အဖွဲ့တွင် ပါဝင် သူတစ်ဦးကပြောသည်။
ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွင် ယခင်ကအမိန့်စာပေးပို့ထား ခြင်းရှိ/မရှိမေးမြန်းကြည့်ရာ၎င်းင်းကပင် “ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းမသိဘူး။ ကျွန်တော်တို့လျှောက်လွှာငြင်းပယ်တဲ့နေ မှာ အမိန့်စာလာပို့တော့မှ သိသွားတာပဲ” ဟုပြောဆိုသည်။
ဦးဆောင်အဖွဲ့ကဒေသန္တရအမိန့်နှင့် အညီထပ်မံအသစ်ရေးဆွဲလျှောက်ထား သော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက လက်ခံထားပြီးမှ ပြန်ပေးသည်ဟုဆိုသည်။ ထို့ကြောင့် အယူခံလွှာကို ၂၁.၉.၂၀၁၂ နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးသို့လူကိုယ်တိုင်သွားတင်ခဲ့သော်လည်း လက်မခံဘဲ စာတိုက်မှ ပေးပို့ရန်ပြော သဖြင့် စာတိုက်ကြီးမှ တစ်ဆင့်အယူခံ တင်လိုက်ရကြောင်း သိရသည်။
၂၅.၉.၂၀၁၂ နေ့တွင် ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ၎င်းင်းရက်စွဲဖြင့် အယူခံလွှာကို ပလပ်သည့်အမိန့် (အမှတ် စဉ် ၅/၂၀၁၂)ဖြင့် ပလပ်လိုက်ကြောင်း အမိန့်စာကိုဦးဆောင်သူဦးစိန်းလှိုင်နေအိမ် သို့ ညနေ ၅ နာရီတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့ မှူးကြီးကိုယ်တိုင်လာရောက်ပေးအပ် ကြောင်း စုံစမ်းသိရှိရသည်။
အယူခံပလပ်ခံရမှုနှင့် ပတ်သက်၍ ဦးဆောင်အဖွဲ့က “အခုလို ပလပ်မယ်ဆို တာနဂိုကတည်းကမျှော်လင့်ထားပြီးသား မို့ မအံ့သြပါဘူး။ သို့သော်မြို့နယ်အုပ်ချုပ် ရေးအာဏာပိုင်တွေအနေနဲ့ သူတို့ကို ကိုယ်တိုင်ဒီအနံ့ဆိုးကို ခံစားနေလျက်နဲ့ ပြည်သူ့လစာစားပြီး ပြည်သူဘက်က မရပ်တည်တာကိုတော့ အများကြီးအံ့သြ သွားမိတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို အတော်စိတ်ပျက်သွားတယ်”ဟုပြောသည်။
အခြားတစ်ဦးကလည်း “မြို့နယ်အုပ် ချုပ်ရေးမှူးကိုယ်တိုင်မီဒီယာတွေနဲ့ တွေ့ ဆုံစဉ်ကပြောသွားတာပဲဟာ။ ကျွန်တော် ကိုယ်တိုင်လည်း ပြည်သူပါပဲ။ ကျွန်တော် လည်းဒီအနံ့ကို ခံစားနေရပါတယ်။ ဒီလို အနံ့ဆိုးထွက်တဲ့ စက်ရုံမျိုးကတော့ ပြည်သူတွေရဲ့ ပတ်ဝန်းကျင်မှာ မရှိသင့် တော့ပါဘူး။ ကျွန်တော်အနေနဲ့ လူထု ဘက်ကလျှောက်ထားလာခဲ့ရင်ခွင့်ပြုသည် ဆိုတဲ့စကားလုံးလေးသုံးလုံးရေးပေးလိုက် တာပဲလို့ လူတွေကြားထဲမှာပြောသွားခဲ့ တာပဲ။ အခုတော့ ဘယ်လိုစိတ်ပြောင်း သွားသလဲမသိဘူး”ဟု ပြောသွားခဲ့သည်။
ဥပဒေပညာရှင်တစ်ဦးကလည်း “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မိမိ၏ ယုံကြည်ချက်ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လက်နက်မပါဘဲ စီတန်းလှည့်လည်ခွင့် ဆိုတဲ့ နိုင်ငံသားမူလအခွင့်အရေးကို ဟန့်တားပိတ်ပင်လိုက်တာပဲ”ဟု သုံးသပ် ဝေဖန်သွားခဲ့သည်။
သာကေတမြို့နယ်စာရေးဆရာ အသင်းမှ စာရေးဆရာတစ်ဦးကလည်း “ကျွန်တော်တို့လည်း ဆီအုန်းစက်ရုံဘေး ထွက်ဆိုးကျိုးကို ကိုယ်တိုင်ခံစားနေရတော့ ပြည်သူတွေနဲ့ အတူပူးပေါင်းပါဝင်သွား မှာပါ။ ဒီကိစ္စကို အမှန်တရားဘက်ကရပ် တည်ပြီး မီဒီယာသတင်းစာမျက်နှာပေါ် ကနေ တင်ပြပေးသွားမယ်။ မြို့နယ် မဏ္ဍိုင်သုံးရပ်အနေနဲ့ ယိမ်းယိုင်နေမယ် ဆိုရင် စတုတ္ထမဏ္ဍိုင်တစ်ရပ်အနေနဲ့ ထောက်ပြဝေဖန်ဖော်ထုတ်ပေးသွားမယ်” ဟု အတိအလင်း ပြောကြားသွားခဲ့ပါသည်။

ဖေသောရီ

By Hot News Weekly

Photo - Aye Chan Mon

No comments:

Post a Comment