Monday 1 October 2012

ရင်းနှီးမြှုပ်နှံမှု လူထုကို ချပြပြီးမှသာ လက်ခံသင့်ဟု ၈၈ မျိုးဆက်ဆို


ရင်းနှီးမြှုပ်နှံမှု လူထုကို ချပြပြီးမှသာ လက်ခံသင့်ဟု ၈၈ မျိုးဆက်ဆိုနောက်နောင် တိုင်းပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုများကို ခွင့်ပြုမည် ဆိုလျှင် ပြည်သူ လူထုသို့ အသိပေးချပြပြီးမှသာ လက်ခံဆောင် ရွက်ခွင့်ပြု ရမည်ဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက
ပြောသည်။ ယင်းသို့ ပြုလုပ်ရာ တွင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကို
 လက် မခံမီ ဒေသခံ လူထု၏ အကျိုးစီးပွား၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသား အကျိုး စီးပွား အရေးတို့ ကို ချိန်ထိုး စဉ်းစားပြီးမှ သာ ပြည်သူ လူထု လက်ခံနိုင် စွမ်း ရှိ မရှိကို အသိပေး၍ လူထု၏ ဆုံးဖြတ်ချက် ကို ရယူပြီးမှသာ ရင်းနှီးမြှုပ်နှံမှုများ ကို ခွင့်ပြုဆောင်ရွက် ခွင့်ပေးရမည် ဖြစ်ကြောင်း ကိုဂျင်မီက ပြောကြား သည်။ ထိုသို့ ပြောကြားရခြင်းမှာ လည်း ဖြစ်ပျက် ခဲ့ပြီးသည့် အရေး ကိစ္စများနှင့် ဖြစ်ပျက်ဆဲ အရေးများ ၏ အခြေ အနေ များကို သုံးသပ်၍ ပြောကြားခြင်းဖြစ်သည် ဟု ၄င်းက ဆိုသည်။
”ဒါတွေဟာ စစ်အစိုးရ လက် ထက်မှာ ချုပ်ခဲ့တဲ့ စာချုပ်တွေ ကြောင့်ဖြစ်တာ။ အဲဒီတုန်း ကလည်း ဘာတွေကို ဘယ်လိုချုပ် ခဲ့တယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ရဘူး။ အဲဒါကြောင့် ဒီမိုကရေစီ အစိုးရလက် ထက်မှာတော့ ပြည်သူပြည်သား တွေ သိခွင့်ရှိသလို မေးခွင့်လည်း ရှိတဲ့ အတွက်ကြောင့် သက်ဆိုင်ရာနဲ့ လွှတ်တော်ကို မေးမြန်း စုံစမ်းရမယ်။ အဲဒါကိုလည်း အစိုးရ က ရှင်းကို ရှင်းရမယ်။ မရှင်းလို့ မရဘူး။ မရှင်း ရင် အမျိုးသား အကျိုး စီးပွား ဆိုတာ ဘာလဲ ဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်လာလိမ့်မယ်”ဟု ကိုဂျင်မီက ပြောကြားသည်။ လက်ရှိအနေအထားတွင် ယခင်အစိုးရ၏ မပွင့်လင်း ခဲ့သည့် လုပ်ဆောင် ချက် များကြောင့် လက် ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်နေပြီး ယင်းအရေး ကိစ္စကို အစိုးရ အနေဖြင့် လျင်မြန်စွာ ကိုင် တွယ်ဖြေရှင်းမှု မပြုလုပ်လျှင် ယခု အရေးမှာ မြစ်ဆုံပြဿနာ ကဲ့သို့ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အရေး ဖြစ်ပေါ် လာနိုင်ကြောင်းကို ပြည်တွင်းနိုင်ငံရေး သမားများက ပြောကြားကြသည်။ ယခင်စစ်အစိုးရနှင့် ချုပ်ဆိုခဲ့မှု အရ ယခု လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအခြေအနေ မှာ ယခုအခါ စီမံကိန်းအနီးရှိကျေး ရွာများမှ ဒေသခံများ၏ လယ်ဧက ၇၈ဝဝ ဝန်းကျင်ကို သိမ်းဆည်း ထားပြီး ကျေးရွာ ၄ ရွာကို နေရာ ပြောင်းရွှေ့ရန် သက်ဆိုင်ရာကုမ္ပဏီ မှ ညွှန်ကြားထားသည့် အတွက် ဒေသခံပြည်သူများမှာ မကျေနပ်ဘဲ ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြု လုပ်နေကြသည်။
”ဒီအနီးနားက ဒေသခံအကုန် လုံးက ဒီတောင်ကို အမှီပြုပြီး လုပ် ကိုင် စားသောက်နေရတာမှာ ဒီ တောင်မှာ အလုပ်လုပ်ခွင့်မပေး တော့ ကျွန်မတို့ရဲ့ စားဝတ်နေရေး က အဆင်မပြေတော့ဘဲ အခက် အခဲတွေ တော်တော်ဖြစ်နေရပါ တယ်” ဟု စီမံကိန်းရပ်ဆိုင်းရေး အတွက် ဆန္ဒဖော်ထုတ်၍ အဖမ်းခံ ရရာမှ ပြန်လည်လွတ်မြောက်လာ သည့် ဝက်မှေးကျေးရွာသူ မအေး နက်က ပြောပြသည်။ ယင်းသို့ သော အခြေအနေတွင် ကုမ္ပဏီက လယ်စိုက်ချိန်တွင် လယ်စိုက်ခွင့် မပေးသလို မွေးမြူ ရေးသမားများ၏ တိရစ္ဆာန် များအတွက် စားကျက်မြေတောင်ပေါ်သို့ လည်း တက်ရောက်ခွင့် မပြုသည့် အတွက် ယင်းကျေးရွာများ မှ ဒေသ ခံများ၏ အလုပ်အကိုင်နှင့် စားဝတ် နေရေး အခြေအနေမှာ အဆိုးရွားဆုံး အခြေ အနေနှင့် ရင်ဆိုင်နေရသည် ဟု မအေးနက်က ထပ်လောင်းပြော ပြသည်။ယင်းသို့သော ဒေသခံပြည်သူ များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ဒုက္ခများကို ကျော်လွှား နိုင်ရန်အတွက် ကိုလည်း ၈၈ မျိုး ဆက်ကျောင်းသား များ အဖွဲ့က အများပြည်သူ အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုကို ယခုလ အတွင်း ပြုလုပ်မည်ဟု ကိုဂျင်မီက ပြောကြားသည်။

By ရိုးရာလေး

No comments:

Post a Comment