Monday 1 October 2012

Facebook တွင် Dropbox ဖိုင်များ ဝေမျှအသုံးပြုနိုင်မည်


Facebook အသုံးပြုသူများသည် Dropbox ဝန်ဆောင်မှုတွင် သိုလှောင်ထားသည့် content များကို Facebook group များတွင် ဝေမျှနိုင်မည်ဖြစ်ကြောင်း Facebook နှင့် Dropbox ကုမ္ပဏီတို့မှ ကြေညာခဲ့သည်။

Facebook အသုံးပြုသူများသည် ၎င်းတို့၏ Dropbox acccount များကို ချိတ်ဆက်လိုက်ရုံနှင့် ၎င်းတို့၏ homepage တွင် icon တစ်ခုပေါ်လာမည်ဖြစ်ပြီး ၎င်းကို နှိပ်ရုံဖြင့် Dropbox မှ document များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဝေမျှနိုင်မည်ဖြစ်သည်။ Facebook group နှင့်ဝေမျှလိုပါက group page ရှိ Add File ကိုနှိပ်ပြီး ပြုလုပ်နိုင်သည်။

Dropbox အင်ဂျင်နီယာ Chris Varenhorst က Facebook အသုံးပြုသူများအနေဖြင့် ယခုအခါ ၎င်းတို့၏ လေ့လာမှုများကို note များဖြင့် group တွင် ဝေမျှခြင်း၊ မည်သည့် နေရာမှမဆို မွေးနေ့ဗီဒီယိုကို မိသားစုထံ လျင်မြန်သည့်နည်းလမ်းနှင့် ဝေမျှခြင်းစသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း blopg post တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

Facebook wall ပေါ်ရှိ အဆိုပါ content ကို စမတ်ဖုန်းနှင့် tablet ပေါ်မှလည်း ကြည့်ရှုနိုင်မည်ဟု သိရသည်။ ထို့အပြင် ၎င်းကို Facebook Group များရှိ အခြား post များကဲ့သို့ like ပြုလုပ်ခြင်း၊ comment ရေးခြင်းနှင့် group များအကြား ဝေမျှမှုတို့ကို ပြုလုပ်နိုင်ပြီး Dropbox ရှိ content များကိုလည်း Facebook ပေါ်မှ ပြင်ဆင် ကာ update ပြုလုပ်နိုင်မည်ဟု သိရသည်။

Ref: ComputerWorld

By Internet Journal

No comments:

Post a Comment