Monday 1 October 2012

ရန်ကုန်မှ ဒလပြေးဆွဲသော စက်တပ် သမ္ဘာန်တစ်စီး တိမ်းမှောက်


ရန်ကုန်မှဒလ သို့ပြေးဆွဲသော ခရီးသည်(၈)ဦးပါစက်လှေတစ်စီး အောက်တိုဘာ၁ရက် နံနက်၈နာရီ ကျော်က နစ်မြုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်လှေသည်  ပန်းဆိုးတန်းမှဒလဘက်ကမ်းရှိဈေးဆိပ်
သို့ထွက်ခွာစဉ်စက်လှေပန်ကာကိုဒိုက် ပတ်ပြီး ရေစီးနှင့် မျှောပါကာ ကမ်းတွင်ကပ်ထားသော သင်္ဘောနှင့် တိုက်ကာတိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်များ က ပြောသည်။

''ကျွန်တော်တို့သမာန်ပေါ်မှာလူရှစ် ယောက်ပါပါတယ်  တစ်ယောက်မှာ ဘာမှမဖြစ်ပါဘူး။ အားလုံး ကို ကယ်တင်  နိုင်ခဲ့ ပါတယ်။ သူတို့တွေ စိတ်ချမ်း သာအောင်ဆေးခန်းကို လိုက်ပို့ခဲ့ ပါ တယ်''ဟု ကမာ အောင် ချောင်း စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်နီကပြောသည်။

ယင်းစက်လှေတွင်အမျိုးသား ခြောက်ယောက်နှင့် အမျိုးသမီး တစ် ယောက်နှင့် သုံးနှစ်အရွယ် ကလေး ငယ်တစ်ဦး  စုစုပေါင်းရှစ်ဦးပါဝင်ခဲ့ပြီး အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရ သည်။ အသက် ၄၇ နှစ် အရွယ်ဒေါ်စိုးစိုးဦးက ''နာဂစ်တိုက်ပြီးနောက်ပိုင်း ဒါမျိုးတစ် ခါမှမမြုပ်ဖူးဘူး။ အခုမြုပ်တဲ့စက် လှေကိုမောင်းတဲ့လူက  လက်ခတ် သမ္မာန် ခေတ်က တည်း ဆွဲလာတာ။ တော်တော် ကျွမ်းကျင် တဲ့လူပါ''ဟု ပြောသည်။

အဆိုပါစက်လှေမှာဒိုးကလေးစက် လှေ (၂/၃၂)ဖြစ်ပြီးမောင်းသူမှာ ဦးသိန်းစိန်ဖြစ်ကြောင်း သိရသည်။  ယင်းနှင့်ပတ်သက်ပြီး ဆိပ်ကမ်းမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''အခု ကျွန်တော် တို့ စက်လှေ မောင်း တဲ့ သူကို မဆင်မခြင်မောင်း  နှင်မှုနှင့် အမှု ဖွင့်ထားပါတယ်''ဟု ပြောသည်။  

ဒလမြို့နယ်တွင် စက်လှေဂိတ် ၁၁ ဂိတ်ရှိကာစက်လှေပေါင်း ၅၀ဝကျော်ရှိ ပြီးယခုမှောက်သော စက်လှေ ဂိတ်တွင် စက်လှေအစီးရေ  ၁၈ဝရှိကြောင်း သိ ရသည်။  

By Yangon Media Group

No comments:

Post a Comment