Monday 1 October 2012

၈၈ မျိုးဆက် မြန်မာပြည်အလယ်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်စတင်


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး ၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း၊ မစန်းစန်းအောင်၊ မနုနုအောင် အပါအဝင်
စုစုပေါင်း (၁၅) ဦး ပါဝင်တဲ့အဖွဲ့ဟာ အောက်တိုဘာလ တစ်ရက် ဒီနေ့ကစတင်ပြီး မြန်မာပြည်အလယ်ပိုင်းက မြို့(၈) မြို့ကို ငါးရက်ကြာ ခရီးထွက်ခွာမယ်လို့ သိရပါတယ်။

မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်နဲ့ ယင်းမာပင်စတဲ့ မြို့ရှစ်မြို့ကို ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေးခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကြောင်းကိုလည်း အလေးပေး ပြောကြမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက RFA ကိုပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဖော်ဆောင်ရေး ခရီးစဉ်တိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်ပြီး ဖြစ်အောင်လည်းပဲ ကြိုးစားနေတယ်လို့ ဦးမြအေးက ပြောပါတယ်။

By ခေတ်သတင်း

No comments:

Post a Comment